အခန်း ၁၉

953 94 19
                                    

ကျောင်းဆင်းတော့ လရောင် တီချယ့်ကို ကားရပ်တဲ့နေရာမှာ စောင့်နေလိုက်သည်။ မုန်းဖို့ကောင်းလိုက်တာများ ပြည့်ဝတီပါ ဘေးကပါလာလေသည်။ တီချယ် တကယ်ပဲ လရောင်ကိုရင်နာအောင်လုပ်ရတာ ပျော်တယ်ထင်ပါသည်။ ဘယ်တတ်နိုင်ပါ့မလဲလေ တီချယ်က အဲ့လိုမှပျော်တယ်ဆိုတော့လည်း လရောင်က တီချယ်ပျော်အောင်နေပေးရုံပေါ့..

"ကဲ အဲ့ဒါဆို တီချယ်သွားတော့မယ်နော် သမီး"
တီချယ်က လရောင်ကိုတောင်မကြည့်ဘဲ ပြည့်ဝတီကိုသာပြုံးလျက်နှုတ်ဆက်နေသည်။ လရောင်မျက်ရည်တို့ကျမလာအောင် အံကိုကြိတ်ထားလိုက်သည်။ တီချယ်က ဆရာမပဲလေ၊ တပည့်တိုင်းကို ဂရုစိုက်တာမမှားပါဘူး...လရောင် ကိုယ့်ကိုယ်ကိုဖြေသိမ့်ရင်း တစ်ဖက်ကိုလှည့်နေလိုက်သည်။

"ဟုတ်ကဲ့ တီချယ်"
ပြည့်ဝတီ၏အသံကတော့ ပျော်ရွှင်နေတဲ့အသံ၊ အင်းပေါ့လေ တီချယ့်လိုဆရာမက ဂရုစိုက်နေတာကို မပျော်ရင် ရူးနေလို့ပေါ့..

"သမီးအဒေါ်ရော လာပြီထင်တယ်၊ သမီးတစ်ယောက်တည်းစောင့်လို့ရတယ်မလား"

"ရပါတယ် တီချယ်ရဲ့၊ စိတ်မပူပါနဲ့နော်.."

"ဟုတ်ပြီကွယ် တီချယ်တို့သွားတော့မယ်"

"ဟုတ်ကဲ့ တာ့တာနော် တီချယ်"

"တာ့တာပါရှင်၊ ကဲ လလေးရေ သွားကြမယ်"
လရောင်တီချယ့်ကို တစ်ယောက်တည်း အရင်စောင့်နေခဲ့ခြင်းပါ၊ လရောင်ကိုကျ ဘာစိတ်ပူစကားမှမပြောပေမယ့် တီချယ်က ပြည့်ဝတီကိုစိတ်ပူနေသည်တဲ့လား၊ ဘယ်လောက်ပဲ တပည့်ဆိုဦးတော့ လရောင်ထက်တောင် ပိုဂရုစိုက်နေသည်မှာကတော့ လရောင်အနေနဲ့ ရင်နာစရာမဟုတ်ပါလား...နှုတ်ခမ်းကိုဖိကိုက်ထားသည်မှာ ကြာသွားသဖြင့် ပေါက်သွားကာ သွေးစတစ်ချို့၏အရသာကိုခံစားမိလိုက်သည်။ သို့သော် အသံမထွက်အောင်သာ နေနေလိုက်သည်။ အနောက်က လူနှစ်ယောက်ကို လရောင်မနှောင့်ယှက်ချင်တော့ပါ။ ထို့နောက်မှ တီချယ့်အသံကြောင့် လရောင် တီချယ့်ကိုမကြည့်ဘဲ ကားပေါ်သို့တိတ်တဆိတ်သာတက်လိုက်သည်။

"လရောင်ရော တာ့တာ"
ပြည့်ဝတီက လှမ်းအော်နေတာကြောင့် လရောင်ပိုဒေါသထွက်သွားသည်။ သို့သော် လှည့်လည်းမကြည့်ဘဲ ဘာမှပြန်မပြောလိုက်တော့ တီချယ် ကားပေါ်မတက်ခင် မျက်မှောင်ကျုံ့ကာ လှမ်းကြည့်နေသည်။
ကားပေါ်ရောက်ပြီး ကားမောင်းထွက်သွားသည့်တိုင်အောင် လရောင် တီချယ့်ဘက်ကိုလှည့်မကြည့်တော့ပါ၊ လရောင်တို့လမ်းထိပ်နားရောက်တော့ တီချယ်က ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Unde poveștirile trăiesc. Descoperă acum