အခန်း ၅

918 85 2
                                    

"ကဲ ဖတ်လို့ပြီးပြီဆိုတော့ ပထမပိုဒ်ကိုပြန်ကြည့်ကြရအောင်၊ It is easy to understand the calendar we use today ၊ တီ​ချယ်​တို့ အခု အိမ်တွေမှာ သုံးနေတဲ့ ပြက္ခဒိန်က နားလည်ရလွယ်ပါတယ်တဲ့၊ လွယ်သလား မလွယ်ဘူးလား"

"လွယ်ပါတယ်"
"ဟုတ်တယ်၊ လွယ်တယ်၊ ပြက္ခဒိန်ကြည့်တာနဲ့ ဘယ်ရက်မှန်းတန်းသိတယ်လေ"
စာကိုအာရုံစိုက်ရှင်းပြနေသော စန္ဒကူးမှာ ကြည့်လို့ကောင်းလှသည်။ စာရှင်းပြနေချိန်တွင် တိတ်ဆိတ်နေသောကြောင့် ရှင်းပြရတာလည်းအဆင်ပြေသည်။ ထို့နောက် ဖတ်စာအုပ်ထဲကလေ့ကျင့်ခန်းတွင် လုပ်နေရင်း ကျောင်းခေါင်းလောင်းတီးသွားသည်။
"ကဲ အဲ့ဒါဆို မနက်ဖြန် ပြန်တွေ့ကြမယ်၊ တီချယ့်ကို ထနှုတ်ဆက်ပါဦး"

"ပဥ္စဂုဏံ အဟံဝန္ဒာမိ အာစရိယဂုဏံ အဟံဝန္ဒာမိ မင်္ဂလာပါ ဆရာမ"

"မင်္ဂလာပါ သားတို့သမီးတို့၊ ထိုင်ပါ"

"ကျေးဇူးတင်ပါတယ် ဆရာမ"
ကျောင်းသားကျောင်းသူများနှုတ်ဆက်ပြီး​နောက် လရောင် စန္ဒကူးကိုငေးနေမိသည်။ လှရက်နိုင်လိုက်
တာ။ သူမကြည့်နေသည်ကိုမြင်သွားသော တီချယ်က သူမကိုပြုံးပြကာ အတန်းထဲမှထွက်သွားသည်။ တိုးတိုးလေးကပ်ပြောသွားသေးသည်ကား၊

"ဒီနေ့ထမင်းလာစားဖို့မေ့နေမယ်နော်" ဟူ၍ဖြစ်လေသည်။
စန္ဒကူးအခန်းထဲမှထွက်သွားပြီးနောက် ဝင်ရသည့်အခန်းမှာ Cခန်းဖြစ်သည်။ လရောင်တို့ ရှိရာ Aခန်းသည် နံ့သာဆောင်၏အပေါ်ထပ် လှေကားဘေးကပ်ရပ်အခန်းဖြစ်သည်။ Cခန်းသည် ဂငယ်ပုံ၏ ခေါင်းပိုင်းရှိဘယ်ဘက်အစွန်ဆံုးအခန်းဖြစ်သည်။ ပြောရလျှင် လရောင်က Cခန်းကို အနည်းငယ်လှမ်းမြင်နိုင်သလို Cခန်းဝင်သည့်ဆရာမကတော့ အခန်းပေါက်ဝကိုထွက်လျှင် Aခန်းကိုလှမ်းမြင်နိုင်ပေသည်။
အနည်းငယ်ကြာသော် သင်္ချာသင်မည့်ဆရာမ ဒေါ်ခင်ဝင်းပရောက်လာသည်။ ထိုဆရာမမှာ အသင်အပြကောင်းသည်။ မျက်နှာချိုချိုနှင့် အသံရင့်ရင့်ဖြစ်သည်။အသက်အားဖြင့်တော့ မမှန်းတတ်သော်လည်း တီချယ်စန္ဒကူးတို့အရွယ်ဖြစ်မည်ထင်သည်။ သင်္ချာဆရာမကစာရှင်းပြပြီးနောက် ပုစ္ဆာများတွက်ရန်ပေးလေသည်။ ထို့နောက် ဆရာမထိုင်သော စာရေးစားပွဲခုံတွင်ထိုင်နေလေသည်။ လရောင်လည်း ဘာရယ်မဟုတ် စာတွက်နေရင်း မော့ကြည့်လိုက်မိတော့ C ခန်းအခန်းတွင် ဘေးတစောင်းအနေအထားဖြင့် ရပ်ကာ ရယ်မောနေသော စန္ဒကူးကိုတွေ့လိုက်ရသည်။ ရယ်နေတာလေးက လှလိုက်တာဟု သူမတွေးမိသော်လည်း တစ်ဆက်တည်းမှာပင် ရယ်နေရသည့် အကြောင်းရင်းတစ်ခုကိုပါတွေ့လိုက်သည်။ Cခန်းအရှေ့ဆုံးတန်းမှ မိန်းကလေးများနှင့်စကားပြောနေခြင်းဖြစ်မည်။ ရင်တွင်း၌အမျိုးအမည်မသိသော ခံစားချက်တစ်ခုဝင်ရောက်လာသည်။ ဝမ်းနည်းသလို၊ စိတ်တိုသလို။ သူမတွေးနေရင်း ဘေးမှ မေမှူးသခင်က တံတောင်ဖြင့်တွတ်သည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now