Part-6

194 30 1
                                        

ဂျောင်ဟွမ်ဒီနေ့စာအုပ်ဆိုင်တွင်
ထိုင်ပြီးယိုရှီကိုစောင့်နေမိသည်
တစ်ခုခုကိုလဲမကျေမနပ်ဖြစ်နေမိသည်

လွန်ခဲ့သောလေးရက်ကဘုရားကျောင်း
တွင်ယိုရှီနဲ့တွေ့ခဲ့သည်

"ယိုရှီရားးးယိုရှီဒီမှာရှိမယ်ဆိုတာ
သိသားဘဲမနက်ကလေးငယ်ကို
အလုပ်ကူနေရလို့စာအုပ်ဆိုင်မလာ
ဖြစ်တာ"

ဂျောင်ဟွမ်စကားပြောရင်းယိုရှီ့
ဘေးနားမှာဝင်ထိုင်လိုက်သည်

"ဟို...ဟိုဘယ်သူလဲမသိဘူးနော်"

အဲ့စကားကိုကြားတော့ဂျောင်ဟွမ်
စိတ်အလိုမကျဖြစ်သွားပြီးအော်
လိုက်မိသည်

"ယိုရှီ့ ခင်ဗျားလွန်တယ်မထင်ဘူးလား
ဒါနဲ့ဆိုခင်ဗျားနဲ့ကျွန်တော်တွေ့တာက
လေးကြိမ်မြောက်ဖြစ်နေပြီလေ
တွေ့တိုင်းဘယ်သူလဲမေးခံရတာက
ပြဿနာမဟုပေမဲ့မေးတဲ့သူကခင်ဗျား
ဖြစ်နေတော့ရင်နာရတယ်ဗျ
နာမည်ကဆိုဂျောင်ဟွမ်လို့
ဆိုဂျောင်ဟွမ်နားလည်လား"

"ဟို..ငါ.ငါတောင်းပန်ပါတယ်
ငါမင်းကိုမေ့သွားမိပြန်ပြီ"

အဲ့နေ့ကတောင်းပန်ပါတယ်
နဲ့သူနားမလည်တာတွေပြော
ပြီးထွက်သွားတဲ့လူကိုဂျောင်ဟွမ်
တစ်ဖက်သတ်စိတ်ဆိုးမိသည်
တစ်ယောက်ထဲစိတ်ဆိုးပြီးမနေနိုင်လို့
နောက်ကနေတော့လိုက်ချောင်းဖြစ်သည်
ချစ်ရသူလေးကတော့အပူပင်ကင်းစွား
မနက်ပိုင်းစာလေးဖတ်လိုက်ညနေပိုင်း
ဘုရားကျောင်းမှာအနားယူလိုက်နဲ့
သူကတော့ရင်တွေပူလိုက်ရတာ
ဒီနေ့တော့ဂျောင်ဟွမ်အလျော့မပေး
တော့ပါ

'ချွင်..ချွင်..'

လာပါပြီမျှော်နေသူလေးမမြင်ချင်
ယောင်ဆောင်ပြီးမသိသလိုနေပြမယ်
စာဖတ်တဲ့နေရာကိုတော့မလာသေး
သူ့အကိုကလေနေ့တိုင်းလာပို့လာကြို
ခုလဲဘာတွေအမှာခြွေနေပြန်ပြီလဲမသိ

'ဟောလာပြီလာပြီ'
ဂျောင်ဟွမ်တွေ့ရာစာအုပ်စွဲယူပြီး
စာဖတ်ချင်ယောင်ဆောင်နေလိုက်သည်

ချစ်ရသူလေးကဖတ်မဲ့စာအုပ်လေးယူပြီး
ထိုင်ရမဲ့နေရာစီလာနေပြီ
ဂျောင်ဟွမ်စိတ်ထဲကဆုတောင်းမိသည်
သူ့ကိုလာချော့ဖို့ကိုသူနဲနဲအချော့ခံချင်နေ
ပါသည်
ဒါပေမဲ့ယိုရှီရဲ့လုပ်ရက်ကသူ့ကိုဟိုနေ့က
စိတ်ဆိုးတာထက်ပိုပြီးဒေါသပိုထွက်
သွားစေသည်သူ့ကိုကျော်ပြီးထိုင်နေကျ
စားပွဲ​​လေးမှာသွားထိုင်နေသည်
ဂျောင်ဟွမ်တကယ်သည်းမခံနိုင်တော့ပါ
ယိုရှီရှိရာစားပွဲကိုသွားလိုက်မိသည်

Spring days in BusanWhere stories live. Discover now