Part-11

178 27 3
                                        

ဟျွန်းဆော့ တွေးထားသလိုပါပဲ
ယိုရှီက ပုံမှန်လေးအတိုင်းသူထား
တဲ့အတိုင်းပုံမှန်လေးပြန်ဖြစ်သွားခဲ့
ပါပြီနှစ်ရက်ရှိပြီဟိုကောင်လေးလဲ
ပြန်သွားခဲ့ပြီဂျီဟွန်းကိုတောင်အဆက်
​အသွယ်မလုပ်တော့ဘူးတဲ့လေ ဒါပေမဲ့
အချိန်တန်ရင်ဂျောင်ဟွမ်လေးလဲယိုရှီ
ကိုမေ့သွားမှာပါလို့သူနဲ့ဂျီဟွန်းအချင်း
ချင်းအားပေးရင်းဖြေသိမ့်နေရသည်
ထူးဆန်းတာတစ်ခုတော့ရှိတယ်နှစ်ရက်
အတွင်းယိုရှီကတစ်ခုခုတွေးနေသလို
မျိုးဖြစ်နေတတ်တယ်ခြံရှေ့ထိုင်ပြီး
တစ်စုံတစ်ယောက်အလာကိုမျှော်နေ
သလိုပါပဲ

"ယိုရှီ TVကြည့်ရတာပျင်းနေပြီလား"

"မပျင်းပါဘူး ဟျွန်း"

"စိတ်ညစ်စရာတွေအရမ်းမတွေးနဲ့နော်
ရော့အသီးခွဲလာတယ်စားလိုက်အုံး"

"ဟုတ် ဟျွန်း"

ယိုရှီမှာဟျွန်းပြောသလိုတွေးစရာမရှိ
ပါဘူးတွေးနေမိတာမဟုတ်ပဲတစ်ခုခု
မရှိတော့သလိုခံစားနေရတာရင်ဘတ်
ထဲကပါနာတယ်TVကြည့်နေရင်း
TVထဲကပူဖောင်းလေးတွေကိုင်ပြီး
ပြေးနေတဲ့ကလေးလေးတွေကို
အကြောင်းမဲ့ငေးကြည့်ရင်းယိုရှီခေါင်း
တစ်ခြမ်းထိုးကိုက်လာသည်

"အ...ဟျွန်းခေါင်းကိုက်လိုက်တာ
ဟျွန်း..."

အိမ်ရှေ့ခနသွားတဲ့ဟျွန်းဆော့
ပြေးဝင်လာသည်

"ယိုရှီ.. ယိုရှီဘာဖြစ်တာလဲဟျွန်း
ကိုပြော"

လဲကျမလိုဖြစ်နေတဲ့ယိုရှီကိုထိန်းကိုင်
ပေးရင်းမေးလိုက်မိသည်

"အားးးဟျွန်းကျွန်တော်ခေါင်းတွေကိုက်
တယ်သေတော့မယ်ထင်တယ်
ခေါင်းထဲမှာစကားသံတွေပြေးလွှားနေ
တယ် အားးး"

'ယိုရှီအတွက်ဆိုကျွနတော်က...
ယိုရှီဘာစားမလဲ.....
ယိုရှီပျော်လား....
ယိုရှီ....ယိုရှီရေ...ယိုရှီကချစ်ဖို့ကောင်း
တယ်.....ယိုရှီ...ယိုရှီ....ယိုရှီ....'

ယိုရှီခေါင်းထဲစကားသံတွေအလုအ
ယက်ပြေးဝင်နေပါတယ်ခေါင်းပေါက်
ကွဲတော့မလိုခံစားနေရတယ်

ဟျွန်းဆော့သူခေါ်တာမကြားပဲခေါင်းကို
ဖိကိုင်ပြီးနာကျင်နေတဲ့သူ့ညီလေးကို
ကြည့်ပြီးငိုကြွေးနေမိသည်သူသာဖြစ်
လိုက်ချင်ပါတယ်

Spring days in BusanWhere stories live. Discover now