Part-2

255 32 0
                                        

ဂျောင်ဟွမ်တစ်ယောက်ဒီကိုရောက်နေတာ
တစ်ပါတ်ကျော်တောင်ရှိပြီသူအိမ်တွင်းဘဲအောင်းဖြစ်နေသည်ရွာထဲတောင်ပတ်မကြည့်ဖြစ်
တကယ်တော့သူအပျင်းကြီးနေတာသာဖြစ်သည်

"ဂျောင်ဟွမ်ရားး  မင်းကြည့်ရတာပျင်းဖို့ကောင်း
လိုက်တာအပြင်လေးဘာလေးသွားပါလား"

"မသွားချင်ပါဘူးလေးငယ်ရာ
အပြင်သွားလဲအကုန်လုံးကလိုက်ကြည့်နေကြမှာ"

အမှန်ပါဘဲဂျောင်ဟွမ်ပျင်းတာထက်လူတွေကစပ်စုသလိုလိုက်ကြည့်နေကြတာကိုသဘောမကျလို့ပါစရောက်တဲ့နေ့တုန်းကဆိုရွာထဲကကလေး
တွေကအစမြို့သားမမြင်ဖူးဘူးဆိုပြီးလညကြည့်ကြတာအဒေါ်ကြီးတွေကလဲသမက်တော်ချင်တယ်ဆိုပြီးလာစကြတာအဲ့ဒါနဲ့အပြင်ထွက်ချင်စိတ်မရှိတော့တာပင်တကယ်တော့ဂျောင်ဟွမ်ရှက်လို့ပါ

"အဲ့ဒါကမင်းရောက်ခါစမို့စပ်စုကြတာပါ
အခုတော့မင်းလာကြည့်ပါဆိုရင်တောင်
သူတို့လာမကြည့်တော့ဘူးသူတို့လဲသူတို့
အလုပ်နဲ့သူတို့မအားကြပါဘူးမင်းကိုက
အကဲပိုနေတာ"

"မဟုပါဘူးဗျာလေးငယ်ကလဲ"

"ဟုတာတွေမဟုတာတွေပြောမနေနဲ့တော့
ချယ်ရီတွေလဲပွင့်နေပြီငါတို့ရွာထုံးစံအရမုန့်လုပ်စားကြအိမ်နီးချင်းတွေလဲမုန့်ဝေကြတယ်
နောက်ပြီးဘုရားကျောင်းမှာပွဲအသေးစားလေးလုပ်တယ်မင်းသွားသင့်တယ်ဒီရောက်ထဲကမင်းဘယ်မှလဲမထွက်သေးဘူးမလား"

"အွန်းလေ လေးငယ်ကအတင်းလွှတ်နေမှာတော့
ကျွန်တော်သွားပါ့မယ်"

"ဒါဆိုညနေကျအတူသွားကြတာပေါ့
ရေလေးဘာလေးချိုးထားရွာထဲကကောင်မလေးတွေတော့မင်းကိုဝိုက်ကြတော့မှာဘဲ"

"အဲ့လိုတွေစလို့မထွက်ချက်တာ"

"ကဲပါစိတ်ကောက်မနေနဲ့လေးငယ်ကခြံထဲသွားလိုက်အုံးမယ်အဆင်သင့်ပြင်ထားလိုက်ပြန်လာတာနဲ့သွားကြမယ်"

တစ်ဖြေးဖြေးအချိန်ကုန်တာအလွန်ပျင်းဖို့ကောင်းသည်လေးငယ်ကလာခေါ်မယ်ပြောပြီး
ပေါ်မလာသေးပြင်ဆင်ထားတဲ့ရှိုးတောင်
ပျက်နေပြီရွာထဲကအပျိုချောချောလေးများ
ရှိမလားဆိုပြီးဆိုဂျောင်ဟွမ်တစ်ယောက်
ပဲများထား​ခြင်းပင်ဖြစ်သည်

"ဟာ ဟေ့ကောင်မင်းကပြင်ဆင်ပြီးပြီပေါ့
တော်သေးအပြင်မသွားချင်လို့သာ
ငါ့တစ်အိမ်လုံးမင်းရေမွှေးနံမွှန်ထူနေတာပဲ"

"လေးငယ်ကလဲကျွန်တော်လဲလှချင်..
အဲမှားလို့ချောချင်တာပေါ့
ရွာထဲကလူတွေကအတင်းလိုက်ကြည့်မှာကို"

"အေ့ပါငါရေချိုးအုံးမယ်ခနစောင့်"

"မြန်မြန်ချိုးနော်"

"အမလေးမိချောင်းမသားရယ်
မသွားချင်လို့သာဘဲငါရေတစ်ခွက်ပဲ
ချိုးပြီးတက်ခဲ့မယ်"

ဆိုဂျောင်ဟွမ်အော်ရီမိသည်
သူကလဲသူပါဘဲအပြင်ထွက်ချင်စိတ်မရှိပေမဲ့
အခုဘုရားကျောင်းသွားမှာကို
အလိုလို​​နေရင်းစိတ်ထဲ​ကြည်နူးနေမိသည်
ဖတ်ဖူးတဲ့အချစ်ဝတ္ထုတွေထဲကလို
ဘဝရဲ့တစ်စိတ်တစ်ပိုင်းကိုတွေ့ရှိရတော့မလို
အလိုလိုပြုံးနေမိသည်

                .......................................

အမှားပါရင်ခွှင့်လွှတ်ပါ🙏
ယိုရှီလေးကနောက်တစ်ပိုင်းဆိုပေါ်ပါပြီ😁
နှစ်ပိုင်းတောင်ရှိပြီမပေါ်သေးတော့
မပါ​တော့ဘူးလားတွေးနေမှာစိုးလို့ပါ😁

Spring days in BusanWhere stories live. Discover now