အခန်း ၁၄

938 96 32
                                    

tw:panick attack

"ဟို..တီချယ့်မွေးနေ့က ၈လပိုင်း ၉ရက်"
တီချယ်ကပြောလာသည်ကို လရောင်ခေါင်းထဲသံမှိုစွဲအောင်မှတ်ထားလိုက်သည်။ တီချယ်နဲ့ပတ်သက်တဲ့အရာရာတိုင်းကို လရောင်တန်ဖိုးထားမှတ်မိနေချင်သည်။ တီချယ့်ကိုလှလို့ သဘောကျခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တီချယ့်ကိုတကယ်ချစ်မိသွားခဲ့သည်။

"သြော်...မှတ်ထားလိုက်ပြီ..တီချယ်"
လရောင် လက်ညှိုးဖြင့်ကိုယ့်ခေါင်းကိုထိပြီး ပြောလိုက်တော့ တီချယ်က သဘောကျသွားဟန်ဖြင့် ရယ်သည်။
တီချယ်ရယ်လိုက်တိုင်း လရောင်မှာ အသက်ရှူပါမဝချင်ဖြစ်ရသည်။ စိတ်နဲ့လူနဲ့လည်းမကပ်တော့သည့်အလား၊
တီချယ်က ရယ်သံကအစပြည့်စုံနေသည့်လူပါပဲလေ။
အဲ့လိုလူမျိုးကို လရောင်ကချစ်နေမိတာ မမှီတဲ့ပန်းကို တုံးခုလို့လှမ်းဆိုသလိုဖြစ်နေမလား၊ အရမ်းလှတဲ့ ပန်းတွေဟာ အပင်ပေါ်မှာ ဝင့်ဝင့်ကြွားကြွားရှိနေတာပဲ ကောင်းပါသည်လေ၊ စချစ်မိကတည်းက ပိုင်ဆိုင်ရပါစေလို့မှ မရည်ရွယ်ခဲ့တာ..

"လလေး"
တီချယ့်အသံခပ်တိုးတိုးက လရောင်ကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်လိုက်သည်။ တီချယ့်ကိုအသိအမှတ်ပြုသည့်အနေဖြင့် လှမ်းကြည့်လိုက်သည်။

"လလေးမှာ ဘယ်လိုစွမ်းအင်လည်းမသိရှိတယ်နော်၊ ဘေးကလူတွေကိုပျော်အောင်လုပ်ပေးတတ်တာမျိုးလေ၊ အဲ့ဒါကြောင့်လည်း လလေးကိုလူတွေကချစ်ကြတာနေမယ်၊ မိုးပေါ်က လမင်းလေးလိုပေါ့"
တီချယ့်ဆီမှ ထိုစကားကြားလိုက်ရသဖြင့် လရောင်ပျော်သွားတာ အမှန်ပါ။ ကျန်တဲ့လူတွေထက် လရောင်ကြောင့် တီချယ်ပျော်ရသည်ဆိုတဲ့စကားက လရောင်အတွက် အဓိပ္ပါယ်အများကြီးရှိသည်လေ။ တီချယ့်စကားကိုလရောင်ပြုံးရုံဖြင့်သာတုံ့ပြန်လိုက်သည်။

"လရောင်စဥ်းစားမိတယ်သိလား တီချယ်"
လမ်းလျှောက်နေရင်းပြောလိုက်တော့ တီချယ်က လရောင်ဘက်ကိုစောင်းငဲ့ကြည့်သည်။ အဲ့သည်အကြည့်ပါပဲ၊ လရောင်ကို အမြဲညှို့နိုင်တာ အဲ့သည်အကြည့်နဲ့ အဲ့အနေအထားပါပဲ၊

"လရောင်က တီချယ်နဲ့တွေ့ရတာ၊သိရတာ၊ ရင်းနှီးရတာ ကံကောင်းတာပဲလို့၊ ပထမကတော့ တီချယ်ကလှလို့ လရောင်ကံကောင်းတယ်ထင်ခဲ့တာ၊ အရမ်းလှတဲ့သူတစ်ယောက်နဲ့ ရင်းနှီးခွင့်ရတာက ဘယ်သူ့အတွက်မဆိုကံကောင်းတာမျိုးပဲလေ၊ အခုတော့ အဲ့လိုမဟုတ်ဘူးသိလား တီချယ်၊ လရောင်ရဲ့ ဘဝထဲမှာ တီချယ်က အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်နေတာ၊ တီချယ်က လရောင်ကိုဂရုစိုက်ပေးတာ၊ ကြင်နာယုယပေးတာတွေ.. လရောင်ပြန်စဥ်းစားကြည့်တော့ တခြားချောတဲ့လှတဲ့သူတစ်ယောက် အဲ့လိုလုပ်ပေးရင်တောင် လရောင်ပျော်မိရုံလောက်ပဲဖြစ်မယ်ထင်တယ်၊ တီချယ့်ကိုတော့ ဖြစ်နိုင်ရင် လရောင်နဲ့ပဲ တစ်သက်လုံးအတူရှိစေချင်မိတယ်"
ဖွင့်ပြောသည်ဟုမဆိုနိုင်သော ရင်ထဲမှစကားတွေကို တီချယ့်ကိုပြောလိုက်မိသည်။ ဆရာမတစ်ယောက်ကို တပည့်တစ်ယောက်အနေနဲ့ မပြောသင့်တဲ့ စည်းကျော်တဲ့စကားမျိုးတော့ မပါဘူးလို့ လရောင်ထင်သည်။
တီချယ်က လမ်းလျှောက်နေရင်းမှရပ်လိုက်ကာ လရောင်ဘက်ကိုလုံးဝလှည့်လိုက်သည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now