ရည်းစားဟောင်းနဲ့ငါ

9.7K 828 58
                                    

"ဘာဂျာမှုတ်မလား ဘာဂါအုပ်မလား"

ဂျွန်ဂျောင်ဂုက ဆိုင်တစ်ဆိုင်မှာ ကားပါကင်ကို ကျွမ်းကျွမ်းကျင်ကျင်ထိုးနေရင်းကနေ လှမ်းမေးတယ်။ ပါးစပ်ပေါက်ဟလိုက်တာနဲ့ မကြားဝံ့မနာသာတွေကအရင်စပြီ။ အဲ့တာတွေကြောင့် မရင့်ကျက်တဲ့လူတွေနဲ့စကားမပြောချင်တာ။ သူနဲ့ကိုယ်Brain Levelကမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းလို အကွာကြီး။

"မင်းဟာမင်းပဲ အားရပါးရမှုတ်"

"အကောင်းမေးနေတာနော်.. ဒီဆိုင်က Sausage size က ငါ့ဟာနီးနီးရှိတော့ မင်းအကြိုက်ပဲ"

"ဘာ!"

"ဥပမာပြောတာပါ။ မင်းကSausageဆို သေးသေးလေးတွေစားရတာအားမရဘူးလေ"

ထယ်ယောင်းက ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပစ်လိုက်တယ်။ ဂျွန်ဂျောင်ဂုအကြောင်းမသိရင်ခတ်မယ်။ Sausageဆို XXL လောက်​ကြီး​တွေကိုမှကြိုက်တာမှန်နေတော့လည်း ငြိမ်ခံနေရတယ်။
ဘယ်ဟာမဆိုကြီးမှကြိုက်တာက အမေမွေးကတည်းက။
ပြီးတော့ သောက်ကျိူးနဲတဲ့မှ အစာအိမ်က နည်းနည်းလှုပ်ခတ်လာ။ သူ့ရဲ့သိက္ခာတွေကို ဘုန်းခနဲ အုန်းခနဲမြည်အောင်ပစ်ချနေသလိုပါ။

"pepperoni pizza ကို Double Cheese ထပ်အုပ်ပေးထားတဲ့ Special menu လည်းရှိတယ်"

ကားစက်သတ်ပြီးသွားတဲ့ ဂျောင်ဂုဟာ သူ့ဘက်ကို မျက်ခုံးပင့်ပြရင်း ပြီတီတီကြည့်နေတယ် ။ ပြေးကုပ်လို့ရရင်ကောင်းမယ်။

"ဒါပေမယ့် မင်းကဒါတွေမစားချင်လောက်ပါဘူး"

ဂျွန်ဂျောင်ဂုမျက်နှာကို cheese အုပ်ပြီး Microwaveထဲထည့်လို့ရရင်ပိုကောင်းမယ်။
ဒါသက်သက်မဲ့ Blood pressure လာစမ်းနေတာပဲ။
ဒါတွေကို ထယ်​ယောင်းကမကြိုက်တာ ။ ဘာလို့ ဂျွန်ဂျောင်ဂုက သူ့ထက်ပိုပြီးသူ့စိတ်ကို ထဲထဲဝင်ဝင်သိနေရတာလဲ ။ထယ်ယောင်းက မကျေမနပ် လက်လေးပိုက်ထားရင်း ဂျောင်ဂုနဲ့ဆန့်ကျင်ဘက်ကို လှည့်ထားလိုက်တယ် ။ဘယ်သူကမစားချင်ဘူးပြောနေတာကျလို့။

"ပြီးတော့ Strawberry Milk Tea က Organic နဲ့ ။ ဘယ်ရီအဖက်တွေအကြီးကြီးထည့်ပေးတာ"

"ချီး! မင်းမေဆိုင်မို့ Marketing ရှယ်ဆင်းနေတာလား။ Milk Tea သောက်ရအောင်ငါက ၅ နှစ်သားလည်းမဟုတ်"

We're Ex-boyfriends [Edited Version]Where stories live. Discover now