အခန်း ၁

4.4K 124 6
                                    

"ဖြောက် ဖြောက် ဖြောက်"
ပတ်ဝန်းကျင်တွင် မိုးစက်မှုန်မွှားလေးများက တဖြောက်ဖြောက်ကျနေသည်။  သစ်ပင်တို့က စိမ်းစိုလျက်ရှိသည်။ အိမ်ရှေ့နားစံပယ်ပင်ဆီမှ စံပယ်ပန်းရနံ့ကလည်း ထုံကြူသင်းပျံ့နေသည်။ မိုးရာသီအစပိုင်းဖြစ်၍မိုးသည်းထန်စွာမရွာသေးပေ။ သို့သော် မိုးစက်တို့ကိုခံယူထားသောကြောင့် အချို့သောအပင်တို့တွင်ပန်းပွင့်အဖူးအငုံများပွင့်အာစပြုနေလေပြီ။ မိုးစက်ကျသံတဖြောက်ဖြောက်ကလည်း သာယာသောစည်းချက်သံအလား ငြိမ့်ငြောင်းနေသည်။ ဤသို့အဘက်ဘက်ကပြည့်စုံနေသော အခြေအနေတွင်

"ကလင် ကလင် ကလင်"
ဆူညံစွာအော်မြည်လာသောဖုန်းမှနှိုးစက်သံကြောင့် လရောင်နွေးဆိုသူမိန်းကလေး၏ခန္ဓာကိုယ်မှာ တုန်တက်သွားသည်။ ထို့နောက် အင်းအဲ အသံပြုကာ မျက်လုံးများမှိတ်ထားလျက်ပင် ဖုန်းကိုလိုက်စမ်းပြီး အသံကိုပိတ်လိုက်သည်။ အသံပိတ်သွားသော ဖုန်းကိုလှမ်းကြည့်လိုက်သောအခါ ဖုန်းအားမှာ ၇၀ကျော်ရှိသည်။ ထို့ကြောင့်အားသွင်းလိုက်ကာ အိပ်ရာပေါ်မှကုန်းထလျက်သူမ၏ခြေလက်တို့ကိုအညောင်းအညာပြေဆန့်ထုတ်လိုက်သည်။ ထိုစဥ်

"ဒေါက် ဒေါက်" သူမအခန်းတံခါးဆီမှထွက်ပေါ်လာသော အသံကြောင့် ဖြေးညင်းစွာ တံခါးဆီသို့မျက်နှာကိုလှည့်လိုက်သည်။ သူမလှမ်းကြည့်လိုက်သည်နှင့်တံခါးမှာပွင့်လာသည်။

"သမီး...သြော်..နိုးနေပြီလား သမီး.. ဒီနေ့ပထမဆုံးကျောင်းတက်ရမယ့်နေ့နော်.." ချိုသာသောအသံဖြင့် လရောင်နွေးကိုပြောလိုက်သူကား သူမ၏အမေ ဒေါ်ကလျာဖြစ်သည်။ လရောင်နွေးသည် သူမ၏မျက်လုံးများကိုပွတ်လိုက်ပြီးနောက်ပြုံးလျက် ဒေါ်ကလျာကိုလှမ်းကြည့်သည်။

"ဟုတ် သိပါတယ် မေမေ အဲ့ဒါကြောင့် သမီးစောစောထတာပေါ့" သွားများပေါ်အောင်ပြုံးလျက်ပြောတော့ ဒေါ်ကလျာက နှာခေါင်းတို့ကိုရှုံ့လိုက်သည်။ထို့နောက်

"အို....မျက်နှာမသစ်ပဲ စကားပြောနေတော့ နံလိုက်တာ နံစော်ဖျံလေးရယ်" ဒေါ်ကလျာက ရယ်မောလျက်ပြောတော့ လရောင်နွေး၏နှုတ်ခမ်းတို့မှာ ရှေ့သို့ပြေးထွက်လာကြသည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now