ဗန်းနက် တစ်ယောက် စစ်ဆေးမှုပြီးတော့ သူ့အခန်းဖော် နှစ်ယောက်နဲ့ ပြန်မလို့ လုပ်နေတုန်း ဗိုလ်ချုပ်အေဗင် က မောရစ်ဆိုတဲ့ တစ်ယောက်ကို အပြင်သွားဖို့ လာခေါ်တာကြောင့် သူလည်း လိုက်ချင်တယ်ဟု ဆိုကာ အတင်း လိုက်ခဲ့ရသည်။
ဗိုလ်ချုပ်အေဗင် ဆိုတာ အင်အားကြီး Alphaတစ်ယောက် ဖြစ်တဲ့အပြင် ချမ်းသာပြီး အာဏာရှိတယ်လေ။
သူဆိုရင် သူရဲ့ ဘဝကိုကယ်တင်ပေးနိုင်လောက်တယ် မဟုတ်လား။
"စမစ်....ဗန်နက်စမစ်..တဲ့လား..အဟက်"
ဘာစမစ်လဲ။ စမစ်မျိုးရိုးခံ ခိုင်းပြီး ခွေးထက်နိမ့်ကျတဲ့ ဘဝမှာ နေနေရတာလေ။
အဲ့လိုနေရတာသူ သည်းခံနိုင်တယ်။
သူ့အမေ..သူ့အမေအတွက်ကရော..။
ဖျက်ဆီးခံခဲ့ရတဲ့အပြင်...အသတ်ပါခံခဲ့ရတယ်လေ။
သူဒါတွေကို မေ့ပျောက်ဖို့ ကြိုးစားခဲ့တယ်။
သူ့ဘက်မှာ ဘယ်သူရှိလဲ။
သူ့အဖေကရော...များပြားလှတဲ့ မယားငယ်တွေက မွေးတဲ့သားသမီးတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး..သူအပါအဝင်ပေါ့။
သူ့အမေကို စမစ်သခင်မကြီး လုပ်ကြံတုန်းကရော..သူ့ကို သူ့အကိုတွေ အနိုင်ကျင့်ဖို့ ကြိုးစားတုန်းကရော..။
'မသိချင်ယောင်ဆောင်ခဲ့တာပဲလေ...'
သူက အင်အားရှိအောင် ကြိုးစားချင်ရုံပါ။
သူ စမစ်မိသားစုကနေ ရုန်းထွက်ချင်ရုံလေးပါ။
ဗန်းနက်တစ်ယောက် သူ့ရှေ့က လူတွေကို ကြည့်လိုက်ရင်း မနာလိုမိသလို တစ်ခါတည်း ကြည်နူးမှု ၊ ဝမ်းနည်းမှုတွေပါ ခံစားလိုက်ရတယ်။
သူကျတော့ ဘာလို့လဲ...ဘာလို့ အဲ့လို အချစ်မခံရတာလဲ။
သူအချစ်မခံရတာနဲ့ သူတို့တွေရဲ့ အချစ်ကို ဖျက်စီးသင့်ရဲ့လား...ဟင့်အင်း..။
ဗန်းနက်တစ်ယောက် သူ့ဘဝအကြောင်း တွေးရင်း မျက်ရည်များ ကျလာတာကြောင့် Toiletသို့ သွားရန် ခွင့်တောင်းပြီး ထွက်လာခဲ့သည်။

YOU ARE READING
Phoenix System
General FictionSystem fic လေးရေးကြည့်ချင်လို့ပါ။ တစ်စုံတစ်ခု/ယောက်နဲ့တိုက်ဆိုင်ခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်။