အခန်း ၂၀

905 91 24
                                    

tw: panick attack

စန္ဒကူးလည်း လရောင်၏စကားများကြောင့် ကားပေါ်တွင်ငြိမ်သက်စွာ ထိုင်နေမိလျက်ရှိသည်။ လရောင်က သူ့ကိုတကယ်ရောချစ်ပါရဲ့လားဟု သံသယဝင်မိသည်အထိ စန္ဒကူးကဆိုးရွားနေခဲ့တာလား။ စန္ဒကူး လုပ်သမျှလုပ်ရပ်တိုင်းက လရောင်ကိုချစ်သော ရည်ရွယ်ချက်တစ်ခုဖြင့်သာဟုဆိုသော်လည်း တစ်ဖက်လူကထိုသို့မမြင်နိုင်ပါလား။ စန္ဒကူး လရောင်ကို အကြိမ်ကြိမ်နာကျင်အောင်လုပ်မိနေသည်ပဲ။ ဘယ်လိုလုပ်မှ၊ တကယ်ပဲ ဘယ်လိုနည်းလမ်းနဲ့ ချစ်မှ လရောင်ကို စိတ်မဆင်းရဲစေမှာလဲဆိုတာ စန္ဒကူး မတွေးတတ်တော့ပါ။ ဒီဇာတ်လမ်းတွင် ဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ဆိုတာလည်း မခွဲခြားနိုင်တော့ပါ။ သက်ပြင်းကိုအကြိမ်ကြိမ်ချနေမိရင်း မျက်ရည်စတို့ကပါ အောက်သိုလွင့်စင်သွားကြသည်။ နားထဲမှပြန်ကြားယောင်လာတာက လရောင်ပြောသွားသည့်စကားတွေသာ..

"မမေ့ပါဘူး တီချယ်၊ လုံးဝမမေ့ဘူး၊ လရောင်က တီချယ့်တပည့်ဖြစ်နေလို့ လရောင်ဘာမှမပြောတာ၊ ဒါပေမယ့် တစ်ခုပဲ ပြန်စဥ်းစားကြည့်ပါဦး တီချယ်၊ လရောင်ကို တပည့်တစ်ယောက်ထက်ပိုချစ်တာရော ဟုတ်ရဲ့လားဆိုတာ"

"လူတစ်ယောက်က ကိုယ့်စိတ်ထဲမှရောက်နေတယ်ဆိုတိုင်း အဲ့လူတစ်ယောက်ကို ချစ်တာမဟုတ်ဘူး တီချယ်၊ သံယောဇဥ်ရှိတဲ့အခါမှာလည်း အဲ့လိုထင်ယောင်ထင်မှားဖြစ်နိုင်တာပဲ၊ အဲ့ဒါကြောင့် တီချယ် လရောင်ကိုချစ်တာသေချာရဲ့လားဆိုတာပြန်စဥ်းစားလိုက်ပါဦး၊ လရောင် တီချယ့်ကိုအချိန်ပေးနိုင်ပါတယ်၊ တကယ်လို့ မချစ်ဘူးလို့ ထွက်လာခဲ့လည်း လရောင်စိတ်မဆိုးဘူးဆိုတာကိုတော့ တီချယ်ယုံပါ.."

မျက်ရည်တွေကိုစိတ်ကြိုက်သွန်ချခွင့်ပေးလိုက်ပြီးမျက်နှာကိုကားစတီယာရင်ပေါ်တွင် အပ်ထားလိုက်သည်။

ချစ်မိပြီဆိုရင် လူတိုင်းကအတ္တပါတွဲလျက်ပါလာတတ်ကြတာပဲမလား၊ စန္ဒကူးကလည်း ချစ်မိသွားတဲ့သူတွေထဲက တစ်ယောက်ပါပဲ၊ ဒါပေမယ့် ဘာလို့ စန္ဒကူးအလှည့်ကျမှ သူမပေးသမျှအချစ်တွေအားလုံးက တစ်ဖက်သားကိုနာကျင်စေရသနည်း၊ ထို့အပြင် သူမကိုယ်တိုင်လည်း ရင်ထဲမှနာရသည်။ လရောင်နဲ့ သူမတို့အချစ်ရေးကလည်း ငိုနေရသည်က ခပ်များများ..
သေချာပေါက် လရောင်ကိုချစ်မိတာက မှားတယ်လို့ စန္ဒကူးမထင်ပါ၊ သို့ပေတည့် စန္ဒကူးကိုချစ်မိတာက အမှားလို့များ လရောင်ထင်သွားခဲ့ရင်၊ လရောင် စန္ဒကူးကို စွန့်လွှတ်ဖို့ သို့မဟုတ် ထားသွားဖို့များတွေးမိလျှင် သူမအသက်ဆက်ရှင်နိုင်မည်မထင်ပါ။ လရောင်ကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါလေ၊ သူမဆုံးဖြတ်ချကိတစ်ခုကိုပြတ်ပြတ်သားသားချဖို့လိုအပ်လာပြီ။ သူမရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အကုန်လုံးက လရောင်အပေါ်မူတည်နေတဲ့အတွက် သူမဘဝကိုလည်း လရောင်အပေါ်မှာသာ အမှီပြုမည်။ ဘယ်သူတွေဘာပြောပြော လရောင်ကိုသာ စန္ဒကူးဘဝရဲ့ ခြယ်လှယ်သူဖြစ်စေမည်။ စန္ဒကူး တတ်နိုင်သလောက်ကြိုးစားပြီး လရောင်တစ်ယောက်တည်းကိုသာ ကြည့်တော့မည်။
အိမ်ပြန်ရောက်သောအခါ သူမအမေက ဧည့်ခန်းထဲတွင်
ရှိမနေ၊ သို့သော် စားပွဲခုံပေါ်တွင် လက်ကိုင်ပုဝါတစ်ထည်နှင့် စာရွက်လေးတစ်ရွက်ကို ဖန်ခွက်ဖြင့်ဖိထားတာကြောင့် သူမသွားကြည့်လိုက်သည်။
လက်ကိုင်ပုဝါအဖြူလေးမှာမှ သစ်ခွပန်းဟုထင်ရသောအစိမ်းရောင်ပန်းတစ်မျိုးကို ထိုးထားသောကြောင့် ချစ်စရာလေးဖြစ်နေသည်။ သူမတစ်ချက်ပြုံးရင်းစာလေးကိုကြည့်လိုက်တော့

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now