အခန်း ၇

905 84 4
                                    

"ဟင် အသဲ"
ရှင်ငြိမ်းမယ်က အခုမှကျောင်းရောက်လာဟန်တူသည်။ လက်ထဲတွင်လည်း ထီးအပြာရောင်ကိုကိုင်ထားပြီး သူမကိုပါဆောင်းပေးထားသည်။

"ဘာလုပ်နေတာလဲ လရောင်၊ မိုးဖွဲလေးတွေကျနေတာနဲ့ ငါနင့်ဆီထီးလာဆောင်းပေးမလို့ လုပ်နေတာ"
လရောင်သူမကိုကြည့်ပြီး ခေါင်းခါပြလိုက်သည်။

"ဘာမှမလုပ်ပါဘူး၊ ဒီအတိုင်း ခဏလောက်ထိုင်နေတာ၊ သွားမယ်လေ လာ"
လရောင်လည်း ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ သူမ၏လက်ကိုဆွဲကာ စကားတပြောပြောဖြင့် အခန်းထဲဝင်လာတော့ လူလည်း စုံသလောက်ရှိနေပြီဖြစ်သည်။ တီချယ်က လရောင်ဝင်လာတော့  လရောင်ကိုတစ်ချက်ကြည့်သည်။ ထို့နောက် ဘေးမှရှင်ငြိမ်းမယ်ကိုကြည့်ကာ ခေါင်းပြန်ငုံ့သွားသည်။ မေမှူးနှင့် ကျော့နဒီကိုတော့ နောက်မှ အကျိုးသင့်အကြောင်းသင့် ရှင်းပြတော့မည်။
ဒီတစ်ခေါက်စာသင်ချိန်တွင်တော့ တီချယ်က သူမကိုမကြည့်တော့ပေ။ ပြည့်ဝတီတို့ အဖွဲ့နှင့်သာ ရယ်ကြမောကြဖြစ်နေသည်။ စိတ်ထဲဝမ်းနည်းမိသော်လည်း တီချယ်ပြုံးပျော်နေသည်ဖြစ်၍ သူမ စိတ်သက်သာရသည်လေ။
တီချယ်စာမေးလျှင်တော့ သူမတို့ ၃ယောက် ထထဖြေသော်လည်း တီချယ်က သူမကိုတော့ ပြုံးမပြပေ။ ဤအရာကို လရောင်၏သူငယ်ချင်းများက သတိထားမိသည်ထင်သည်။ သူမကို ခပ်တွေတွေကြည့်သည်။ လရောင်ကတော့ ပြုံးပြလိုက်ကာ တီချယ်ပေးသည့် လေ့ကျင့်ခန်းများကိုသာ ခေါင်းမဖော်ဘဲရေးနေမိသည်။ ကျလာတဲ့ မျက်ရည်စက်တွေက စာအုပ်ပေါ်စိုကုန်တော့ သူမဘေးမှ မေမှူးက သူမကို စိတ်ပူစွာ အဆင်ပြေရဲ့လားဟုမေးသည်။ အရှေ့ဆုံးတန်းမှာဖြစ်၍ သူမခေါင်းသာ ငြိမ့်ပြလိုက်သည်။ ဘောပင်တစ်ချောင်းကို လက်ဖြင့်တိုက်ချလိုက်ပြီး ခုံအောက်သို့ဘောပင်ဆင်းကောက်ဟန်ဖြင့် ကျနေသော မျက်ရည်တို့ကို သုတ်ပစ်လိုက်သည်။ မျက်ရည်လွယ်သော ကိုယ့်ကိုယ်ကိုတော့ တိတ်တဆိတ်သာကျိန်ဆဲလိုက်သည်။ ထို့နောက်ပြန်ထကာ သူမ၏စာကိုသာ ဆက်ရေးနေလိုက်သည်။ အခန်းထဲမှ တီချယ် ထွက်သွားခါနီးပြောသွားတာက
"ဒီနေ့ကစပြီး ထမင်းလာမစားလည်းရပြီ သမီး" တဲ့၊ နောက်တစ်ချိန် ဆရာမဝင်စရာရှိသေးသည်ဖြစ်၍ မျက်ရည်တို့ကို ထိန်းထားလိုက်သည်။ Chemချိန်ဖြစ်၍ ဆရာမက မျက်နှာမကောင်းသော သူမကိုနေမကောင်းဘူးလားဟုမေးသော်လည်း သူမကောင်းပါသည်ဟုဖြေလိုက်သည်။ နေကောင်းသည်လေ၊ စိတ်ပဲမကောင်းတာ။  ထိုဆရာမထွက်သွားလို့ မုန့်စားကျောင်းဆင်းတော့ လူတော်တော်များများအခန်းထဲက ထွက်ကာ မုန့်သွားစားကြသည်။ လူမရှိတော့မှ မခံနိုင်တော့ဟန်ဖြင့် သူမငိုချလိုက်မိသည်။ မတတ်နိုင်တော့ပေ။ ရှိုက်ကြီးတငင်ကို ငိုချလိုက်သဖြင့် မေမှူးနှင့် ကျော့နဒီက သူမနားတွင် ဝိုင်းကာ ကျောကိုခပ်ဖွဖွပုတ်ပေးသည်။ ေကျာ့နဒီက တခြားလူများမမြင်အောင် လရောင်ထိုင်နေသည့်ဘက်မှ ရှေ့တံခါး တစ်ခြမ်းကို ပိတ်လိုက်သည်။ ငိုလို့ဝတော့မှ လရောင်လည်း အကြောင်းစုံပြောပြလိုက်သည်။ ပထမကတော့ သူမတို့၂ယောက်လုံးအံ့သြသွားကြသည်။ နောက်တော့

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now