နေမင်းခကြားကြားချင်း ယုံတောင်မယုံနိုင်....။
ပြည့်ထက် နဲ့ မော်ကွန်းတို့လည်း နေမင်းခ နည်းတူပင်ဖြစ်၏ ။
လွန်ခဲ့သည့် တစ်ပတ်လောက်ကမှ အတူတူ အပြင်သွားခဲ့ကြသေးသည့်အပြင် ကြားထဲမှာလည်း သူတို့ အချင်းချင်း အဆက်အသွယ်လည်းမပြတ်ခဲ့ပေ။
အထူးသဖြင့် ပြည့်ထက်နှင့် နေ့တိုင်းလိုလို Phoneပြောခဲ့သည်....။
ကွန်းတို့ သူငယ်ချင်းတွေ စံပယ်ဖြူ့အိမ်ရောက်တော့ သူ့အမေက ငိုနေပြီး သူ့အဖေကလည်း မျက်နှာမကောင်းပေ....။
အကျိုးအကြောင်းမေးကြည့်တော့ မနက်5နာရီလောက်က အပြင်ကိုထွက်သွားခဲ့ကြောင်းပြောပြပြီး မနက်7နာရီလောက်မှာတော့ ရဲတွေကPhဆက်လို့ သွားခဲ့ရာ နှစ်လမ်းအကျော်က လမ်းကြားလေးတစ်ခုမှာ အသတ်ခံခဲ့ရခြင်းဖြစ်သည်.....။
စံပယ်ဖြူရဲ့အမေကတော့ သူ့သမီးလေးရဲ့ အလောင်းကို ကြည့်ကာ မေ့မြောခဲ့တာကြောင့် အိမ်ပြန်ခေါ်လာခဲ့ရခြင်းဖြစ်ပြီး အလောင်းကိုတော့ ဆေးရုံကို ယူသွားကြသည်...။
ရင်ခွဲအဖြေရမှ အလောင်းကို သဂြိုဟ်ရမှာဖြစ်သည်
......။ထိုနေ့ စံပယ်အိမ်မှပြန်တော့ သူတို့သုံးယောက်လုံး ဘာစကားမှမဆိုမိကြပေ...
။ပြည့်ထက်-"ငါ မင်းတို့ကို ပြောစရာရှိတယ်...."
နေမင်းခ-"ဘာပြောစရာလဲ..."
ပြည့်ထက်-"ဖြူ...ငါ့ကိုပြောတယ်...ပြီးခဲ့တဲ့ အပတ် ငါတို့တွေ့ပြီးထဲက တစ်ယောက်ယောက် သူ့ကို စောင့်ကြည့်ေနသလိုပဲတဲ့...."
မော်ကွန်း-"မင်း...ရဲတွေကို ပြောပြသင့်တယ်...."
ပြည့်ထက်-"ငါပြောပြမှာပါ....အဲ့တုန်းထဲက ဖြူမှာ အန္တရာယ်ရှိနေခဲ့တာ..... ငါက.. ငါက ဒီတိုင်း စိတ်ထင်တာပါလို့...."
နေမင်းခ-"ငါနားလည်ပါတယ်ကွာ....."
ပြည့်ထက်-"ငါ ဖြူကို ချစ်ခွင့်ပန်တော့မှာ....အ..အခုတော့...."
နေမင်းခ-"မင်းစိတ်လျော့ပါကွာ.....ဘယ်တတ်နိုင်ပါတော့မလဲ....ဖြူကို သတ်တဲ့တရားခံကို မိအောင်သာ ဆုတောင်းရမှာပဲ...."

YOU ARE READING
Phoenix System
General FictionSystem fic လေးရေးကြည့်ချင်လို့ပါ။ တစ်စုံတစ်ခု/ယောက်နဲ့တိုက်ဆိုင်ခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်။