ရည်းစားဟောင်းက ငါ့ကိုပြန်လိုက်မယ်တဲ့

9.1K 789 96
                                    

ကိုရီးယားစံတော်ချိန် ညနေလေးနာရီထိုးနေပါပြီ။ ဒီအချိန်ထိ စာအုပ်စင်ကိုဖုန်သုတ်နေရတာကြီးကတော့ အတည့်ကြည့်ကြည့် ဇောက်ထိုးကြည့်ကြည့် မျှတမှုမရှိ။
တီချယ်ပြောတဲ့ ၃ တန်းပဲရှိတဲ့စာကြည့်တိုက်က စင်၄စင်ဆက်ထားတယ်ဆိုတာဘာလို့ချန်ထားကြတာလဲ။ ကင်မ်ထယ်ယောင်းတော့ ဒီနေ့ကျောင်းမှာများ စာကြည့်တိုက်သရဲဘာညာ​ခြောက်တာခံရတော့မလားပါပဲ။

အခြောက်ခံရရင်တောင် သူကတစ်ယောက်တည်းပျင်းစရာ​ကြီးရယ်။ ပတ်ဂျီမင်းတို့ကိုများအားကိုးလိုက်ရင် ငါးပါးမကပဲ ဆယ်ပါးလောက်မှောက်သွားရလိမ့်မယ်။ အခုပဲကြည့် စိတ်ကောက်ချင်​ယောင်ဆောင်ပြီး စာကြည့်တိုက်ထဲထိဒရမ်မာလာရိုက်နေပါတယ်။ ဒါကို မင်ယွန်းဂီကလည်းသိသိကြီးနဲ့ တကောက်ကောက်လိုက်ချော့ရှာတယ်။ အော် အနိစ္စ ဂျွန်ဂျောင်ဂု အနတ္တ။

ကံကြမ္မာဆိုတာကချိုတစ်လှည့်ခါးတစ်လှည့်တဲ့။ ဒါပေမယ့် အခု​တော့ဖြင့်သူ့ကံကြမ္မာကြီးက ဖန်တွတ်နေရော။သူ့ခမျာ တစ်ယောက်တည်း Airpod လေးတက်ပြီး ဖုန်သုတ်နေရတယ်။

တော်သေးတာပေါ့။ Jk ရဲ့ Still with u လေးက သူ့ကိုအဖော်ပြုပေးနေလို့ ။ Bangtan Boys ထဲမှာ သူအကြိုက်ဆုံးက Jk ပဲ။ အသံပါဝါက perfect ရုပ်ကလည်း တကယ့် BF material ကြီး။ ဖြစ်နိုင်ရင် ယောကျ်ားပါတော်ပစ်ပြီး နေ့တိုင်းစားခိုင်းချင်တာ။
ဒါပေမယ့်လည်း Jk ကသူ့ရဲ့ဖြစ်တည်မှုကိုတောင် သိတာမဟုတ်။ပိုဆိုးတာက သူ့ဘစိဟာ V မျက်နှာတစ်ကမ္ဘာ။

ဂျီမင်းကတခါတလေ ပြောပါသေးတယ်။ သူ့ရည်းစားဟောင်းကြီးက Jk နဲ့တူတယ်တဲ့။
တူစရာအကြောင်းပိစိသေးသေးတောင်မရှိ။ ဂျွန်ဂျောင်ဂုကဒီလောက်ဖင်ခေါင်းကျယ်တာ။ ပမာခိုင်းနှိုင်းရရင် နံ့သာဆီနဲ့အီး။ ဂျွန်ဂျောင်ဂုကရိုးရိုးတောင်မဟုတ်ဘဲ ကြောင်အီအီး။ ပျော့ပျော့လေးနဲ့ နံချက်ကလန်ထွက်နေရော။

Repeatedလုပ်ထားတဲ့Still with u လေးလိုက်ညည်းရင်း ရည်းစားဟောင်းမကောင်းကြောင်းလည်းတွေးဖြစ်တယ်။ ဒါကဂျွန်ဂျောင်ဂုကိုလွမ်းနေတာ ဘယ်နည်းနဲ့မှမဟုတ်ပါဘူး။

"ဟ.."

ရုတ်တရက်Airpod ကိုဆွဲအဖြုတ်ခံလိုက်ရတာကြောင့် လူကFeelရတာတောင် တဝက်တပျက်ကြီးကျန်ခဲ့တယ်။ ဒီလိုအပြုအမူကို ပုဒ်မရော ပုဒ်ထီးရော ပုဒ်ကလေးရော ရှိသမျှအကုန်ထည့်ပြီးတရားစွဲသင့်တယ်။ ရာရာစစဘယ်သူ့ဒေါသကိုလာစွရဲတာပါလိမ့်။ စိတ်ထဲမှာအပီအပြင်ကောဖို့ Plan AကနေZအထိအကုန်စီစဥ်ပြီး။

We're Ex-boyfriends [Edited Version]Where stories live. Discover now