"ဂျောင်ဟွမ်ရားးးငါမျက်စိတွေ
နောက်လာပြီနော်ဘာဖြစ်နေတာလဲ
ဘုရားကျောင်းကပြန်လာထဲက
အငြိမ်မနေဘူးဖင်တကြွကြွနဲ့
ငါ့ကိုမေးစရာရှိတာကကောဘာလဲ"
လေးငယ်ပြောချင်လဲပြောချင်စရာပါ
သူ့စိတ်ထဲဟိုကောင်လေးကိုဘဲ
ပြန်တွေ့ချင်နေသည်လေးငယ်ကို
မေးမယ်ပြောပြီးချီတုံချချီဖြစ်နေမိသည်
"ဟိုလေ....လေးငယ်ကျွန်တော်
လူတစ်ယောက်အကြောင်းသိချင်လို့"
"ဘာလဲသဘောကျတဲ့ကောင်မလေး
တွေ့ခဲ့လို့လား"
လေးငယ်ကရီပြီးမေးနေပေမဲ့
သူမရီနိုင်ပါသူတွေ့ခဲ့တာကောင်မလေး
မှမဟုတ်ပဲ
"သဘောကျမိသွားတာမှန်ပေမဲ့
ဟို....ကောင်မလေးမဟုဘူးလေးငယ်"
လေးငယ်ကိုတော့ပွင့်ပွင့်လင်းလင်း
ပြောပြသင့်သည်ဟုဂျောင်ဟွမ်
ထင်သည်လေးငယ်ကအနဲငယ်
အံ့သြသွားပေမဲ့မလိုလားပုံတော့မပေါ်
"ဂျောင်ဟွမ်ရားးးမင်းပြောချင်တာ
ယောက်ျားလေးတစ်ယောက်ကို
သဘောကျမိသွားတယ်
ပြောချင်တာလား"
"ဟုတ်တယ်လေးငယ်"
"ဒါနဲ့နေပါအုံးငါရင်တွေပူလိုက်တာ
မင်းသဘောကျတဲ့လူပုံစံကဘယ်လို
လဲအခုပြောငါ့ကိုအခုပြော"
လေးငယ်ကရုတ်တရက်ဒေါသထွက်
သလိုမေးတော့ဂျောင်ဟွမ်ကြောင်သွား
မိသည်
"ဟိုဟို ဆံပင်ငွေရောင်လေးနဲ့
အသားဖွေးဖွေးလေးတော်တော်လဲ..."
"ဟူးးးးးးးရပြီရပြီတော်သေးတယ်
ငါ့ဟျွန်းဆော့လေးကိုများ
မင်းသဘောကျသွားတာလားလို့"
ဂျောင်ဟွမ်ဆုံးအောင်မပြောရသေး
ဘူးစကားဖြတ်ပြောပြီးသူ့လူကိုလုမှာ
စိုးနေသည်
"ဟမ်...ဒါဆိုလေးငယ်သဘောကျ
နေတာကလဲယောက်ျားလေး
တစ်ယောက်ပဲလား"
"အေးဟုတ်တယ်
ငါကမင်းထက်တော့အဆင့်မြင့်တာ
ပေါ့ငါတို့ကချစ်သူတွေလေ"
ဂုဏ်ဆာသလိုပြောနေသောဦးလေး
ဖြစ်သူကိုဂျောင်ဟွမ်အမြင်ကပ်လာသည်
"ဒါနဲ့နေပါအုံးမင်းသဘောကျတဲ့လူက
ဘယ်လိုပုံစံငါ့ကိုပြန်ပြောစမ်း"
"ဘာလို့လဲလေးငယ်အသိလား"
"ပြန်ပြောစမ်းပါ့"
"ဆံပင်ငွေရောင်အသားလေးကဖွေးလို့
ချစ်ဖို့အရမ်းကောင်း..ကောင်း..."
"ဟာဟာ..မင်း..မင်း
အတော်အတွေ့ကောင်းပါလား
မင်းသဘောကျနေတာက
ငါ့ချစ်သူရဲ့ဂျပန်ကလာတဲ့
ညီဝမ်းကွဲကွ"
"ဗျာ..ဟုလို့လားလေးငယ်ရ
သေချာလို့လား"
"မသေချာဘဲရှိတစ်ရွာလုံးမှာ
ဆံပင်ငွေရောင်ကသူတစ်ယောက်
ပဲရှိတယ်ကြိုပြောထားမယ်နော်
ငါ့ကိုအောင်သွယ်တော်လာမငှားနဲ့
ငါ့ဆော့လေးကသူ့ညီကိုအရမ်း
တိုတာမင်းဘာသာကြိုးစား
နောက်ပြီးယိုရှီကမင်းမသွားချင်တဲ့
ဂျပန်ကိုအချိန်တန်ရင်ပြန်မှာ''
"နာမည်ကယိုရှီတဲ့လား..ဟိဟိ
ဒါနဲ့သူကဂျပန်လူမျိုးလား"
''ဟုတယ်သူကငါ့ယောက္ခမညီမနဲ့
ဂျပန်သားနဲ့ရတာတဲ့ယိုရှီကိုမွေးပြီး
ဂျပန်ကိုအပြီးပြောင်းသွားတာ
ယိုရှီကတစ်နှစ်တစ်ခါဒီကိုအလည်
လာနေကြလေဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကတော့
မလာဘူးအခုတော့ဒီရောက်နေတာ
သုံးလလောက်တော့ရှိပြီထင်တယ်
နောက်ပြီးသူက
မင်းပြောသလိုကောင်လေးမဟုဘူး
နှစ်ဆယ့်ငါးနှစ်ရှိပြီ"
''ဟမ်ကျွန်တော့ထက်ငယ်မယ်ထင်နေတာ"
''မင်းကသာစွတ်ပြီးထွားနေတာကို
ဆယ့်ရှစ်နှစ်သားနဲ့မလိုက်အောင်"
ဂျောင်ဟွမ်တစ်ယောက်မပျော်နိုင်တော့ပါ
အသက်ကွာတာကြောင့်မဟုတ်ပဲ
သူ့ကိုကလေးသာသာလိုဆက်ဆံရင်
ဆိုပြီးတွေးမိတော့ရင်နာရသည်
"ငါတော့နားတော့မယ်မင်းကတော့
တစ်ညလုံးစိတ်ကူးယဥ်လိုက်အုံး"
လေးငယ်ပြောသလိုပါဘဲ
ညနေကမြင်လိုက်ရတဲ့မျက်နှာလေးကိုပြန်
မြင်ယောင်ရင်းဂျောင်ဟွမ်တော်တော်နှင့်
အိပ်မပျော်ခဲ့ပါအိပ်ပျော်သွားတော့လဲ
အိပ်မက်ထဲမှာထိုမြင်ကွင်းလေးသာ
ထိုလူသားကိုအနီးကပ်မြင်ရဖို့ပြေးလွှား
နေရင်းအိပ်မက်ထဲမှာရုန်းကန်နေမိသည်
သေချာတာကတော့ဒိနေ့တစ်နေ့တာ
ကတော့ဂျောင်ဟွမ်အတွက်ကြည်နူးရ
ရင်ဖိုရနဲ့ပျော်ရွှင်ခဲ့ရတော့အမှန်ပါဘဲ
..........................................
ဒီficကဂျောင်ဟွမ်sideအနေနဲ့ရေးတာမို့
ဂျောင်ဟွမ်အတွေးလေးတွေကိုဘဲအများစု
မြင်ရမှာပါ
ဖတ်ရတာအဆင်ပြေလားမသိဘူး
ရေးတာကမတော်လို့ပါ😁💓
BINABASA MO ANG
Spring days in Busan
Fanfictionစိတ်ကူးပေါ်လာတာလေးကိုရေးချင်ဖြစ်ပါသည် ပညာရှင်မဟုလိုအမှားပါရင်နားလည်ပေးကြပါ ကလေးနှစ်ယောက်ကိုမြတ်နိုးလို့ကိုယ်ကိုတိုင်လဲ ဖတ်ချင်တဲ့Ficအမျိုးစားလေးမို့ပါ နေရာတွေပုံစံတွေကစိတ်ကူးယဥ်သတ်သတ်ပါဘဲအပြင်မှာတကယ်မရှိပါဘူး
