epi-8

187 8 0
                                    

"ကလေးရယ်လွမ်းလိုက်တာ"

"ဘယ်သူ့ကိုလွမ်းနေတာလဲ
ကျန့်ကောကောက
မဟုတ်မှလွဲရော ချစ်သူကောင်မလေးကိုလား"

"မဟုတ်ပါဘူး ရင်းအာရဲ့"
"အဲ့ဒါဆိုဘယ်သူလဲရင်းအာကိုပြော
ပြလေ"

"ကျန့်ကောကောလွမ်းတာခံရတဲ့သူကတော်တော်
ကံကောင်းတာပဲ"

"ဘာဖြစ်လို့လဲရင်းအာရဲ့"

"ကျန့်ကောကောစဉ်းစားကြည့်လေ
တောင်အောက်မှာကျန့်ကောကောကိုကြိုက်နေတဲ့
ကျဲတွေမှတစ်ပုံကြီး ကောကသူတို့ကိုအရေး
တောင်မလုပ်ဘူး ဒီနေ့မှထူးထူးခြားခြား
တစ်ယောက်ယောက်ကိုလွမ်းတယ်လို့
ပါးစပ်ကထုတ်ပြောတာလေ အဲဒါကြောင့်
ရင်းအာကအဲ့ဒီ့လူကိုကံကောင်းတယ်ပြောတာ"

ရှောင်ကျန့်ရင်းအာစကားကြောင့်ပြုံးမိပါတယ်
ဘာဖြစ်လို့ဆိုသူပြောလည်းပြောချင်စရာ
ရှောင်ကျန့်စိတ်ထဲမှဝမ်ရိပေါ်ဆိုတဲ့ကောင်လေး
ကလွဲရင်ကျန်တဲ့လူကိုစိတ်ထဲမှာတောင်မရှိဘူး
ရင်းအာက ဆရာကြီးရဲ့သမီး နာမည်အပြည့်စုံ
က ရင်းလန်ဟွား ရှောင်ကျန့်ဒီရောက်တည်းက
သူမကပျော်နေတာလေ အကိုတစ်ယောက်ရလို့
ဆိုပြီး သူမတစ်ကယ့်ခင်စရာကောင်းတယ်
ရှောင်ကျန့်အတွက်လည်းညီမလေးတစ်ယောက်
ရလိုက်သလိုဘဲ သိပ်မကြာသေးဘူး
ခမည်းတော်တို့ဆီ
ကစာလွှာရောက်လာတယ် မိုးကြိုးနတ်မင်းက
ကောင်းကင်နန်းတော်ကိုသိမ်းတယ်တဲ့လေ
သူရှိရင်ဂြိုဟ်မကြွရဲ့တဲ့နတ်မင်းတွေက သူမရှိ
တော့ဂြိုဟ်ကြွတာမဆန်းပါဘူး တော်သေးတာက
ခမည်းတော်ပြန်ခုခံနိုင်ခဲ့တယ်တဲ့ မယ်တော်
ကလည်းသူ့အတွက်ညီတော်လေးနှစ်ပါးမွေး
ပေးထားတယ်တဲ့ မြန်မြန်ပညာသင်ပြီး
ညီတော်တွေကိုလာထိန်းတဲ့လေ သူခမည်းတော်နဲ့
မယ်တော်ဆီကရော အမတော်နဲ့ဦးရီတော်ဆီကရော
ဝမ်ခမည်းတော်နဲ့ မယ်တော်ဆီကရောစာတွေရပေမယ့်သူမျှော်
လင့်နေတဲ့ကလေးလေးဆီကတော့မပါ
ကလေးကသူ့ကိုများမေ့သွားပြီလားမသိ လွမ်းတယ်
ကလေးရေ ဝေးနေအချိန်လေးတွင်းမှာတောင်ကလေးကို
ပိုပိုချစ်မိနေတယ်ဒီနေ့မထင်မှတ်ဘဲကလေးနာမည်နဲ့
စာတစ်စောင်ရောက်လာတယ် နှစ်တစ်ထောင့်ခြောက်ရာပြည့်တော့မှာမို့ကိုကို့
ကို ဝမ်လှမ်းသတိပေးတာတဲ့ပြီးတော့သူဒီနှစ်တွေ
အတွင်းမှာဘယ်လောက်လွမ်းနေကြောင်းလည်း
ပါသေးတယ် ဖြစ်နိုင်ရင်ဒီစာရပြီးကတည်းက
ဝမ်နန်းတော်ကိုပြေးပြီးကလေးကိုရင်ခွင်ထဲထည့်
ထားချင်တာ မဖြစ်နိုင်လို့ပါးစပ်ကလွမ်းတယ်ဘို့
ပြောပြီးကိုယ့်ကိုယ်ကိုနှစ်သိမ့်နေတာကို ရင်းအာ
ကကြားသွားသေးတယ်

The white dragon  and his crown princeWhere stories live. Discover now