ယိုရှီနဲ့ဂျောင်ဟွမ်ပန်းခြံကခုံလေးပေါ်
မှာထိုင်နေကြသည်ဘာစကားမှမပြော
ဖြစ်ကြကားပေါ်မှာလဲယိုရှီကတိတ်တ
ဆိတ်သာလိုက်လာခဲ့သည်ဂျောင်ဟွမ်
ကတော့ပြောစရာတွေများလွန်းလို့ဘယ်
ကစပြောရမှန်းကိုမသိတော့ပါတော်သေး
တယ်လေးငယ်ကသူ့ရည်းစားလေးသူ
တစ်ခြားနေရာခေါ်သွားလို့ဟိုလိုဆို
အနားလိုက်ကပ်နေတာနဲ့ပိုအနေရခက်
နေမှာဒါတောင်ဂျောင်ဟွမ်ကသူ့ညီလေး
ကိုသေချာဂရုစိုက်ပါ့မယ်ဆိုပြီးကတိ
အထပ်ထပ်ပေးလိုက်လို့မလိုက်ချင်လိုက်
ချင်လေးငယ်နောက်ပါသွားလေရဲ့
ယိုရှီကတော့တစ်ခုခုကိုတွေးတောနေဟန်
"ယိုရှီ ဘာတွေတွေးနေတာလဲဟင်"
ဂျောင်ဟွမ်စကားစလိုက်မှအသိဝင်လာ
တဲ့လူတစ်ယောက်လို
"ဟင်...ဟိုငါတွေးနေတာကငါအရင်က
ဒီကိုများရောက်ဖူးခဲ့မလားလို့ပါ"
စကားသံတိုးတိုးနဲ့ညှိုးငယ်တဲ့မျက်နှာ
လေးကဂျောင်ဟွမ်ကိုရင်နာစေပါ
သည်
"ယိုရှီ ကျွန်တော်ပြောတာနားထောင်
နော်"
ဂျောင်ဟွမ်ကယိုရှီပခုံးနှစ်ဖက်ကို
ဆုတ်ကိုင်ပြီးမျက်နှာချင်းဆိုင်စေ
လိုက်သည်ရှေ့ကိုကျနေတဲ့ငွေရောင်
ဆံပင်တွေကြားကဂျောင်ဟွမ်ကိုပြန်
ကြည့်လာတဲ့မျက်ဝန်းလေးတွေက
တကယ်ပျော်ဝင်ချင်စရာပါ
"ယိုရှီ ကျွန်တော်တို့နှစ်ယောက်ဒီနေ့
အကြောင်းကိုပဲတွေးကြရအောင်
အတိတ်တွေအနာဂါတ်အကြောင်းတွေ
မပါပဲဒီနေ့လေးကိုတော့ယိုရှီရှေ့မှာရှိတဲ့
ကျွန်တော့်အကြောင်းကိုပဲတွေးပေး
ကျွန်တော်ကလဲယိုရှီ့အကြောင်းပဲတွေး
မှာမို့စိုးရီမ်ပူပန်ရတာတွေခနမေ့ထား
ကြရအောင် ယိုရှီ"
"အွန်း ဂျောင်ဟွမ်"
ဂျောင်ဟွမ်ပြောတာကိုသေချာနားထောင်
ပြီးခနတွေးဆဆဖြစ်ပြီးမျက်ဝန်းတွေမှိတ်
အောင်ပြုံးပြီးဖြေလာတဲ့ယိုရှီကအနည်း
ငယ်တော့စိတ်သက်သာရာရသွားပုံပါပဲ
"ဒါဆိုယိုရှီပြောကြည့်ပထမဆုံး
ကျွန်တော်တို့ဘာလုပ်ကြမလဲ"
"အွန်း...ငါတို့သူတို့လိုနှစ်ယောက်စက်ဘီး
စီးကြရအောင်နောက်ပြီးဟိုဟာကြီးလဲငါ
စားချင်တယ်နောက်ပြီးငါဟိုဟာကြီးလဲစီး
ချင်တယ်နောက်ပြီးငါ..ငါ.."
DU LIEST GERADE
Spring days in Busan
Fanfictionစိတ်ကူးပေါ်လာတာလေးကိုရေးချင်ဖြစ်ပါသည် ပညာရှင်မဟုလိုအမှားပါရင်နားလည်ပေးကြပါ ကလေးနှစ်ယောက်ကိုမြတ်နိုးလို့ကိုယ်ကိုတိုင်လဲ ဖတ်ချင်တဲ့Ficအမျိုးစားလေးမို့ပါ နေရာတွေပုံစံတွေကစိတ်ကူးယဥ်သတ်သတ်ပါဘဲအပြင်မှာတကယ်မရှိပါဘူး
