ဒီရက်ပိုင်းဟျွန်းဆော့ ယိုရှီလေးကို
အိမ်မှာပဲထားဖြစ်သည်အဓိကကဟို
ကောင်လေးနဲ့မတွေ့စေချင်ပါသူ့ဟာနဲ့သူ
တောင်တစ်နေ့နေ့အပူတွေနဲ့နိုးထလာရတဲ့သူ့
ညီလေးကိုတခြားတွေးစရာတွေမဖြစ်စေချင်ပါ
"ဟျွန်း ဟိုလေဒီနေ့ကောမနေ့ကမှတ်တမ်း
လိုပဲဘယ်မှမသွားရဘူးမို့လားဟင်''
"အွန်း.... ဘာလဲယိုရှီလေးကသွားချင်လို့
လားဟင်"
"မဟုတ်ပါဘူး သွားလဲမမှတ်မိမဲ့အတူတူ
မသွားတာပဲကောင်းပါတယ် ဟျွန်း"
ယိုရှီကဒီလိုပြောလာတော့ဟျွန်းဆော့စိတ်
မကောင်းဖြစ်ရသည်
"ဟျွန်း... ဟျွန်းး အိမ်ရှေ့မှာဘယ်သူလဲ
မသိဘူးအော်ခေါ်နေတယ်"
"ဟမ်..အော်ဟျွန်းအတွေးလွန်သွားတာ
ခနဟျွန်းသွားကြည့်လိုက်အုံးမယ်"
မနက်စောစောဘယ်သူပါလိမ့်စိုက်ခင်း
ဘက်ကတစ်ခုခုဖြစ်လို့များလား
ဟျွန်းဆော့အိမ်ရှေ့ရောက်တော့မြင်လိုက်
ရတာက
"မင်း...မင်း..ဘာလာလုပ်တာလဲ
ဂျီဟွန်းမင်းကိုငါပြောထားတယ်နော်
မင်းတူပါမယ်ဆိုငါ့စီဘယ်တော့မှမလာဖို့"
"ခနနေပါအုံးကိုယ့်တူစကားကိုခနနား
ထောင်ပေးပါအသဲရယ်နော်"
မျက်နှာငယ်နဲ့ပြောလာတဲ့ဂျီဟွန်းကသူ့တူ
ကိုလဲမနိုင်ဘူးထင်တယ်
"ဘာလဲမြန်မြန်ပြောမြန်မြန်ပြန်ဟာ"
"ကျွန်တော် ယိုရှီနဲ့တွေ့ချင်တယ်"
"ဘာ..မင်းလူစကားနားမလည်ဘူး
လားဟငါ့ညီကိုမင်းနဲ့မတွေ့ပေး
နိုင်ဘူး"
"ကျွန်တော့်လိုကောင်ကဘယ်သူကိုမှ
မခယတတ်ဘူးဒါပေမဲ့ hyungကိုတောင်း
ဆိုပါတယ်ကျွန်တော်ယိုရှီကိုမမြင်ရတာ
တစ်ပါတ်တောင်ပြည့်တော့မယ်
ခနလောက်ဖြစ်ဖြစ်ပေးတွေ့ပါဗျာ"
"မရဘူး လုံးဝမရဘူး
ငါလဲပြန်တောင်းဆိုနေတာပါငါ့ညီသူ့
ဘာသူအေးအေးချမ်းချမ်းနေပါစေ"
"ဒါဆိုကျွန်တော့ကိုအခွင့်ရေးတစ်ခုပေး
ဒီလောက်တော့ခွင့်ပြုပေး"
"ဘာအခွင့်ရေးလဲမြန်မြန်ပြော
ကြာရင်ယိုရှီကလိုက်ထွက်လာလိမ့်မယ်"
"ကျွန်တော့ကိုယိုရှီနဲ့တစ်ရက်အတူတူရှိ
ခွင့်ပေးပါကျွန်တော့ဘဝရဲ့အမှတ်တရလေး
အဖြစ်သိမ်းထားချင်တယ် ဒါပြီးရင်
ကျွန်တော်ဆိုလ်းကိုအပြီးပြန်မယ်
ယိုရှီ့ရှေ့ကိုဘယ်တော့မှာပေါ်မလာစေ
ရဘူးကတိပေးတယ်မဟုတ်ရင်တော့
မတွေ့ရမခြင်းကျွန်တော့သောင်းကြမ်း
နေမိမယ်ထင်တယ်"
ဟျွန်းဆော့တစ်ချက်တွေဝေသွားသည်
တစ်ရက်လောက်ပေးတွေ့လိုက်ပြီး
တကယ်ဒီကောင်လေးသာထွက်သွား
မယ်ဆိုရင်ဘာပြဿနာမှထပ်မရှိ
လောက်တော့တစ်ရက်ပေးတွေ့ပြီး
မှတ်စုမှာရေးမထားရင်ယိုရှီလဲမေ့သွား
မှာပဲဒီကောင်လေးကသူပြောတာမလိုက်
လျောရင်တစ်သက်လုံးနှောက်ယှက်နေမဲ့
ပုံပဲသူ့ညီလေးအတွက်သူအကောင်းဆုံး
ရွေးချယ်လိုက်သည်
"ကောင်းပြီလေတစ်ရက် တစ်ရက်ပဲနော်
နောက်ပြီးငါ့ညီရှေ့ရောဒီရွာကိုကော
ဖြစ်နိုင်ရင်ဒီမြို့ကိုတောင်ခြေမချမိစေနဲ့"
"ကျွန်တော်ကတိပေးတယ်"
"အိုကေလေဒါဆိုမနက်ဖြန်မနက်လာခဲ့လိုက်
မင်းကယိုရှီကိုတစ်နေရာခေါ်သွားချင်တာ
ဆိုလဲငါပါမှရမယ်နော်ကြိုသတိပေး
ထားတာ"
"ဟုတ်ကဲ့ပါ ဒါဆိုကျွန်တော်အခုပြန်
တော့မယ်မနက်ဖြန်ကျလာခဲ့မယ်"
"အင်း"
ခေါင်းငုံ့ကာထွက်သွားတဲ့ကောင်လေး
ကိုကြည့်ရင်း
သူ့ရွေးချယ်မှုတွေမှန်ကန်ဖို့ဟျွန်းဆော့
ဆုတောင်းနေမိသည်
"ဟ..လန့်လိုက်တာမင်းကပါပြန်မလိုက်ပဲ
ဘာလုပ်နေတာလဲဟ"
"အချစ်ကိုယ်အချစ်ကိုလွမ်းလိုက်ရတာ"
"ငါလဲမင်းကိုလွမ်းပါတယ်ဒါပေမဲ့.."
"ရှူးးကိုယ်အချစ်ကိုနားလည်တာမို့
ဘာမှရှင်းပြစရာမလိုဘူး
ကိုယ်အခုပြန်တော့မယ်
မွ..."
ပြေးထွက်သွားတဲ့ဂျီဟွန်းကိုကြည့်ပြီး
ဟျွန်းဆော့ခေါင်းခါမိသည်အသားကယူ
သွားသေးတာသူလဲသူ့ချစ်သူ့ကိုလွမ်းတာပါပဲ
ပြောသာပြောရတာအဲ့လူကြီးကိုကအကဲပိုတာ
နေ့တိုင်းတွေ့နေရတာကို
ကြည်နူးစရာလေးတွေးရင်းနဲ့မှ
မနက်ဖြန်အကြောင်းတွေးပြီးဟျွန်းဆော့
ရင်မောရပါသည်
....................................
အကြာကြီးပျောက်နေမိလို့တောင်းပန်ပါတယ်
မျှော်နေမဲ့သူရှိရဲ့လားမသိပေမဲ့အကောင်းဆုံး
ကြိုးစားပြီးရေးထားပါတယ်😁💖
ESTÁS LEYENDO
Spring days in Busan
Fanfictionစိတ်ကူးပေါ်လာတာလေးကိုရေးချင်ဖြစ်ပါသည် ပညာရှင်မဟုလိုအမှားပါရင်နားလည်ပေးကြပါ ကလေးနှစ်ယောက်ကိုမြတ်နိုးလို့ကိုယ်ကိုတိုင်လဲ ဖတ်ချင်တဲ့Ficအမျိုးစားလေးမို့ပါ နေရာတွေပုံစံတွေကစိတ်ကူးယဥ်သတ်သတ်ပါဘဲအပြင်မှာတကယ်မရှိပါဘူး
