ရည်းစားဟောင်းက Made in Koreaကင်မ်ချီ

10.6K 900 45
                                    

ရှေ့ကနေ လှုပ်တုတ်တုတ်သွားနေတဲ့ ရည်းစားဟောင်းလေးကို အမှီလိုက်အပီကြိုက်ဖို့ ဂျောင်ဂုဟာ အားသွန်ခွန်စိုက် ပြေးစရာမလိုလိုက်ပေ။
မာမီမွေးကတည်းက အပြေးမြန်တဲ့အကွေးသန်။ ခြေတံကလည်းသူများတကာတွေလို တိုတိုတုတ်တုတ် မုန်လာဥမဟုတ်။ ကိုယ်တွေက ​ဟိုဟာရှည်သလို ​ခြေတံလည်းရှည်။

"ဟေး.. ကင်မ်ထယ်ယောင်း"

​​ဂျောင်ဂုက လက်ကိုပြေးဆွဲတော့ ဟိုကမျက်စောင်းတစ်ချက်ထိုးပြီးလက်ကိုခါချပါတယ်။
ဟာ ထိသွားပြီ။ ကင်မ်ထယ်ယောင်းထိုးသမျှဟာတွေက သူ့နှလုံးသားထဲကို ဒဲ့ဝင်တာ။ ဘာလဲကွာ တကယ်ပါပဲ။

"ဘာတုန်း.. ငါ့လက်ကိုလွှတ်စမ်းပါ"

"အတူတူသွားမယ်"

ထယ်ယောင်းက ဂျောင်ဂုဆီကိုဒိုင်းခနဲထပ်ကြည့်တယ်။ ကြည့်ချင်လို့ကြည့်တာမဟုတ်ဘူး။ ချောလို့ကြည့်တာ။
ချောလို့ကြည့်တာလည်းမဟုတ်ဘူး။ဒီလိုကောင်မျိုး Buy 1 Get 1 ရရင်တောင် သူမဝယ်ချင်တော့ပါ။
ရည်းစားဟောင်းဆိုတာမျိုးက Made in Korea လို့တံဆိပ်တပ်ထားတဲ့ ကင်မ်ချီလိုပဲ။ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ချဥ်ဖက်ကြီးဖြစ်သွားရော။

"မလိုပါဘူး ငါ့ဟာငါ သွားတတ်တယ်"

တကယ်တော့ ကျောင်းကနေလစ်တာက လွယ်တယ်။ မင်ယွန်းဂီရဲ့ Lamborghiniပေါ် ဖင်လေးတင်လိုက်ရုံပဲ။ သူနဲ့ဂျီမင်းက တစ်လမ်းလုံးတော်ကီတွေချုပ် ဂေါ်လီတွေပုတ်လာတာမို့လို့ မင်ယွန်းဂီကလူကုန်ကူးမယ်ရင်တောင် ​ပြည်ပခရီးစဥ်ဘာညာထင်လိုက်ကြအုံးမှာ။

ထားပါ။ ကျောင်းကိုသွားရတာလည်းဘာခတ်မှာကြလို့။ ဒီအတိုင်းBusပေါ်တက်ထိုင်လိုက်ရုံပဲ။ တက်ထိုင်တာလောက်တော့သူလည်းလုပ်တတ်ပါတယ်။ဂျွန်ဂျောင်ဂုပေါ်ဆိုထိုင်နေကျ။ ဒါလေးတွေက Easy goingလေးတွေ။ သူ့လိုဂျီးနီယပ်စ်အတွက် စကားထဲထည့်ပြောနေစရာကိုမလို။

"Busစီးရတာကို ငါ့ကိုစီးခဲ့တာလောက်လွယ်မယ်ထင်နေတာလား"

ဂျောင်ဂုစကားကိုဘာပြန်ပြောရမှန်းမသိလို့ သူ ကြောင်ပဲကြည့်နေမိတယ်။ ဒီကောင်အရှက်မရှိချက်က နည်းတာကြီးမဟုတ်။ 6 လက်မခွဲ 7 လက်မလောက်တော့ အေးဆေးရှိတယ်။
ကိုယ့်အတွေးနဲ့ကိုယ် ချက်ချင်းနီရဲတက်လာတဲ့နားရွက်တွေကြောင့် စိတ်ထဲကနေ သြကာသသက်စေ့ရွတ်မိသွားတယ်။ ဘာသာရေးတရားကိုင်းရှိုင်းပြီး ဖရုသဝါစာ ကြမ်းတမ်းသောစကားတွေကိုနည်းနည်းမှမဆိုတတ်တဲ့ အမျိုးမှန်အရိုးခံလေးရယ်ပါ။

We're Ex-boyfriends [Edited Version]Where stories live. Discover now