အခန်း ၂၂

2.4K 123 29
                                    

"နေနေ လလေး တို့လုပ်လိုက်မယ်....ထားလိုက်"
လရောင်ဆီမှ ပန်းကန်ကို အပြေးသွားယူသော်လည်း လရောင်ကမပေးပေ။

"ရပါတယ် တီချယ်၊ တီချယ် အခန်းထဲ သွားနားလိုက်ပါဦး..လရောင်ပဲ လုပ်လိုက်ပါ့မယ်"
ပြောရင်း လရောင်ကစန္ဒကူးကိုကျောပေးကာ ပန်းကန်ဆေးရန်ပြင်ပြီး ခေါက်ဆွဲပြုတ်ထားသော အိုးကိုပါ သွားယူပြီးဆေးနေသည်။ အခုချိန်တွင်တော့ အတတ်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စအနည်းငယ်တောင်မရှိသင့်သည်မို့ စန္ဒကူးလည်း သည်အတိုင်းသာ ရပ်ကြည့်နေလိုက်သည်။ လုပ်လို့ကိုင်လို့ပြီးသွားတော့မှ လရောင်လက်ကိုလှမ်းဆွဲလိုက်တော့ လရောင်က သူမကိုမော့ကြည့်သည်။

"လလေး တို့နဲ့စကားခဏပြောရအောင်...တို့ မင်းကိုပြောစရာတွေအများကြီးရှိသေး-"
စန္ဒကူးပြောလို့မဆုံးသေးခင်မှာပဲ လရောင်၏ဖုန်းမှ သီချင်းသံထွက်လာသဖြင့် ဖုန်းလာသည်ကိုသိလိုက်သည်။ လရောင်က စန္ဒကူးလက်ကို အသာဖြုတ်ချကာ ဖုန်းဆီအပြေးသွားသည်။

"ဟယ်လို"
"..."
"ဟိုေလ..တောင်းပန်ပါတယ် အန်တီရယ် မနေ့က ကိစ္စလေးရှိလို့ မပို့ပေးလိုက်ရဘူး.."
"..."
"မဟုတ်ပါဘူး... လရောင် နေကောင်းပါတယ် အန်တီ"
"..."
"သြော်...ရပါတယ် အန်တီ.."
"..."
"ဟုတ် စိတ်ပူပေးတာကျေးဇူးပါ.."
"..."
"ဟုတ် ဖုန်းချလိုက်တော့မယ်နော် အန်တီ.."

ဟိုဘက်ကလူက ဘာပြောနေမှန်းမသိသော်လည်း လရောင်ကအနည်းငယ်တော့ပြုံးရွှင်သွားသည်မို့ စိတ်ထဲတွင် အနည်းငယ်တော့မသက်မသာဖြစ်ရသည်။ ပြီးတော့ တစ်ဖက်လူက ဘယ်သူမှန်းမသိသဖြင့် ပိုဆိုးပြန်သည်။ဖုန်းချပြီးနောက် လက်ထဲမှ အထုပ်တစ်ထုပ်ဆွဲကာ ပြန်ရောက်လာသည်ကို စန္ဒကူးကြည့်နေလိုက်သည်။

"အဝတ်အစား ဘယ်မှာလဲလို့ရလဲ တီချယ်..လရောင် ရေချိုးခန်းရှာတာ မတွေ့လို့"

"လရောင်က အိမ်ဘယ်တော့ပြန်မှာလဲ.."
စန္ဒကူး လရောင်ကို အိမ်ပြန်စေချင်သောကြောင့် မေးလိုက်ခြင်းမဟုတ်ပါ၊ ကျောင်းဖွင့်ရက်ဖြစ်လျက်နှင့် အိမ်မှာနေပေးတာကိုပင် ကျေးဇူးတင်လှပြီလေ။ သို့သော် ဆယ်တန်းဖြစ်သည့်အလျောက် စာလုပ်ရန်တော့လိုသည်လေ၊ လရောင်က စာကြိုစားတဲ့ကလေးမှန်းသိပေမယ့် ကိုယ့်တပည့်ဖြစ်နေ၍ စိတ်တော့ပူမိသည်မှာ မမှားဟုထင်သည်။ တစ်ချိန်တည်းမှာပင် လရောင်ကိုအိမ်မပြန်စေချင်စိတ်လည်းရှိနေပြန်သည်၊ စန္ဒကူးနားမှာပဲ ရှိစေချင်သည်၊ လရောင်ရှိနေခြင်းက စန္ဒကူးအတွက် အားဖြစ်စေသည်ဟုအပြည့်အဝခံစားရသည်။ စန္ဒကူး၏ စကားကို လရောင်အဓိပ္ပါယ်ကောက်လွဲသွားသည်ဆိုတာ လရောင်ရဲ့ညှိုးသွားသော မျက်နှာနှင့် မှိန်သွားသော မျက်ဝန်းတို့ကိုကြည့်လျှင်သိနိုင်ပေသည်။ ဘာမှပြန်မပြောဘဲ ငြိမ်ကျသွားသောသဖြင့် စန္ဒကူးလည်း အမြန်ပြန်ပြင်ရတော့မည်၊

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now