ရည်းစားဟောင်းကို အိပ်ယာပေါ်၌လက်စားချေခြင်း

11.4K 925 69
                                    

ထယ်ယောင်းအတွက် ဂျွန်ဂျောင်ဂုနဲ့ တစ်ကုတင်ထဲအိပ်ရတာ ကျက်သရေအဖြာဖြာတုံးပါတယ် ။
ရင်ထဲမှာOxygenနဲ့Acetyleneရောပြီးထည့်ထားသလိုဒေါသမီးတွေတဟုန်းဟုန်းတောက်လာရတဲ့အထိ။စဥ်းစားကြည့်။ ဂျောင်ဂုက လမ်းခွဲခဲ့တဲ့ကိစ္စကိုတောင် ဘာမှမရှိခဲ့သလို။သူနဲ့ရည်းစားတောင်မဖြစ်ဖူးခဲ့သလို နေနိုင်တာမထူးဆန်းဘူးလား ။ ဒီကောင်လူသားတော့မဖြစ်နိုင်။ ဂြိုလ်သားမဟုတ်ရင် ဆိတ်သားပဲ။

​ဂျွန်ဂျောင်ဂုအတွက် သူနဲ့တွေ့နေရတာ ဘာမှဆန်းပြားခမ်းနားပြီး နေရခတ်နေတာမရှိ။ သူကသာ ဒေါသတွေထွက် ရင်တွေခုန်လိုက် ဖင်တွေတုန်လိုက်နဲ့ အမျိုးမျိုးဖြစ်ပျက်နေတော့တာ။ ရှက်ဖို့ကောင်းလိုက်လေခြင်းပါလားကင်မ်ထယ်ယောင်း ။ ဒီမျက်နှာချောချောလေးကို မပြဝံ့တော့လို့Skin Care Maskလေးသာအုပ်ထားလိုက်ချင်တော့တယ်။

"အို့! ငါစောင်ချော!"

ခါးထက်ကို ဂျောင်ဂုရဲ့လက်တစ်ဖက်က ရုတ်တရက်ကြီး ရောက်လာတာကြောင့် လိပ်ပြာလေးကလူကလူနဲ့ပျံတက်ဆန်ခတ်တော့မလို့။
ဒီကောင် အိပ်ပျော်နေတာရောဟုတ်ရဲ့လား ။
ရင်တွေပန်းတွေတုန်ပြီး ကမ္ဘာပျက်နေတဲ့ ထယ်ယောင်းဟာ အသံတောင်ရဲရဲမရှုရဲပေ ။
ခါးပေါ်ရောက်နေတဲ့ လက်တွေကို ငုံ့ကြည့်ရင်း သူ့ဟာ ဂျောင်ဂုရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နစ်ဝင်နေတော့၏။မချင့်မရဲနဲ့ ဂျောင်ဂုရဲ့လက်တစ်ဖက်ကို ခါချလို့ ကုတင်စွန်းနားထိတိုးကပ်လိုက်တယ် ။
ဝှက်သယ်ဟဲလ် ရင်ခုန်ရလွန်းလို့ ရူးတော့မှာပဲ ။

"အင်း.."

ဂျောင်ဂုဟာ တစ်ချက်ညည်းညူပြီး သူ့ဘက်ကို လိုက်တိုးလာပါတယ် ။ အဲ့တာတင်မကျေနပ်သေးတဲ့ သူ့ရည်းစားဟောင်းကြီးက ခါးကနေ လူကို ထပ်ပြီး ဆွဲဖက်ထားလိုက်တာမို့ အင့်ခနဲ ။ မှောက်ယက်ပစ်လဲတဲ့ဒဏ်နဲ့ပေါင်းလိုက်တော့ နာချက်ကအိဆိမ့် ကြည်သိမ့်သွားတာပါပဲ။

"ချီး.."

ခပ်တိုးတိုးကြိမ်ဆဲလိုက်ရင်း မသိမသာရုန်းကြည့်လို့ကလည်းမရ ။သိသိသာသာရုန်းလည်းမရ။ အားထည့်ပြီး ရုန်းလေလေ ဂျောင်ဂုရဲ့လက်တွေက တင်းကြပ်လာလေလေ ။
နေပါအုံး ။ ဒီနေ့မှ ဂျွန်ဂျောင်ဂုက ဘာတွေလွဲမှားပြီး အတင်းတွေလိုက်ဖက်နေရတာလဲ ။ မဟုတ်မှလွဲရော။

We're Ex-boyfriends [Edited Version]Where stories live. Discover now