ဂျောင်ဟွမ်ယိုရှီတို့အိမ်ရှေ့မှာမနက်
အစောထဲကလာပြီးစောင့်နေတာ
ဖြစ်သည်ဟျွန်းဆော့hyungကသူ့ညီ
ကိုအကျိုးအကြောင်းပြောရအုံးမှာ
ဖြစ်တဲ့အတွက်ကြောင့်သူ့ညီက
လက်ခံနားလည်တယ်ဆိုမှအိမ်ထဲဝင်
ရမယ်ဆိုလို့စောင့်နေတာသုံးနာရီကျော်
လောက်ရှိနေပြီဂျောင်ဟွမ်သူ့စိတ်အရ
သာဆိုဝင်ပြီးယိုရှီ့ကိုတွေ့လိုက်ချင်ပေမဲ့
နောက်ဆုံးတွေ့ခွင့်လေးတောင်မရမှာစိုး
လို့စိတ်ထိန်းထားရသည်
"လေးငယ်ရည်းစားကလဲခုထိထွက်
မလာသေးဘူးကျွန်တော်စိတ်တွေဆွဲ
ဆန့်ထားရတယ်"
"အေ့ပါမင်းကလဲစိတ်ရှည်စမ်းပါ"
"ဟူးးးးကျွန်တော်ရင်မောလိုက်တာ
ဒါကကျွန်တော်တို့ရေစက်ရဲ့နောက်ဆုံး
နေ့လေးလဲဖြစ်နေနိုင်တာမို့တစက္ကန့်
လောက်ပဲဖြစ်ဖြစ်စောပြီးတွေ့ချင်ရုံပါ"
ဂျီဟွန်းသူ့တူကိုသနားမိသည်ပထမဆုံး
အချစ်ပထမဆုံးရင်ခုန်မှုအချစ်ဦးနဲ့မှ
ဒီလိုတွေဖြစ်နေရတယ်လို့
"ဟိုမှာအချစ်ထွက်လာပါပြီ"
"စောင့်ရတာကြာသွားတယ်မို့လား
sorryဂျောင်ဟွမ်မင်းဝင်သွားလို့ရပြီ
ဒီနေ့တစ်ရက်တော့မင်းကိုညှာတာတဲ့
အနေနဲ့အခွင့်ရေးအပြည့်ဝပေးမှာမို့
လွတ်လပ်စွာစကားပြောရအောင်
ငါဟွန်းနဲ့ပဲအပြင်ကစောင့်နေမယ်
ဒါကလဲမင်းဒီနေ့ပြီးရင်အပြီးထွက်သွား
မယ်ဆိုတဲ့ကတိကြောင့်နော်မင်းကတိ
မင်းတည်ပါစေ"
ဟျွန်းဆော့hyungစကားကြားတော့
ဂျောင်ဟွမ်ပျော်မိသည်သူထင်တာက
သူ့ညီကိုစိတ်မချတာနဲ့အနားမခွာရင်
လွတ်လွတ်လပ်လပ်တောင်စကားပြော
ရပါ့မလားတွေးနေမိတာ
"အွန်း ကျွန်တော်ကတိတည်ပေးပါ့မယ်
ဒီနေ့အတွက်တော့ကျေးဇူးပါ"
ဟျွန်းဆော့ ဂျောင်ဟွမ်ကိုကြည့်ပြီး
စိတ်မကောင်းဖြစ်ပေမဲ့သူ့ညီအတွက်
ဆော့သူလုပ်သင့်တာလုပ်ရမှာပါပဲသူ
သနားမနေနိုင်တော့ဘူး
"အချစ်...အချစ်အရမ်းပင်ပမ်းနေမှာပဲ
နော်လာပါအုံးကိုယ့်ရင်ခွင်ထဲ"
ဟျွန်းဆော့ ဂျီဟွန်းရင်ခွင်ထဲဝင်လိုက်ပြီး
"ငါအရမ်းပင်ပမ်းတာပဲဟွန်းငါမင်းတူကို
သနားပေမဲ့ငါ့ညီအနာဂါတ်တွက်လဲငါစိတ်
ပူတယ်မင်းငါ့ကိုနားလည်ပေးစေချင်တယ်"
YOU ARE READING
Spring days in Busan
Fanfictionစိတ်ကူးပေါ်လာတာလေးကိုရေးချင်ဖြစ်ပါသည် ပညာရှင်မဟုလိုအမှားပါရင်နားလည်ပေးကြပါ ကလေးနှစ်ယောက်ကိုမြတ်နိုးလို့ကိုယ်ကိုတိုင်လဲ ဖတ်ချင်တဲ့Ficအမျိုးစားလေးမို့ပါ နေရာတွေပုံစံတွေကစိတ်ကူးယဥ်သတ်သတ်ပါဘဲအပြင်မှာတကယ်မရှိပါဘူး
