ရည်းစားဟောင်းကိုငါအပီကိုင်မှဖြစ်တော့မယ်

8.5K 780 49
                                    

ဂျောင်ဂု အခန်းထဲဝင်လာတော့ ကင်မ်ထယ်ကအိပ်နှင့်နေပြီ။ဘေးနားထိတိုးကပ်သွားပြီးမတော်တဆတမင်တကာ ခပ်တည်တည်ကြည့်နေလိုက်မိတယ်။
ခပ်ကွေးကွေးလေးအိပ်နေတဲ့ ကင်မ်ထယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ပုံပါပဲ။

ပြီးတဲ့နောက်သူပါ နေရာဝင်ယူပစ်လိုက်တော့တယ်။ ကျောပေးအိပ်နေတဲ့ကျောပြင်ငယ်လေးကို ငေးကြည့်ပြီး သဘောတကျပြုံးမိပြန်တယ်။
ဒီတစ်ခါတော့မင်းဘက်ကနေ ​မောင့်ဆီလှမ်းလာပေးလို့ မောင်ကျေးဇူးတင်ပါတယ် ဘေ့ဘေး။

ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲနစ်နေအောင်ဆွဲဖက်ထားလိုက်တယ်။တအင့်အင့်ညည်းညူလာတဲ့အခါခေါင်းလုံးလုံးလေးကို အနမ်းတစ်ချက်ပေးပြီးချော့မြူလိုက်ပါတယ်။
မင်းမသိလည်းဖြစ်တဲ့ မောင့်အနမ်းတွေပါရယ်။
.
.
.

မနက်၇နာရီ၅၈မိနစ်။
ကင်မ်ထယ်က အိပ်ချင်မူးတူးနဲ့နိုးလာခဲ့တယ်။ သူ့အခန်းထဲမှာထားနေကျ စားပွဲတင်နာရီကို လှမ်းစမ်းပေးမယ့် စမ်းလို့မမိ။
မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင် ဖွင့်ကြည့်တော့မှ အိမ်မှာမဟုတ်မှန်းသိတော့တယ်။
သူ ဂျွန်ဂျောင်ဂုအခန်းထဲရောက်ရောက်ချင်း နေရာဖယ်ပေးနေရမှာစိုးလို့ ကုတင်ပေါ်နေရာဝင်ယူရင်းနဲ့ ဘယ်လိုကဘယ်လိုအိပ်ပျော်သွားမှန်းမသိ။

သူ့ဘေးကိုလှည့်ကြည့်လိုက်တော့ ဂျောင်ဂုရှိမနေ ။ မနေ့ညကရော ဒီအခန်းထဲ ဝင်အိပ်သွားရဲ့လား။
မရေရာမှုတွေတပွေ့တပိုက်နဲ့ ခေါင်းကိုကုတ်မိတယ် ။

"ဟင်? ၈နာရီတောင်ထိုးပြီ မာသာဖာခ့်!"

"သွားပြီ.. ငါတော့နောက်ကျပြီ သေလိုက်ပါတော့"

ထယ်ယောင်းက လျှပ်စီးလိုအရှိန်နဲ့ရေချိူးခန်းထဲ​ပြေးဝင်သွားပြီး ကိုယ်လက်အမြန်သန့်စင်ရတယ်။
စောင်ကတော့ ကြမ်းပြင်ပေါ်ပုံခနဲ။
ရေတော့ချိုးမနေတော့ဘူး ။ ရေမချိုးလည်းသူက သောက်ချောကြီးဆိုတဲ့အမှန်တရားက ပြောင်းလဲသွားမှာမဟုတ်တာ။

ကျောင်းချိန်ရောက်နေပြီဆိုတော့ ဂျွန်ဂျောင်ဂုလည်း ကျောင်းသွားလောက်ပြီ။ဒီကောင် ဘာလို့သူ့ကိုတောင်မစောင့်ဘဲသွားနိုင်ရတာလဲ ။
စာနာတတ်တဲ့အသည်းနှလုံးက ခွေးစာကျွေးတာနဲ့ကုန်သွားပြီထင်။
ပွစိပွစိရွတ်ရင်းလုပ်စရာရှိတာတွေကို Speedနဲ့လုပ်ရတယ်။အဲ့ဒီလိုပဲ ကြီးပွားမယ့်သူဆိုတာ အချိန်ကိုအမြဲလုပြီးလုပ်နေရတာဟာ သဘာဝပါပဲ။

We're Ex-boyfriends [Edited Version]Where stories live. Discover now