Are(9.5)

209 27 4
                                    

အကျီစဝယ်ရန်ပိုက်ဆံမရှိသောကြောင့် မုန့်စားပြီးစျေးမှပြန်လာသော မိမိhostမှာအရိုက်ခံရမည်ကိုစိုးရိမ်နေသည်။

ဘယ်နှယ်အကျီအစဝယ်ဖို့အပြင်ထွက်တာ အကျီအစပြန်မပါလားဘူးတဲ့....။

ရှုယာတစ်ယောက် အိမ်ထဲသို့မဝံမရဲနဲ့ ဝင်လာခဲ့သည်။

ဘာလို့ဆို အကျီအစမှမဝယ်ခဲ့တာ...

မိမိအခန်းဆီသို့ တိတ်တ်ိတ်ကလေး ကုပ်ချောင်းကုပ်ချောင်းဖြင့် ပြန်ရန်စီစဥ်ထားသော်လည်း မာတာမိခင်မှာ နတ်မျက်စိရနေသကဲ့သို့ သူ့အားလှမ်းခေါ်လေသည်။

ပိုင်သခင်မကြီး-"ရှုယာ.....ကလေးလေး လာအုံး....''

ပိုင်ရှုယာ-" ဟုတ်ကဲ့အမေ သားကိုဘာပြောမလို့လဲဟင်....''

ပိုင်သခင်မကြီး-"သားငယ်လေး ကြင်ယာတော်ရွေးပွဲအတွက် ပိတ်စဝယ်လာသေးလား...''

ပိုင်ရှုယာ-"သား....သားလေ....ကြိုက်တာမတွေ့လို့မဝယ်ခဲ့ပါဘူး အမေ''

ပိုင်သခင်မကြီး-" တော်သေးတာပေါ့ သားတော်အတွက် အိမ်ရှေ့စံအိမ်တော်နဲ့ ဒုတိယမင်းသားအိမ်တော်က ပွဲတော်အတွက် ပိတ်စ လာပို့ထားတယ်.....''

ပိုင်ရှုယာ-"ဗျာ......နှစ်ယောက်တောင်....''

ပိုင်သခင်မကြီး-"ဟုတ်တယ်သားငယ်လေး အာ့တော့ဒီအမေပြောချင်တာက အိမ်တော်နှစ်ခုလုံးက လျစ်လျှူရှုလို့ရတဲ့ အနေအထားမဟုတ်ဘူး သားငယ်။ ဒီနိုင်ငံမှာ အရှင်မင်းကြီးပြီးရင် အိမ်ရှေ့စံက အာဏာအကြီးဆုံးပဲ ။ ဒုတိယမင်းသားကလည်း နောက်ခံအင်အားရော အရှိန်အဝါရောက အိမ်ရှေ့စံထက်မသာတောင် အများကြီးမလျော့ဘူး ကလေးလေး။ အမေအနေနဲ့ သားတော်ကို ဒီပိတ်စနှစ်ခုလုံးကို ဝတ်မှရမယ်ဆိုတာသိ​ေစချင်လို့........''

ပိုင်ရှုယာ-"ဟုတ်ကဲ့ပါအမေ သားတော်သိပါပြီ....''

......................      .....................      .................

ပိုရှုယာ-"မိုမိုရေ ငါ့လင်းနှစ်ယောက်လုံးက ငါ့ကိုတော်တော်စွဲလမ်းနေကြပါ့လား....''

မိုမို-"မိုမိုတော့ hostကိုအများကြီးသနားတာပဲ ခုလည်းအစနှစ်ခုကိုအကျီလုပ်ဝတ်ရအုံးမယ်....''

Phoenix SystemWhere stories live. Discover now