Arc(6.3)

2.4K 212 13
                                    

ယံ ရဲ့ သတိပေးသံဟာ နောက်ကျသွားလေပြီ။

ကားတံခါးကို အပြေးသွားဖွင့်တဲ့ သက်လတ်ပိုင်းအရွယ် လူကြီးဟာ ကားပေါ်မှ zombieအဖြစ်သန္ဓေပြောင်းသွားသော  လင်မယားနှစ်ယောက်၏ ခုန်အုပ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ထိုအဖြစ်အပျက်ကို ကြောင်အ ကာ ရပ်ကြည့်နေကြသော ရွာသားများအား..

ယံ-"ပြေးကြ..." ဟု အော်လိုက်မှ အထိတ်တလန့်နဲ့ ထွက်ပြေးကြလေသည်။

သို့သော် အသက်အရွယ်ကြီးရင့်သူများမှာ မကြာမီပင် ထိုZombieများ၏ ကိုက်ဖြတ်ခြင်းကို ခံကြရရှာတော့သည်။

ယံ-"Momoရေလုပ်ပါအုံးဟ..."

Momo-"host ကားရဲ့ နောက်ဖုံးအောက်မှာ သေနတ်တစ်လတ်ရှိတယ်.."

ယံလည်အမြန်ယူလိုက်ပြီး..ထိုZombieများကိုတတ်နိုင်သလောက် ပစ်ခတ်လိုက်သည်။

သို့သော် အားနည်းတဲ့ သက်ကြီးပိုင်းတွေနဲ့ မပြေးနိုင်တဲ့ ကလေးငယ်တွေဟာ Zombieတွေဖြစ်ကုန်ကြလင့်ပြီ။

ရွာလူကြီး-"ငါ့မြေး...မင်းရွာသားတွေကိုကယ်ပေးပါကွာ...ကျန်တဲ့လူငယ်တွေက ငါတို့ရွာရဲ့ အနာဂတ်မျှော်လင့်ချက်တွေပဲ..Dလူကြီးတွေက သက်တမ်းတစ်ဝက် ကျိုးနေပြီ...ဇိုင်း..မင်းအကိုနဲ့လိုက်သွား..အခြားလူတွေကိုလည်း ခေါ်သွား.."

ဇိုင်း-"ဒါပေမဲ့..အဖိုးနဲ့ အခြားလူတွေကရော..."

ယံ-"အဖိုးစိတ်ချပါ ကျနော် အစွမ်းကုန် စောင့်ရှောက်ပါ့မယ်...ဇိုင်း...လာခဲ့.

"ကျန်တဲ့လူတွေ စိုက်ပျိုးဆိုင်က ကားပေါ်တက်.."

"ကားရှိတဲ့ လူတွေ အကုန်ယူခဲ့..."

ယံလည်း ဇိုင်းနဲ့အခြားလူငယ် လူရွယ်တွေကို ခေါ်ပြီး ရွာကအမြန်မောင်းထွက်ခဲ့ကြလေသည်။

ယံ.. ရွာနဲ့ အလှမ်းသိပ်မဝေးခင် ပြန်လှည့်အကြည့်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက ...သူအာရုဏ်တက်ချိန်က မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ သိပ်ကို ခြားနားလွန်းတယ်...။

ယံလည်း Sမြို့နဲ့ X မြို့ကြားက ဆောက်လုပ်ဆဲ အိမ်ရာတစ်ခုဆီ ဦးတည်လိုက်လေသည်။ ထိုနေရာက မူလ ယံ ရဲ့ အလင်းဘက်ခြမ်း...အင်း..ပြောရရင်တော့ မျက်နှာဖုံးပေါ့..။

Phoenix SystemWhere stories live. Discover now