epi-4

201 9 0
                                    

ရှောင်ကျန့်နန်းတော်အပေါက်ဝ
ဝင်ဝင်ချင်းမြင်လိုက်ရတာ
ကခမ်းနားတဲ့အပြင်အဆင်ပွဲတစ်ခုခုရှိလို့ပြင်ဆင်
ထားသလိုမျိုး

"ရှောင်းမင်းသားလေးရောက်လာပြီလား
ခမည်းတော်နဲ့မယ်တော်ကကြိုခိုင်းလိုက်လို့ပါ အထဲကိုကြွပါ"

ရှောင်ကျန့်အံ့ဩမိပါတယ်ဝမ်နန်းတော်ကသူ့
ကိုကြိုမို့ဒီလောက်ထိပြင်ဆင်ထားတာတဲ့လား
ဒီပြင့်နန်းတော်တွေကိုသွားဖူးပါတယ် ကြိုလည်းကြို
ဆိုကြတယ်ဒါပေမဲ့ဝမ်နန်းတော်လိုအပြင်အဆင်နဲ့
တော့ဘယ်သူမှမကြိုဆိုဘူးကြဘူး နန်းတော်
တစ်လျှောက်မှာလဲအကမယ်တွေကယိမ်းနွဲ့စွာ
ကပြဖျော်ဖြေနေပြီးစားသောက်ပွဲတေ့ကလည်း
အလျှံအပယ်ခင်းကျင်းပြင်ဆင်ထားသေးတယ်
ရဲမက်တွေကလည်းခေါင်းငုံ့အရိုအသေပေးကြသလို
အကိုတော်ဝမ်တို့ကလည်းနွေးနွေးထွေးထွေး
ကြိုဆိုကြသေးတယ်

"မင်းသားလေး မင်းသားလေး"
"ဟုတ်အကိုတော်"
"တစ်ခုခုများဖြစ်လို့လား အပြင်အဆင်ကို
မကြိုက်လို့လားမင်းသားလေး"

"မဟုတ်ပါဘူးအကိုတော် ကျွန်တော်ကြိုက်ပါတယ်
အပြင်အဆင်ကခမ်းနားလွန်းလို့ပါ"

ဟွိုက်ခွမ်းပြုံးမိပါတယ် ရှောင်းမင်းသားလေးကဒီအပြင်အဆင်
ကိုကြိုက်တယ်ပြောလို့ သူကစိတ်ပူနေတာ
ရှောင်းမင်းသားလေးမကြိုက်မှာကို
ဘာဖြစ်လို့ဆိုဒီအပြင်အဆင်ကသူပြင်ထားတာ
မဟုတ်သလိုခမည်းတော်ပြင်ထားတာလည်းမဟုတ်
မယ်တော်ပြင်ထားတာလည်းမဟုတ်ဘူး
ရှင်းအာပြင်ထားတာလည်းမဟုတ်ဘူး
ဘယ်သူပြင်ထားတာလဲဆိုတော့်သူတို့ရဲ့ဝမ်အချစ်
တုံးလေးပေါ့

"မင်းသားလေးအထဲကြွပါခမည်းတော်
တို့မယ်တော်တို့စောင့်နေတယ်"

"ဟုတ်ကဲ့ပါအကိုတော်
ကျွန်တော့်ကိုရင်းရင်းနှီးနှီး
ညီတော်လို့ပဲခေါ်ပါလား"

ဟွိုက်ခွမ်းတွေးမိတယ်ရှောင်းမင်းသားလေးက
ငယ်ငယ်ရွယ်ရွယ်နဲ့
လူမှုဆက်ဆံရေးပညာမှာအရမ်းထူးချွန်တာပဲ
လူတစ်ယောက်ကိုလွယ်လွယ်နဲ့ခင်အောင်
လုပ်နိုင်တယ်

"ကောင်းပါပြီ ညီတော့်သဘောပါ
နှင်းပန်းနတ်သမီးနဲ့ဦးရီတော်လည်းကြွပါ"

The white dragon  and his crown princeWhere stories live. Discover now