ဂျောင်ဟွမ်တို့တူရီးနှစ်ယောက်
ဘုရားကျောင်းထဲရောက်နေပြီဖြစ်သည်
ဘုရားကျောင်းထဲမှာတော့
ဝတ်ပြုတဲ့သူနဲ့လာသမျှလူကို
မုန့်တွေဝေငှပေးတဲ့လူနဲ့လူနဲနဲရှုပ်နေသည်
"ဂျောင်ဟွမ်မင်းလျှောက်ကြည့်ချင်
ကြည့်လေငါကတော့ပါလာတာတွေလဲဝေ
သူများဝေတာတွေလဲသွားယူလိုက်အုံးမယ်"
ပြောရင်းဆိုရင်းလေးငယ်ကထွက်သွားပြီ
ဖြစ်သည်ပုံမှန်ဆိုလူရှုပ်လဲနေတတ်ပေမဲ့
ကိုယ်မရင်းနှီးတဲနေရာဆိုတော့နဲနဲတော့
အနေခက်သည်ဟိုဟိုဒီဒီလူများကလဲ
ကွက်ကြည့်ကွက်ကြည့်လုပ်နေသဖြင့်
လူရှင်းလောက်မဲ့နေရာကိုဆို
ဂျောင်ဟွမ်ထွက်လာမိသည်
ဘုရားကျောင်းရဲ့အနောက်ဘက်က
လူရှင်းသဖြင့်ဂျောင်ဟွမ်လှမ်းလျှောက်
လာမိသည်လမ်းတစ်လျှောက်
ဟိိုဟိုဒီဒီချယ်ရီပင်တွေကလှပနေသည်
မျက်လုံးကစားပြီးလျှောက်ကြည့်နေမိရင်း
အရမ်းလှတဲ့မြင်ကွင်းလေးတစ်ခုကို
တွေ့ခဲ့တယ်သူ့ဘဝမှာတွေ့ဖူးသမျှထဲမှာ
အလှဆုံးမြင်ကွင်းလေးဖြစ်လိမ့်မည်
ချယ်ရီပင်တစ်ပင်အောက်မှာ
ပင်စည်ကိုမှီပြီးအိပ်နေတဲ့လူတစ်ယောက်
အိပ်ပျော်နေတာလားဖြတ်ပြေးနေတဲ့
လေညှင်းလေးတွေကိုခံစားနေတာလား
မသဲကွဲဘူးနှုတ်ခမ်းလှလှလေးကတော့
ပြုံးရောင်သမ်းနေခဲ့တယ်
ငွေရောင်ဆံနွယ်လေးတွေကလေပြေလေးနဲ့
အတူလှုပ်ရှားနေတယ်အနီးကပ်မြင်ရတာ
မဟုတ်တာတောင်ဒီလူကဂျောင်ဟွမ့်ရင်ကို
နူးနူးညံ့လေးလှုပ်ခက်စေတယ်
"ဂျောင်ဟွမ်းရေ..."
ဘယ်လောက်တောင်ရပ်ကြည့်နေမိတယ်မသိ
လေးငယ်အော်ခေါ်မှအသိဝင်လာတဲ့
လူတစ်ယောက်လို
အိပ်နေတဲ့လူကိုမနှောက်ယှက်တော့ပါဘူး
လေငယ်ကသူခေါ်တာမလာမချင်း
အသံဗြဲနဲ့အော်နေအုံးမှာလေးငယ်ခေါ်ရာ
အပြေးသွားမိသည်
"မင်းကလဲဘယ်သွားတာလဲငါ့ရှာလိုက်ရတာ
ငါ့ကိုဒါလေးကူအုံး"
"ကျွန်တော်ဘာကူရမှာလဲ"
"ဟ..ဒီမုန့်တွေကူသယ်လေပြန်မယ်"
"ဟမ်ပြန်တော့မှာလားသူများတွေတောင်ရှိသေးတာကို"
"ငါပါတာတွေဝေပြီးပြီလေသူများတွေက
ဝေမပြီးသေးလို့လေမင်းနေချင်
တစ်ယောက်ထဲနေခဲ့ငါတော့ပြန်ပြီ"
"ဟာစောင့်ပါအုံးဦးစိတ်တိုရယ်"
ဘုရားကျောင်းနောက်ကိုပြန်သွားချင်သေး
ပေမဲ့တစ်ယောက်ထဲတော့မနေခဲ့ချင်ပါ
ကိုယ်မရင်းနှီးတဲ့နေရာဆိုတော့
အပြန်ခက်နေရင်ဒုက္ခ
ဟိုကောင်လေးအကြောင်းတော့လေးငယ်
ကိုမေးကြည့်ရင်သိနိုင်ကောင်းပါရဲ့
ကြည်နူးစိတ်တွေနဲ့သွားခဲ့မိတဲ့နေရာ
လေးကနေအတွေးလှလှလေးတွေနဲ့
အတူပြန်လာမိသည်
ဒီနေ့ညတော့အိပ်မက်တွေများ
လှနေမလားမသိ
သူကိုယ်တိုင်လဲဘာကိုကျေနပ်နေမိမှန်း
ဂျောင်ဟွမ်သေသေချာချာမသိပါ
.................................
ယိုရှီလေးပေါ်လာပါပြီနော်😁💓
YOU ARE READING
Spring days in Busan
Fanfictionစိတ်ကူးပေါ်လာတာလေးကိုရေးချင်ဖြစ်ပါသည် ပညာရှင်မဟုလိုအမှားပါရင်နားလည်ပေးကြပါ ကလေးနှစ်ယောက်ကိုမြတ်နိုးလို့ကိုယ်ကိုတိုင်လဲ ဖတ်ချင်တဲ့Ficအမျိုးစားလေးမို့ပါ နေရာတွေပုံစံတွေကစိတ်ကူးယဥ်သတ်သတ်ပါဘဲအပြင်မှာတကယ်မရှိပါဘူး
