ရည်းစားဟောင်းကငါ့ကိုလျစ်လျှူရှုတယ်

7.6K 750 45
                                    

ကင်မ်ထယ်ဟာ လေးပင်တဲ့ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်လာခဲ့ရတယ်။ စိတ်နဲ့လူနဲ့ဆိုတာ Army နဲ့ Antifan တွေလိုပဲအတူတူထားရင်တောင်ကပ်ဖို့မဖြစ်နိုင်။ဆောဂျွန်းဟျောင်းကိုတောင်ဆေးခန်းဘာညာလိုက်မပို့နိုင်တော့တဲ့အထိပါ။
ဂျွန်ဂျောင်ဂုနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောလို့ရရင်ကောင်းမယ်လို့တွေးမိတယ်။ ဒါပေမယ့်တကယ်ကမ်းထိပ်တိုက်တွေ့တဲ့အခါ 'တောင်းပန်ပါတယ်' ဆိုတဲ့စကားလုံးလေး လေးလုံးကိုသူ့နှုတ်ကပြောထွက်နိုင်ပါ့မလားမသိ။

ဖိနပ်ကိုဆွဲချွတ်လိုက်ပြီး အိမ်ထဲဝင်လာတော့ အာဂျူမားကဧည့်ခန်းထဲမှာထိုင်နေတာကိုတွေ့တယ်။ နှုတ်ဆက်ဖို့ပါးစပ်ပြင်ပြီးကာမှ အာဂျုမားမျက်နှာသိပ်မကောင်းတာကိုတွေ့လို့အရှိန်လေးသတ်လိုက်ရတယ်။အာဂျုရှီးကတော့ရှိမနေ။ဒါ့အပြင် တစ်အိမ်လုံးကလည်း တိတ်ဆိတ်နေတယ်။
သူဟာ မဝံ့မရဲနဲ့ အာဂျုမားအရှေ့သွားလိုက်တော့ အာဂျူမားက ခပ်ဖျော့ဖျော့လေးပြုံးပြလာတယ် ။

"ငါတို့ထယ်ယောင်းလေးပြန်ရောက်ပြီပဲ။ ရေမိုးချိူးပြီးနားလိုက်အုံးနော်..အာဂျူမားညစာပြင်ထားပေးမယ်"

"ဟို.."

"ပြောလေ ထယ်ထယ်"

အာဂျုမားက သူ့ကိုခါတိုင်းလိုပဲကောင်းကောင်းမွန်မွန်စကားပြန်ပြောလာတာကြောင့် သူနည်းနည်းတောင်အားနာစိတ်ကလေးဝင်သွားမိသေးတယ်။
ဂျွန်ဂျောင်ဂုကအခုဘယ်မှာရှိနေလဲသူသိချင်ပေသိ ဘယ်ကစကားစရမှန်းတောင်မသိတော့။

"ဟို.. အာဂျူမားတို့ရော စားပြီးပြီလားလို့ပါ"

"အာဂျုမားက ဒီနေ့ညစာမစားတော့ဘူးလို့စဥ်းစားထားတာ.. မင်းဦးလေးကလည်း အရေးကြီးကိစ္စရှိလို့ ကမန်းကတမ်းထွက်သွားတာဆိုတော့ ဒီညပြန်လာနိုင်မယ်မထင်ဘူး"

သိချင်တဲ့အကြောင်းအရာပါမလာတဲ့အခါ သူအနည်းငယ်စိတ်ပျက်သွားမိတယ်။ မတတ်နိုင် ဂျွန်ဂျောင်ဂုရဲ့အခြေအနေကိုမသိရရင်ဒီညအိပ်တောင်ပျော်မယ်မထင်တော့။

"ဂျောင်.. ဂျောင်ဂုရောဟင်"

သူဟာလက်ဆစ်တွေကို စိတ်လှုပ်ရှားစွာချိုးနေမိပြီး အဖြေကိုမျှော်လင့်တကြီးစောင့်စားနေတယ်။သူတို့ဖြစ်ပျက်ခဲ့တဲ့ပြသနာကိုရော အာဂျုမားတို့မသိသေးလောက်ဘူးလို့သူထင်မိပေမယ့်မသေချာပါ။

We're Ex-boyfriends [Edited Version]Where stories live. Discover now