epi-12(uni)

280 20 0
                                    

"သားတော်မနက်ဖြန်
ကောင်းကင်နန်းတော်လိုက်ခဲ့ရမယ်
နော် ပြင်ဆင်ထား"

"ဟုတ်ကဲ့မယ်တော်"

မနက်ဖြန်မင်းသားငယ်လေး
အမည်ပေးတဲ့ပွဲကျင်းပမည်ဖြစ်သောကြောင့်
ဟွိုက်ခွမ်းတို့မိသားစုကောင်းကင်ဘုံ
ကိုသွားရောက်ချီးမြှောက်ရမည်ဖြစ်သည်

"အိမ်ရှေ့စံမင်းသားလေးကို
မိဖုရားကြီးခေါ်တော်လွှတ်လိုက်ပါတယ်"

"အင်း လိုက်ခဲ့မယ်
မယ်တော်ရှိတဲ့နေရာကိုလမ်းပြပါ"

"ဟုတ် ကဲ့ပါ မင်းသားလေး"

"မယ်တော် သားတော်ကိုခေါ်တယ်ဆို"

"အင်း မနက်ဖြန်ဆိုနောက်ကျနေမှာစိုး
လို့အခုသွားရမယ် သားတော်
ပြင်ဆင်ပြီး ညီမတော်ကိုပါခေါ်ခဲ့လိုက်
မယ်တော်တို့စောင့်နေမယ်"

"ဟုတ်"

ဟွိုက်ခွမ်းလည်းမယ်တော်ပြောသလိုပြင်ဆင်ပြီး
ညီမတော်လေးကိုခေါ်ကာ မိသားစုကောင်းကင်
ဘုံသို့သွားရောက်ခဲ့တယ် ကောင်းကငငနန်းတော်ကိုဝင်ဝင်ချင်းတွေ့
လိုက်ရတာက ဥယျာဉ်ကြီးတစ်ခု ဥယျာဉ်ထဲမှာ
သူ့ကိုပြုံးရိပ်သန်းအောင်လုပ်နိုင်တဲ့မက်မွန်သီး
အကြီးကြီးတွေ သူငယ်ငယ်လေးကတည်းက
ကောင်းကင်နန်းတော်ရဲ့ မက်မွန်သီးအကြောင်း
ကြားဖူးပေမဲ့ ဒီလောက်ထိကြီးပြီ စားချင်စာ
ဖွယ်အတိဖြစ်နေမယ်လို့တော့မထင်ခဲ့

"မယ်တော် သားတော်ဒီမှာခဏနေခဲ့လို့
ရမလားဟင် သားတော်ဥယျာဉ်တော်ထဲလျှောက်ပတ်ကြည့်
ချင်လို့ပါ"

"အင်း ခဏပဲကြည့်နော်
ပြီးရင်မင်းကြီးနဲ့မိဖုရားကိုဂါဝရပြုဖို့
နန်းဆောင်ထဲလာခဲ့လိုက်မယ်တော်တို့စောင့်နေမယ်"

"ဟုတ်ကဲ့ပါမယ်တော်"
ဟွိုက်ခွမ်းလည်းဥယျာဉ်ထဲဝင်ပြီးအကြီးဆုံး
မက်မွန်ပင်ကြီးအပေါ်ကိုယ်ဖော့တက်ပြီး
အသီးတစ်လုံးကိုစမ်းမြည်းကြည့်ပါတော့တယ်
အမှန်ဆိုဥယျာဉ်ထဲမှာရဲမက်အစောင့်တွေထား
ကြပေမယ့်ဒီကောင်းကင်ဥယျာဉ်ကတော့
အထူးအဆန်း ရဲမက်တစ်ယောက်ကိုမှမရှိတာ
ဟွိုက်ခွမ်းတွက်အခွင့်အရေးပိုရတာပေါ့

The white dragon  and his crown princeWhere stories live. Discover now