Part-7

199 30 1
                                        

ယိုရှီရဲ့ဘဝကသာမန်လေးဘဲဖြစ်ပြီး
ရိုးရှင်းတဲ့လူငယ်ဘဝလေးမှာသူ့ညီလေး
ကဝါသနာပါတဲ့စာရေးတဲ့အလုပ်ကိုလုပ်
ရင်းအေးချမ်းစွာဖြတ်သန်းသည်
ဂျပန်မှာNoriဆိုတဲ့က​လောင်နာမည်နဲ့
စာရေးပြီးရောင်းအားအကောင်းဆုံး
စာအုပ်စာရင်းထဲဝင်တဲ့အထိနာမည်
ကြီးလူငယ်စာရေးဆရာလေးဆိုမမြင်
ဖူးတာဘဲရှိမည်မသိသူမရှိသလောက်ရှား
မည်

ယိုရှီကအနေအေးသည်သီးသန့်
နေထိုင်တတ်ပြီးမွေးကတည်းနေလာတဲ့
Kobeမှာတောင်သူအိမ်နဲ့ကျောင်း
ကျောင်းနဲ့အိမ်လောက်သာသွားတတ်ပြီး
သူငယ်ချင်းတောင်ရှားရှားပါးတစ်ယောက်
သာရှိပြီးစာရေးခြင်းဖြင့်သာအချိန်ကုန်လေ့
ရှိသည်တစ်အိမ်ထဲနေတဲ့မိဘများနဲ့တောင်
အရေးကြီးပြောစရာမရှိရင်စကားမပြော
ဖြစ် လူများတဲ့နေရာတွေကိုမသွားသလို
လူလဲအလွန်ကြောက်တတ်ပါသည်
ဒါပေမဲ့ဟျွန်းဆော့ကိုအရမ်းခင်တွယ်ပါ
သည်အရမ်းလဲကပ်ချွဲတတ်သည်

ဟျွန်းဆော့မိဘတွေကဆိုလ်းမှာနေပြီး
ဟျွန်းဆော့ကတော့ကျေးလက်မှာဘဲ
နေရတာသဘောကျလို့ဘူဆန်မှာဘဲအခြေ
ချဖြစ်သည် ဒါကိုယိုရှီက တစ်ယောက်ထဲ
ပျင်းနေမှာပေါ့ဆိုပြီးသူအသက်ပြည့်ပြီး
ထဲကတစ်နှစ်တစ်ခါအလည်လာလေ့
ရှိသည်

လွန်ခဲ့တဲ့နှစ်နှစ်ကနွေမှာတော့ကံဆိုးမှု
တစ်ခုဝင်ရောက်ခဲ့သည်ယိုရှီကား
အက်စီးဒန်ဖြစ်ပြီးခြောက်လလောက်ကိုမာ
ဝင်သွားခဲ့သည်ခြောက်လကြာတော့သတိ
ရလာတော့လဲအတိတ်မေ့သွားခဲ့သည်
ရိုးရိုးအတိတ်မေ့သွားတာမဟုပဲ
တစ်နေ့သာမှတ်ညာဏ်တွေက
နောက်တစ်နေ့ဆိုအကုန်မေ့သွားပြီ
နေ့ရက်တိုင်းဘဝသစ်တစ်ခုကြီးကို
ကြုံတွေ့နေရပြီးအသားကျဖို့ကြိုးစား
ဖို့ခက်ခဲလွန်းခဲ့သည်ဆေးရုံကမဆင်းရပဲ
ဆရာဝန်တွေကအဆင်ပြေအောင်
နည်းလမ်းမျိုးစုံကြိုးစားသည်
နေ့စဥ်မှတ်စုတွေပြန်ဖတ်ခိုင်းသည်
ကိုယ့်ကိုကိုလက်ခံနိုင်အောင်အများကြီး
ကြိုးစားခဲ့ရပြီးမှဆေးရုံဆင်းခွင့်ရခဲ့သည်
အိမ်ပြန်ရောက်တော့လဲအားလုံးကရော
နေ့ရက်တိုင်းကကောသူ့အတွက်အသစ်
တွေကြီးဖြစ်နေသည်အခန်းတွင်းသာ
အောင်းနေခဲ့တယ်ဒါကိုဟျွန်းဆော့
အဒေါ်ကဟျွန်းဆော့ကိုအကူညီတောင်း
ခဲ့တယ်အရင်ထဲကclosedဖြစ်တဲ့
ဆက်ဆံရေးမို့ဟျွန်းဆော့နဲ့သာဆိုစိတ်ချ
တာမို့ယိုရှီအတွက်အပြောင်းအလဲလေး
ဖြစ်သွားအောင်လွန်ခဲ့တဲ့သုံးလလောက်
ကဟျွန်းဆော့ကိုယ်တိုင်ဂျပန်ကိုသွား
ခေါ်ခဲ့သည်သူ့ညီလေးဒီလိုနေတတ်အောင်
ပုံမှန်လေးနေထိုင်တတ်သွားအောင်
သူအများကြီးကြိုးစားခဲ့ရတာအခုတော့
သူ့ညီလေးကဘာကိုအရမ်းစိတ်ပျက်
သွားပြန်ပြီလဲအရင်ကလဲသတ်သေဖို့
ကြိုးစားဖူးသူမို့အရင်လိုပြန်ဖြစ်သွားမှာ
ကိုအရမ်းကြောက်ပါသည်ဟျွန်းဆော့
သူ့ညီလေးကိုမဆုံးရှုံးချင်ပါ

Spring days in BusanWhere stories live. Discover now