အခန်း ၈

906 85 2
                                    

" ပြန်ရောက်ပြီလား သမီး၊ ဒီနေ့နောက်ကျတယ်နော်"  ဧည့်ခန်းမှာပန်းထိုးနေရင်း ဒေါ်စိမ်းလဲ့ကလှမ်းပြောသည်။

"ဟုတ်တယ် မာမီ၊ ဟိုတစ်ခါက ကလေးအိမ်ခဏဝင်နေလို့" မျက်နှာချင်းဆိုင်ခုံပေါ်တွင်ဝင်ထိုင်လိုက်ရင်း ခြင်းတောင်းကိုသူမဘေးချလိုက်သည်။

"သြော်...."ဟုတစ်လုံးတည်းသာ ပြန်ဖြေပြီး ထိုးလက်စပန်းကိုဆက်ထိုးနေသည်။
အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း ဘာမှမပြောဘဲ သူမအမေပန်းထိုးနေတာကိုသာ စန္ဒကူးငြိမ်ငြိမ်ဆိမ်ဆိမ်သာငေးကြည့်နေလိုက်သည်။

"မာမီ"
သူမခေါ်လိုက်တော့ ပန်းထိုးနေရင်း ဒေါ်စိမ်းလဲ့က ဆက်ပြောဟူသောအကြည့်ဖြင့် လှမ်းကြည့်သည်။

"သမီးကိုလေ ပန်းထိုးသင်ပေးပါလား"
သူမကတောင်းဆိုသည်အသံဖြင့် မေးလိုက်တော့ ဒေါ်စိမ်းလဲ့က အံ့သြသွားသည့်ဟန်ကိုပြသည်။ ထို့နောက်ပြုံးသည်။ စိတ်မရှည်လို့ ဘယ်တော့မှပန်းမထိုးဘူးဟုကြွေးကြော်ထားသော စန္ဒကူးက ပန်းထိုးသင်ပေးပါဆိုတော့ကား....

"ဟုတ်ပါပြီတော်၊ သင်ပေးရတာပေါ့၊ အင်္ကျီလဲ၊ ရေမိုးချိုးချေဦး"
ဒေါ်စိမ်းလဲ့ကထိုသို့ပြောလိုက်တော့ မျက်လုံးများကွေးနေအောင်ပြံုးကာ အပေါ်သို့ပြေးတက်သွားသည်မှာ ၃၅နှစ်အရွယ်လူတစ်ယောက်ရဲ့ အပြုအမူတဲ့လား။ ပန်းထိုးနေရင်း ခေါင်းကိုဖြေးညင်းစွာခါရမ်းပြီးနောက်ဒေါ်စိမ်းလဲ့ကပြုံးသည်။ သူမဟာ စကားအများကြီးမပြောပေမယ့် စန္ဒကူး၏ကိစ္စတိုင်းကိုသိနေဟန်။ ယခုတွင်တော့သူမ၃ရက်ကြာထိုးနေသော လက်ကိုင်ပုဝါတွင် သစ်ခွပန်းအစိမ်းလေးကနေရာယူသွားပြီးပြီဖြစ်သည်။ သစ်ခွပန်းအစိမ်းရောင်ဟာ ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတယ်တဲ့၊ ဒါဟာ သူမသမီးလေးကိုပေးဖို့သူမထိုးနေခြင်းဖြစ်သည်။အချိန်အနည်းငယ်အကြာတွင် စန္ဒကူးဟာအိမ်အပေါ်ထပ်မှပြေးဆင်းလာသည်။

"မာမီ သမီးကိုသင်ပေးတော့"
စိတ်အားထက်သန်စွာပြောလာသည့် ကလေးကြီးအားကြည့်ကာ ေဒါ်စိမ်းလဲ့ရယ်ချလိုက်သည်။

"ဘယ်မလဲ၊ ထိုးမယ့်လက်ကိုင်ပုဝါက"
စန္ဒကူးကာ ဟိုဟိုဒီဒီဝေ့ဝဲကြည့်ပြီးမှသက်ပြင်းတစ်ချက်ချသည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now