At..Morning..ညက ဝေ့ရင်းနဲ့ Momoတို့နှစ်ယောက် Liveကြည့်နေတာကြောင့် မအိပ်ရပေ။
ထို့ကြောင့် မျက်လုံးနှစ်ဖက်တွင် ချောကလတ်ဒိုးနတ်နှစ်ကွင်း လက်ဆောင်ရထား လေသည်။
လန်ခေါင်းဆောင် အခန်းထဲတွင်တော့....
နေအလင်းရောင် ဖြာဝင်လာလို့ လန်ရှီးချန် တစ်ယောက် နိုးလာကာ သူ့ ရင်ခွင်ထဲတွင် ရှိသော မုန့်ယောင်အား ကြည့်နေလေသည်။
သူနမ်းထားတာကြောင့် ဖူးကာ အနည်းငယ်ပေါက်နေသော နှုတ်ခမ်းလေး ၊ သူ့ကြောင့် ငိုထားသော မျက်လုံးလေးက မို့အစ်နေကာ လည်တိုင်ကျော့ကျော့နှင့် ပခုံးသားလေးများရှိ အနီရောင်အရာများ....
သူ ထိုကောင်လေးအား မြင်မြင်ချင်း ချစ်မိခဲ့ပါသည်။
အချိန်တိုင်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ညကတော့ သူစိတ်လွတ်သွားခဲ့သည်။ သူကြည့်နေတုန်း လှုပ်လာတဲ့ ကောင်လေး။
နာလို့ထင်ပါရဲ့။ အမြဲပြုံး နေတဲ့ နှုတ်ခမ်းလေးက အနည်းငယ် မဲ့သွားလေသည်။
ရှီးချန်-"အားယောင်..နိုးပြီလား ကလေး"
မုန်ယောင်တစ်ယောက် လှုပ်ရှားလိုက်တော့ အနည်းငယ် နာနေတဲ့အောက်ပိုင်းကြောင့် စိတ်အလိုမကျဖြစ်နေတုန်း ပေါ်လာတဲ့ အသံတစ်ခုကြောင့် လန့်ဖျတ်သွားသည်။
ထို့နောက် သူ့ခေါင်းထဲသို့ ဝင်လာသော မနေ့ညက ပုံရိပ်တွေ....
မုန့်ယောင် ရှက်လွန်းလို့ ခန္ဓာကိုယ်ကို စောင်ထဲသို့ ကျုံ့ဝင်လိုက်သည်။
ရှီးချန်တစ်ယောက် သူ့ကလေး၏ ရှက်နေသောအမူအရာကြောင့် ခပ်ဟဟလေး ရယ်လိုက်သည်။
မုန့်ယောင်တစ်ယောက် ရယ်သံကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ သူ့ကို ကြည့်နေတဲ့ လန်ဂိုဏ်းချုပ်....
ရှီးချန်-"အားယောင်..ကိုယ်မင်းကို စတွေ့ထဲက ချစ်ခဲ့တာမို့လို့..ကိုယ်နဲ့ လက်ထပ်ပါလားဟင်.."
မုန့်ယောင်တစ်ယောက် သူ့အား လက်ထပ်ခွင့်တောင်းသော လန်ဂိုဏ်းချုပ်၏ အသံဟာ နောက်ဆုံးတွင် မချင့်မရဲနှင့် တိမ်ဝင်သွားလေသည်။

YOU ARE READING
Phoenix System
General FictionSystem fic လေးရေးကြည့်ချင်လို့ပါ။ တစ်စုံတစ်ခု/ယောက်နဲ့တိုက်ဆိုင်ခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်။