Arc(8.1)

1.9K 130 32
                                    

မိုးသားကို နေမင်းခလို့ စသုံးမယ်နော်.....😶

..........

နေမင်းခလည်း အဝတ်အစားတွေကိုသေချာထုတ်ပိုးပြီးတော့ အခန်းအပြင်ကို ထွက်သွားလိုက်သည်....။

အိမ်လေးက သပ်သပ်ရပ်ရပ်ရှိတဲ့ တစ်ထိပ်အိမ်လေး....။

အိမ်ရှေ့ဘက်ကိုဦးတည်လိုက်တော့.....ခပ်ကျယ်ကျယ်ခြံဝန်းလေးကို ရွက်လှပင်တွေ ကွမ်းသီးပင်တွေနဲ့ ဝိုင်းပတ်ကာ ခြံစည်းရိုးသဖွယ် စိုက်ပျိုးထားသည်....။

အိမ်ရှေ့လမ်းမထက်တွင် ကလေးငယ်များပျော်ရှင်စွာ ခုန်ပေါက်ဆော့ကစားနေကြသေးသည်....။

"ကိိုကို....သမီးတို့နဲ့လာဆော့လေ...."

လမ်းမပေါ်မှာဆော့နေသော ကလေးငယ်များက သူ့အားလာဆော့ရန်ခေါ်နေ့ကြလေသည်....။

Momo-"host သွားဆော့ရအောင်နော်..နော်"

နေမင်းခ-"မင်းက ဆော့လို့မှမရတာကို..."

Momo-" hostဆော့လေ Momoကြည့်မယ်နော်...."

နေမင်းခလည်း သိပ်မဆော့ချင်ရှာပေ.....။

စီးထားသည့် ဖိနပ်ကိုပါ ချွတ်ကာ ကလေးတွေ နောက်သို့ ပြေးလိုက်လေတော့သည်...။

........................

တစ်ဖက်တွင်လည်း.....
မော်ကွန်းတစ်ယောက် ကျောင်းမှာ အဆောင်သွားနေရမှာဖြစ်တာကြောင့် ပြင်ဆင်နေသည်.....။

သူကဒီတိုင်းလည်းအဆင်ပြေပေမဲ့ ခခက အဆောင်နေချင်သည်တဲ့....
နောက်ဆုံးတော့လည်း သူကပဲ အလျော့ပေးပြီးတော့ သူပါ အဆောင်လိုက်နေဖို့ဆုံးဖြတ်လိုက်ရသည်....။

ခခ က အရာရာကို အားနာတတ်တယ်....ဖြူစင်လွန်းတဲ့ သူ့သူငယ်ချင်းလေးက အကျက့်ဆိုးတွေ ကူးစက်သွားဖို့ လွယ်ကူလွန်းသည်လေ....။

....................

နောက်တစ်နေ့နံနက်.....

နေမင်းခ အိပ်ရာနိုးတော့ မနက်6 နာရီခွဲ......

ဒါတောင်Momoတစ်ယောက် နည်းလမ်းမျိုးစုံနဲ့ နိုးထားရတာ....

အရင်ကမ္ဘာတွေထဲက hostအကြောင်းကို သိလို့သာ မနက် 4နာရီခွဲထဲက စနှိုးနေတာ...
ဒါတောင် 6နာရီခွဲမှ နိုးတယ်လေ....

Phoenix SystemDove le storie prendono vita. Scoprilo ora