final

254 6 0
                                    

ဒီနေ့သူတို့အားလုံးစိတ်ပူနေတဲ့နေ့ကို
ရောက်ခဲ့ပြီ

"ဝမ်လေး"
"ကျဲ"
"တကယ်ဆိုဒီနေ့ကဝမ်လေးမွေးနေ့လေ
ပျော်ပျော်ရွှင်ရွှင်ကျင်ပရမှာကိုအခုတော့"

"ကျဲရယ်ဖြစ်လာမှာတော့
ရင်ဆိုင်ရမှာပေါ့ နောက်နှစ်တွေလည်းမွေး
နေ့ကိုပျော်ပျော်ရွှင်ရွှင်လုပ်လို့ရတာပဲ
ဒီကိစ္စကိုဖြေရှင်းပြီးတာနဲ့"

"အင်းပါ ဝမ်လေးပြောသလို
ဒီကိစ္စကိုဖြေရှင်းပြီးတာနဲ့အားလုံးအဆင်ပြေ
သွားမှာပါ"

"ကလေး"
"ကိုကို"

"ဝမ်လေးတို့စကားအေးဆေးပြောနော်
ကျဲလည်း လင်းအာကျဲဆီသွားလိုက်
အုန်းမယ်"

"ဘာလည်းခဏလေးမတွေ့ရသေးတာကို
ကျဲက လွမ်းနေပြီလား"

"ဝမ်လေးနော် ဘာတွေလိုက်ပြောနေတာလဲ
တော်ပြီကျဲသွားတော့မယ် ကျန့်ကျန့်လေး
ကျဲသွားပြီနော်"

"ဟုတ်ကျဲ"

"ကိုကို လွမ်းနေတာ"

ရှောင်ကျန့်လည်းလွမ်းနေတာလို့ပြောပြီး
လာဖက်တဲ့ကလေးကို တင်းတင်းကျပ်ကျပ်ပြန်
ဖက်ထားမိတယ်

"ကိုကိုဒီနေ့ဂရုစိုက်ရမယ်နော်
ကိုကို့ ကိုကလေးထိခိုက်ခွင့်မပြုနိုင်ဘူး"

"ကိုကိုကလည်းကလေးကိုထိခိုက်ခွင့်မပြု
နိုင်ဘူးအဆုံးထိကာကွယ်ပေးသွားမယ်"

"ကိုကို့ ကို ကလေးအရမ်းချစ်တယ်
သိလား"

"ကိုကိုကလည်း သိပ်ချစ်ပါတယ်ကလေးရယ်"

"ရှင်း"
"ဦးရီတော်ယွိ"

"ကိုယ့်ကိုအဖြေပေးပါတော့ရှင်း
ဒီနေ့တိုက်ပွဲပြီးရင်ကိုကဘာဖြစ်
မလဲမပြောတတ်ဘူး"

"ဦးရီတော်ကကျွန်တော့်ကိုချစ်တာလား
ကောင်းကင်သမားတော်ကိုချစ်တာလား"

"ကောင်းကင်သမားတော်ကရှင်းပဲလေ"
"အဲ့ဒါကအရင်ဘဝလေ အခုဘဝမှ
မဟုတ်တာ ပြီးတော့ကျွန်တော်
ကိုယ်တိုင်တောင်ကျွန်တော့်အရင်ဘဝကို
မမှတ်မိဘူး ဦးရီးတော်ပြောလို့သာ
ကောင်းကင်သမားတော်ဖြစ်ခဲ့မှန်းသိတာ
ကျွန်တော်အရင်ဘဝက ကောင်းကင်သမားတော်
ဖြစ်ခဲ့လို့ဦးရီတော်ချစ်တာဆိုမချစ်ပါနဲ့
အခုဘဝဖြစ်တဲ့ပိုင်သမားတော်ကို
အရင်ဘဝနဲ့မရောဘဲချစ်နိုင်မှချစ်ပါ
ဦးရီးတော်ကကျွန်တော့်အတိတ်ဘဝရဲ့
ချစ်ရသူဆိုရင်တောင်ကျွန်တော်မမှတ်မိတာမို့
ကျွန်တော်ချစ်တယ်ဆိုရင်တောင်
ဝမ်ပိုင်ရှင်းအနေနဲ့ပဲချစ်ပါ့မယ်"

The white dragon  and his crown princeWhere stories live. Discover now