ယံတို့ ထိုZombeiများကိုအမြုတေထုတ်ယူပြီးနောက် ရှေ့ပေါက်ကပင် အဆောက်အဦးထဲ ဝင်လာခဲ့ကြသည်။
ထိုအဆောက်အဦးထဲတွင်ရှိသော Zombie တစ်စွန်းစနှစ်စွန်းများကို ယံတို့အဖွဲ့ရှင်းလင်းရင်း လူရှိမရှိစစ်ဆေးနေရသည်။
Momo-" side mission ဇာတ်လိုက်မကို ကယ်တင်ရန် points 250"
ယံ-"ဇာတ်လိုက်မက ဘယ်အထပ်မှာလဲဟ "
Momo-"host ရဲ့ missionမို့လို့ ေပြာပြလို့မရပါဘူး "
ယံ-"ဟမ့်...ဘာမှမသိတဲ့ system.."
Momo-" ရား....host Momo လို့ အဆင့်မြင့်systemက တစ်ခုပဲရှိတာ သိလား.."
ယံ-"မသိဘူးလေ...ဟွန့်..မသိရင်မသိဘူးမပြောဘဲ Missionလေးဘာလေးနဲ့.."
Momo-"ဘာလို့မသိရမှာလဲ...ရား..ဇာတ်လိုက်မက လေးလွှာ ရဲ့ liftညာဘက်ခြမ်းက သုံးခန်းမြောက်မှာ ဟွန့်...Momoကိုများ ဘာမှတ်နေလဲ..."
ယံ-" ဘာမှမမှတ်ဘူး..နေရာအတွက်ကျေးဇူးပဲဟေ့....ဟားဟားး"
Momo-" ရားးးးးhostစုတ်..."
--------
ယံလည်း liftဘက်ကို ရှင်းဖို့ ဇိုင်းကို ပြောလိုက်သည်။
စခန်းက လူတွေလား သူနဲ့ထိုင်ရင်း နားနေကြတယ်လေ....။
ဇိုင်းတစ်ယောက် သူချစ်ရတဲ့ အကိုပြောတဲ့ အတိုင်း liftဘက်ကို လမ်းရှင်းပြီးပြန်လာတော့ အကို့နားမှာ ဝိုင်းပြီး ရယ်မောပျော်ရွှင်နေတဲ့ စခန်းက ဟာတွေ..။
ဒင်းတို့လား...စခန်းပြန်ရောက်မှ သုံးရက်လောက် ရိက္ခါရှာ ထွက်ခိုင်းပစ်မယ်...။
ဇိုင်း-"အကို ကျနော်လမ်းရှင်းပြီးပြီ.."
ယံ-"အွန်း..သွားကြရအောင်.."
ယံ ဦးဆောင်ပြီးတော့ လေးလွှာကို တက်သွားလိုက်သည်။
Liftဖွင့်ဖွင့်ချင်း သူတို့ဆီပြေးဝင်လာတဲ့ zombieကောင်တွေကြောင့်
ယံအမြန် ရေခဲဖြင့် နံရံတစ်ခုခြားလိုက်ရသည်။ဒါတောင် ထိုzombieကောင်တွေက လက်မလျော့ သူ့တို့၏ လက်သည်း သွားတွေဖြင့် သွေးထွက်အောင်ကို ကိုက်နေကြသေးသည်။
ယံတို့ပြင်ဆင်ပြီးတာနဲ့ ရေခဲနံရံကို ရုတ်သိမ်းလိုက်ပြီး Zombieကောင်တွေကို စွမ်းအားသုံးကာ တိုက်ခိုက်ကြတော့သည်။

YOU ARE READING
Phoenix System
General FictionSystem fic လေးရေးကြည့်ချင်လို့ပါ။ တစ်စုံတစ်ခု/ယောက်နဲ့တိုက်ဆိုင်ခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်။