အခန်း ၁၁

990 96 20
                                    

သူမတို့အိမ်က အစောကြီးထွက်လာသည်ဖြစ်၍ ကျောင်းသွားရန် နောက်မကျသေးဘဲ ပုံမှန်ဖြစ်နေသည်။ ကားမောင်းနေရင်း တီချယ်က သီချင်းဖွင့်လိုက်သည်။ မနေ့ညကမှ သူနားထောင်ခဲ့တဲ့ ဖိုးကာရဲ့ တိုးတိုးလေးပြောပါဆိုတဲ့သီချင်းက တီချယ့်ကားထဲမှာလည်းလာနေပြန်သည်။ သည်တစ်ခါတော့ တီချယ်က တိုးတိုးလေးလိုက်ညည်းသည်။

~သိပ်ချစ်တဲ့အကြောင်းလေး ကြားချင်တယ်၊ ငါ့ဘဝနဲ့ရင်းပြီးတောင်းဆိုမယ်၊မင်းသိတဲ့အတိုင်းပဲ ပြောပြလိုက်ပါချစ်သူရယ်၊ တို့တစ်ယောက်ထဲကြားမယ့်စကားသံနဲ့ နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့၊ တိုးတိုးလေးပဲ
မင်းပြောပြလိုက်ပါ အချစ်ရယ်~

အကျယ်ကြီးမဟုတ်သော တီချယ့်အသံကနားထောင်ကောင်းနေသည်။ တီချယ်က သည်သီချင်းကိုကြိုက်တာလား၊

ထိုကလေးမက စန္ဒကူးကိုမမုန်းပါဟုဆိုသောကြောင့် အတော်လေးစိတ်သက်သာရသွားသည်။ တွေးချင်ရာတွေးပြီး တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကိုလည်းပြင်ရပေဦးတော့မည်။ ထိုကလေးမက စန္ဒကူး​ကြောင့်စိတ်ညစ်သွားရမှာ သေချာသည်လေ။

~တကယ်တော့ မင်းကိုတို့ချစ်လွန်းလို့ပါကွယ်၊ ချစ်လွန်းလို့ ဆုံးရှုံးရမှာကြောက်မိတာ၊ မင်းကိုတို့ပဲ ပိုင်ဆိုင်ချင်မိတာ ၊ တို့အတ္တကြီးတယ်လိုတော့မထင်စေချင်ဘူးကွယ်~
စန္ဒကူးစိတ်ထဲတွေးနေရင်း တိတ်ဆိတ်နေသောကြောင့် သီချင်းဖွင့်လိုက်သည်။ ဖိုးကာရဲ့ တိုးတိုးလေးပြောပါ၊ ထိုသီချင်းကိုသိသော်လည်း သိပ်နားမထောင်ဖြစ်၊ သည်ကလေးမနဲ့တွေ့မှ အကြိုက်ဆုံးသီချင်းဖြစ်သွားခဲ့သည်။
စာသားတိုင်းက စန္ဒကူး၏စိတ်နဲ့ထပ်တူကျနေသည်လေ။ အကြိုက်ဆုံးနေရာလေးရောက်တော့ ခပ်တိုးတိုးညည်းရင်း ထိုကလေးမကို လှမ်းကြည့်မိတော့ ပြတင်းပေါက်ကိုသာငေးနေသည်။ ကြားမှာပါ။ ထိုကလေးမ စန္ဒကူးအသံကိုကြားမိမှာပါ...

ကျောင်းရောက်တော့ သူမတို့ခါတိုင်းရောက်နေကျအချိန်ထက် ၅မိနစ်သာ နောက်ကျ၍ရောက်လာသည်။ ကျောင်းရောက်တော့ တီချယ့်ခြင်းတောင်းကိုဆွဲပေးပြီး ကားပေါ်မှဆင်းကာ တီချယ်နဲ့တူတူလျှောက်လာလိုက်သည်။ လမ်းတွင် သင်္ချာဆရာမနဲ့တွေ့သဖြင့် နှုတ်ဆက်လိုက်သည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now