epi-9(uni)

297 25 1
                                    

"ဝမ်လေးမနက်ဖြန်ကောင်းကင်မင်းကြီးနဲ့
မိဖုရားလာမယ်တဲ့

"အင်း "

"ဝမ်လေးကြည့်ရတာမပျော်သလိုဘဲ တကယ်ဆိုမနက်ဖြန်အသက်တစ်ထောင့်ခြောက်ရာ
ပြည့်ပြီဆိုတော့ဝမ်လေးလွတ်လပ်ပြီလေ
အဲ့ဒါပျာ်စရာမဟုတ်ဘူးလားဝမ်လေးရဲ့"

"ဝမ်လေးပျော်ပါတယ်ကျဲရဲ့"

"ဝမ်လေးမပျော်ဘူးဆိုတာကျဲ
ကြည့်ရုံနဲ့သိတယ် ကျဲကဝမ်လေးကို
အရိပ်တကြည့်ုကြည့်နဲ့နေတဲ့သူမို့လေ
ကယ်ပြောဘာဖြစ်တာလဲ"

"ကျဲမနေ့ညကဝမ်လေးအိပ်မက်တွေမကောင်းဘူး
မနက်ဖြန်တစ်ခုခုဖြစ်တော့မလားမသိဘူး
အထူးသဖြင့် ကိုကို"

"ရှောင်းမင်းသားလေးလား ဘာဖြစ်လို့လဲ
ဘာအိပ်မက်မို့ဝမ်လေးကမှိုင်နေရတာလဲ"

"ညကအိပ်မက်ထဲမှာကိုကိုက"

"ပြောလေ ဝမ်လေးရဲ့ ကျဲနားထောင်ပြီး
အကောင်းဆုံးအဖြေရှာပေးမယ်"

တကယ်တော့ရိရှင်းကအိပ်မက်တွေကို
နိမိတ်ကောက်နိုင်ပါတယ် ဒါကြောင့်
ဝမ်လေးကိုမေးနေခြင်း ဝမ်လေးအိပ်မက်သိမှ
သူဒီကိစ္စကိုအကောင်းဆုံးစီစဉ်နိုင်မှာ

"အိပ်မက်ထဲမှာ ကိုကိုကသွေးအိုင်တွေ
ကြားမှာလဲနေတယ်ကျဲ ပြီးတော့
လင်ရှီးကျဲလဲ ရင်ဘက်မှာမြှားတွေစိုက်နေတယ်"

ရိရှင်းစိတ်ပူလာပါပြီ အခုဟာက ရှောင်းမင်းသား
လေးတစ်ယောက်တည်းမှမဟုတ်တာ သူရဲ့
နတ်သမီးလေးပါပါနေတာလေ

"အဲ့ဒီနောက်ဘာတွေဆက်မက်သေးလဲဝမ်လေး"

"အဲ့ဒီနောက် အနက်ရောင်အလင်းတန်းကြီး
ပေါ်လာတယ် ပြီးတော့ရတနာတစ်ခုထွက်လာတယ်
အဲ့ဒီရတနာကဝမ်လေးတို့မောင်နှမလေးယောက်
ကိုဝိုင်းထားတယ်"

"မောင်နှမလေးယောက်"
"အင်း ကျဲရယ် ဝမ်လေးရယ်
အကိုတော်ရယ် ပိုင်ရယ်လေးယောက်"

"သူကဝိုင်ပြီးဘာဆက်ဖြစ်သေးလဲ"
"ဟင့်အင်း ဝမ်လေးမမှတ်မိတော့ဘူးကျဲ
ဘယ်လိုမှစဉ်းစားလို့မရတော့ဘူး
အိပ်မက်ထဲမှာ မှတ်ဉာဏ်တစ်ဝက်ဖျက်စီး
ခံလိုက်ရသလိုဘဲ ဒါနဲ့လေဝမ်လေးပြောသလိုအန္တရယ်တစ်ခုခု
ရှိနေပြီမဟုတ်လား"

The white dragon  and his crown princeWhere stories live. Discover now