epi-1(uni)

936 49 0
                                    

"ကျဲကျဲ"
"ကျဲကျဲ"
"ကျဲကျဲရေထလို့"

"ဝမ်လေးရယ်ကျဲဒီညအရမ်းအိပ်ချင်
နေလို့မနက်ဖြန်မှသွားကြရအောင်"

"ကျဲကလည်းမယ်တော်နဲ့
ခမည်းတော်ကမနက်ဖြန်ဆိုပြန်လာတော့
မှာလေ အခုသွားကြရအောင်နော်"

ဝမ်လေးကဒီလောက်ပူဆာနေမှ
တော့သူမကငြင်းစရာလား
ဝမ်လေးကသူမအတွက်တော့
ချစ်စရာအကောင်းဆုံးကလေးလေးပဲ
ဝမ်လေး အသက်ကနှစ်ခြောက်ရာ
ပဲရှိသေးတာ လူ့သက်တမ်းနဲ့
တွက်မယ်ဆိုရင်တော့ခြောက်နှစ်ပေါ့
နှစ်ခြောက်ရာပဲရှိသေးတဲ့ဝမ်လေးက
စကားတအားတတ်တာ ခမည်းတော်
နဲ့ မယ်တော်ရဲ့အသည်းအသက်လေးဆို
လည်းမမှားဘူး သူမတို့တစ်မိသားစုလုံး
ရဲ့အချစ်ခံလေး

"ကျဲရေဝမ်လေးကိုကြည့်ပါအုန်း
မိန်းကလေးနဲ့တူရဲ့လား"

"ပြပါအုန်းကျဲကို
တကယ်တူတာပဲ ကျဲရဲ့ဝမ်လေး
က မိန်းကလေးအစစ်ထက်တောင်
လှနေသေးတယ်"

"ကျဲနော်မစနဲ့ အကိုတော်မိသွားမှာ
ဆိုးလို့ဒီလိုဝတ်ထားရတာ ဝတ်ချင်တာမဟုတ်ဘူး"

"ကျဲစတာမဟုတ်ပါဘူး
ဝမ်လေးကတကယ်မိန်းကလေးနဲ့တူတာ"

"တော်ပြီကျဲကိုမပြောတော့ဘူး"

"မပြောပဲနဲ့တော့မနေပါနဲ့ရှင်
ဒီကကျဲက ပွဲဈေးရောက်ရင်
မုန့်တွေအများကြီးဝယ်ကျွေးမယ်
နော်"

"ကျဲတကယ်ပြောတာလား"
"တကယ်ပေါ့ လာသွားရအောင်
ဟိုရောက်ရင် ကျဲကိုသေချာကိုင်ထားနော်
မလွှတ်နဲ့ လူ့ပြည်ဆိုတော့ အန္တာရာယ် များတယ်"

"ဟုတ်ကဲ့ပါကျဲရဲ့"

ဒီလိုနဲ့မင်းသားလေးဝမ်ရိပေါ်လည်း
မင်းသမီးဝမ်ရိရှင်းနဲ့အတူ လူပြည်ကိုသွားပါတော့တယ်

"အရှင်"

အရှင်လို့ခေါ်ရင်ခန်းမထဲဝင်လာတဲ့
သူ့ရဲ့တစ်ဦးတည်းသော အသည်းအသက်လေး
ကစိတ်ဆိုးနေပြီဆိုတာ မင်းကြီးရှောင်ခဲရှင်းသိလိုက်ပါပြီ

"သည်းငယ်ဘာဖြစ်လာတာလဲ"
"အရှင်သားတော်နန်းပြင်ခိုးထွက်ပြန်ပြီ"

"မဟုတ်မှလွဲရောတူမတော်
လင်ရှီးလည်းပါသွားတယ်မဟုတ်လား"

"ပါတာတော့ သားတော်ခိုးထွက်ရင်
လင်ရှီးလေးကစိတ်မချလို့ဆိုပြီးလိုက်
ပေးနေရတာ "

The white dragon  and his crown princeWhere stories live. Discover now