Arc(2.12)Ending

3.8K 266 6
                                    

မင်းခတစ်ယောက် သူမည်သို့ သေရမလဲအကျပ်ရိုက်နေသည်။

Suicide ရတာ လွယ်တယ်များ ထင်နေကြပါသလား။

ဘယ်လို သေရမလဲ စဥ်းစားရသေးတယ်။

ရေထဲခုန်ချရင်လည်း ပြန်ပေါ်လာရင် ပွနေမှာ ရုပ်ဆိုးတယ်။

လက်ကောက်ဝတ်ကို ဓားနဲ့ လှီးရင်လည်း သွေးထွက်မလွန်မချင်း ခံစားနေရမှာ။

သေနတ်နဲ့ ဆိုလည်း ကြောက်ရာကြီး။

အဆိပ်ကျတော့လည်း ရင်တွေပူတယ်ဆိုပဲ။

အဲ့တော့ အရင်ဘဝကလိုပဲ ကားတိုက်ခံရမယ် ..ဟုတ်တယ်။

ထိုနေ့မှစ၍ မင်းခတစ်ယောက် အပြင်ထွက်ဖို့ကြိုးစားလေသည်။  သို့သော် အိမ်ပြင်မရောက်ခင်မှာတင် ပြန်အဖမ်းခံရနေရသည်။

---------

ထို့ကြောင့် မင်းခတစ်​ယောက် သွေးသစ်အား  အချိုသပ်ရန် ကြံစည်လေတော့သည်။

မင်းခ-"ဟေ့လူကြီး ကျနော် အပြင်သွားချင်တယ်"

သွေးသစ်-"မရဘူး ကလေးက ကိုယ့်ဆီကနေ ထွက်ပြေးချင်နေတာမလား"

ဟု နှုတ်ခမ်းကြီးဆူကာ ဟိုဘက်လှည့်သွားသော သူကြောင့် မင်းခတစ်ယောက်  ပါးစပ်ကြီးပြုတ်ကြမတတ်။

မင်းခ-"မဟုတ်ပါဘူးဗျာ...ကျနော်တကယ် အပြင်သွားချင်လို့ပါ"

သွေးသစ်-" အာ့ဆိုကိုယ့်ကို အဖြေပေး..."

မင်းခ-"ခင်...ခင်ဗျား"

သွေးသစ်-"လုပ်ပါ ကလေးရယ် ကိုယ်မင်းကို ဘယ်လောက်ချစ်လဲဆိုတာ  မင်းလေးအသိဆုံးပါ"

​မင်းခလည်း ထိုလူကြီးအား သူမထွက်သွားခင်တော့​ အဖြေပြန်ပေးချင်တာမို့လို့...

မင်းခ-"ခင်ဗျားကို ကျနော်ချစ်တယ်"

သွေးသစ်-"တ..တကယ်နော်..ကလေး"ဟု

ဆိုကာ ပြေးဖက်လာသောလူကြီးကြောင့် ​မင်းခ တဖြစ်လည်း မိုးသား ပြုံးလိုက်မိသည်။ ထို့နောက်မျက်ဝန်းထဲမှ မျက်ရည်အချို့ကို ထိုလူကြီးမသိအောင် ခိုးသုတ်လိုက်သည်။

----->>>....

မင်းခနဲ့ သွေးသစ်တစ်ယောက် မြို့ထဲသို့ထွက်လာကြသည်။ ထို့နောက် သွေးသစ်ပိုင်တဲ့ Shopping Mallတစ်ခုတွင် မင်းခနှင့်အတူ ပစ္စည်းတွေဝယ်ကာပြန်မည်အလုပ်....

Phoenix Systemحيث تعيش القصص. اكتشف الآن