ရည်းစားဟောင်းနဲ့တုံးလုံးချွတ်ဆက်ဆံရေးတည်ဆောက်

9.9K 816 99
                                    

"ဂျွန်ဂျောင်ဂု!"

ကင်မ်ထယ်ဟာ လည်ချောင်းတွေကွဲတော့မတက်အော်နေတာတောင်ရည်းစားဟောင်းကလှည့်မကြည့်။ ပြေးလည်းပြေး အော်လည်းအော်ရမို့ မောချက်ကခန္ဒာကိုယ်ကရှိသမျှဓာတ်ဆားဓါတ်တွေအကုန်ဆုံးရှုံးသွားသလိုတောင်ခံစားရ။ ဒါပေသိ သူလိုအပ်နေတာကဓာတ်ဆားမဟုတ်ဘဲ Vitamin Love ဖြစ်တာကြောင့် ဂျွန်ဂျောင်ဂုမှမကယ်ရင်သူတော့ရေတိမ်နစ်ရချည်ရဲ့။

ပြေးရင်းလွှားရင်းနောက်ဆုံး ခုနှစ်ဘဝဟောင်းကဖူးစာရှင်ကို မှီသွားခဲ့တယ်။ လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်တော့ ဂျွန်ဂျောင်ဂုမှာမျက်နှာသေနဲ့လှည့်ကြည့်လာပါတယ်။

"ဘာပြောမလို့လဲ"

"​မောတာကွာ..ဒီမှာ မင်းတစ်ခုခုကျကျန်ခဲ့တယ်လို့မထင်ဘူးလား"

ဂျောင်ဂုက အမောဖြေနေဆဲကင်မ်ထယ့်ကိုမျက်ခုံးပင့်ပြီးကြည့်နေတယ်။

"မင်းရဲ့နှလုံးသားလေးကျကျန်ခဲ့တယ်လေ နှလုံးသားမရှိချက်က ငါရှင်းပြတာတောင်နားမထောင်နိုင်တဲ့အဆင့်ရောက်နေပြီ"

"ဘာတွေပြောနေတာလဲ ကင်မ်ထယ်ယောင်း"

"ရှင်းပြချင်လို့.. မင်းထင်နေသလိုမဟုတ်ဘူးဆိုတာရှင်းပြချင်တယ်"

"ရှင်းပြစရာမှမလိုတာ"

ဂျောင်ဂုက မျက်ရိုးတွေကိုနှိပ်နယ်လို့စိတ်ပျက်သလိုပြောလာတယ်။အရင်စိတ်နဲ့သာဆို ကင်မ်ထယ်ယောင်းကိုဒီလိုလာချိုးလို့ကတော့ ဆန်ပြုတ်ကြီးပဲသောက်နေရလောက်ပြီ။ အခုတော့ 'အဖြစ်ကမနှစ်ကနဲ့မတူဘူး' ဆိုတဲ့အတိုင်းကိုယ်ကအရင်စမှရမယ့် ပြေလည်ရေးပုံပြင်လေးဖြစ်နေပြန်တော့လည်း။

"လိုတယ် ငါ့အတွက်တော့ ငါမဟုတ်ရင်မဟုတ်ဘူးဆိုတဲ့အကြောင်း မင်းသိအောင်ရှင်းပြဖို့ကို လိုအပ်တယ်"

ခပ်ပြတ်ပြတ်ဆိုလိုက်တော့ဘာမှထပ်ပြောမလာ။ အဲ့ဒီအစား မျက်လုံးတွေကိုလှန်ကြည့်လာတယ်။သက်ပြင်းအရှည်ကြီးထပ်ချပြီး အိတ်ကပ်ထဲက ဘာမှန်းမသိတဲ့အရာကိုနှိုက်နေပြန်တယ်။

"ရော့.. သွေးစတွေသုတ်လိုက်အုံး အမြဲနမော်နမဲ့နဲ့"

ထယ်ယောင်းက ကမ်းပေးလာတဲ့အညိုရောင်လက်ကိုင်ပုဝါလေးကိုတစ်လှည့် ဂျောင်ဂုကိုတစ်လှည့်ကြည့်လိုက်တယ်။
ဂျွန်ဂျောင်ဂုက အနည်းဆုံးတော့ သူ့ကိုဂရုစိုက်နေသေးတာကြောင့် ကံတရားကသူ့ဘက်မှာအပြည့်အဝရှိနေပါတယ်။ကိုယ့်အတွေး​လေးနဲ့ကိုယ် ကျေနပ်နေမိပြန်တဲ့အခါယောင်ယောင်လေးပြုံးမိတယ်။
ယောင်ယောင်လေးပြုံးလည်းသူကချောနေတုန်းပဲ။

We're Ex-boyfriends [Edited Version]Where stories live. Discover now