မိုးသားတစ်ယောက် မျက်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ပန်းရောင်မျက်နှာကျက်တစ်ခု။
ထိုမျက်နှာကျက်ပေါ်မှာ အလှဆင်ထားတဲ့ မီးဆိုင်းကို ကြည့်ရုံနဲ့တင် သူ့ဝင်ထားတဲ့ကိုယ်ဟာ အတော်ချမ်းသာမှန်း သိသာပေသည်။
သူအခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့ မြင်မြင်သမျှအရာအာလုံးဟာ ပန်းရောင်တွေပင်။
ထို့ပြင် သူမြင်နေရတဲ့ သူ့လက်ကလေးဟာလည်း ကျောက်စိမ်းချောင်းလေးလို ဝင်းမွတ်နေကာ နတ်ဘုရားတို့ ထုဆစ်ထားသလို သွယ်လျနေသည်။
မိုးသားတစ်ယောက် ခေါင်းကို ကုတ်လိုက်တော့ ဆံပင်ကြမ်းကြမ်းတွေအစား နူးညံပျော့ပျောင်းနေပြီး ကျောလယ်လောက်ရှိတဲ့ ဆံပင်ရှည်တွေကို စမ်းမိတာကြောင့် ...
'What the hell'
ငါမိန်းကလေးကိုယ်ထဲ ဝင်လာမိတာလားဟု တွေးကာ ရေချိုးခန်းထဲသို့ ပြေးသွားလေသည်။
ရေချိုးခန်းထဲရောက်တော့မှ သက်ပြင်းချကာ
'ဟူးးးးသေးသေးလေးပေမဲ့ မရှိတာထက်စာရင် ကောင်းသေးတာပဲ' ဟုရေရွတ်လိုက်လေသည်။
ထို့နောက် ရေချိုးခန်းနံရံပေါ်က မှန်ဆီအကြည့်ရောက်မိတော့ ခဲရောင်ဆံနွယ်ရှည်တွေ အပြင် မျက်ဆံလေးကပါ ခဲရောင်တောက်တောက်နဲ့ crystal လေးလို ကြည်လင်နေသည်။
နှာတံလုံးလုံးလေးကလည်း မျက်လုံးလေးများနှင့် ပနံသင့်ကာ သူ့နေရာနှင့်သူ လှပနေလေသည်။
နှုတ်ခမ်းလေးက ပန်းရောင်ဖျော့ဖျော့လေးဖြစ်နေကာ နှုတ်ခမ်းပါးပါးလေးက ချစ်စဖွယ်အတိ။ မိုးသားပြုံးလိုက်မိတော့ ကော့တက်သွားတဲ့ နှုတ်ခမ်းစွန်းလေး နှစ်ဖက်ကြာင့် ရင်တွေခုန်လာသယောင်...
'မဖြစ်ဘူး...ငါမှာလူကြီးရှိတယ်....' ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ရသည်။
ရေချိုးခန်းထဲက ထွက်ပြီး အခန်းတစ်ခုလုံးကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
သူ့ဘဝ မှာ အမုန်းဆုံးအရောင်က ပန်းရောင်မဟုတ်လား။ အခုတော့ တစ်ခန်းလုံး အမွှေးပွဖိနပ်ပါမကျန် အကုန်ပန်းရောင်တွေကြီးပဲ။

YOU ARE READING
Phoenix System
General FictionSystem fic လေးရေးကြည့်ချင်လို့ပါ။ တစ်စုံတစ်ခု/ယောက်နဲ့တိုက်ဆိုင်ခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်။