epi-10

147 7 0
                                    

ရှောင်ကျန့်လဲအထဲဝင်တော့မြင်လိုက်ရတာက
ခမ်းနားတဲ့အပြင်အဆင်တွေ ကြည့်ရတာ
မနက်ဖြန်ကလေးမွေ့နေ့အတွက်ပြင်ဆင်
ထားတာဖြစ်နိုင်သည် ပြီးတော့သူတို့ဆီ
တည့်တည့်လျှောက်လာနေသောနန်းတွင်းသူများ
နှင့်အကမယ်များ သူ့အရှေ့မှာလာဖျော်ဖြေနေတဲ့
ပုံထောက်ရင် သူ့အတွက်ကြိုဆိုပွဲလုပ်ထားတာ
ဖြစ်နိုင်သည် ဒီလိုမျိုးကြိုဆိုတာမြင်ရတော့
ရင်ထဲမှာလှိုက်လှိုက်လှဲလှဲပျော်မိသည်ဝမ်နန်းတော်ကအခုထိ သူ့ကိုနွေးထွေးမှုတွေပေးတုန်းပဲ

"ကျန့်ကောကော ဝမ်နန်းတော်ကြီးက
အရမ်းလှတာပဲနော်"

"ဟုတ်တယ် ရင်းအာရဲ့နန်းတော်တွေထဲမှာ
ဝမ်နန်းတော်ကအလှဆုံးပဲ"

ဝမ်းနန်းတော်မှာရှိတဲ့ အကောင်ပေါက်လေးက
နန်းတော်ရဲ့ အလှကိုမြှင့်တင်ပေးနေတယ်ဆိုတာကတော့
ရှောင်ကျန့်မပြောဖြစ်တော့ပါ

"ညီတော်ရောက်လာပြီလား
ပင်ပန်းနေရင်အနားယူလိုက်ပါ"

"ရပါတယ်အကိုတော်
ခမည်းတော်နဲ့မယ်တော်
ကိုအရင်သွားတွေ့ပြီးမှအနားယူလိုက်ပါ့မယ်"

"ကောင်းပါပြီ ညီတော့်သဘောပါ"
"အကိုတော်"
"ပြောလေညီတော် ဘာများဖြစ်လို့လဲ"

"ဟို"
စကားဆိုရင်သွယ်ဝိုက်ပြီး
မပြောဘဲပညာသားပါပါနဲ့ဒဲ့ပြောတတ်တဲ့
ရှောင်းမင်းသားလေးက အခုမှစကားတွေ
သွယ်ဝိုက်ပြီးပြောနေပုံထောက်ရင်
ဝမ်လေးအကြောင်းမေးဖို့ပဲဖြစ်မှာ

"ပြောလေညီတော် ဘာများဖြစ်လို့လဲ"

"အဖြူလုံးလေးက
အရင်အဆောင်တော်မှာပဲလားသိချင်လို့ပါ
အကိုတော်"

"ဝမ်လေးက ညီတော်နေသွားတဲ့အဆောင်မှာပဲ
နေတယ် ညီတော်ထွက်သွားပြီးကတည်းက
သူ့အဆောင်သူမပြန်တော့ဘူး အပြင်လည်းသိပ်မထွက်ဘူး"

ရှောင့်ကျန့်တွေးမိတာ ကလေးကရောသူ့လိုဘဲ
သူ့အပေါ်ချစ်နေတာလား မမျှော်လင့်ရဲပေမဲ့
အဲ့ဒီလိုဖြစ်ရင်အရမ်းကောင်းမှာပဲ ကလေးရယ်

အပြင်သိပ်မထွက်ဘူးဆိုတာ ဟွိုက်ခွမ်းနည်းနည်း
ဇာတ်လမ်းလုပ်လိုက်တာပါ ဝမ်းလေးက ကိုကို့ ကိုလွမ်းတယ်ဆိုပြီးနေ့တိုင်အပြင်တွေခိုးခိုးထွက်နေတာ ဒါပေမဲ့ဒီလိုဇာတ်လမ်းလုပ်မှရှောင်းမင်းသား
လေးမျှော်လင့်ချက်ရှိမှာပေါ့ ရှောင်မင်းသားလေး
ကဝမ်လေးအပေါ်ချစ်နေတယ် ဆိုတာသူသိတယ်လေ
ရှောင်းမင်းသားလေးကိုမြင်ရတော့ တစ်ချိန်ကသူ့ရဲ့
လူကြီးကိုသတိရမိသား အကြောင်းအမျိုးမျိုးကြောင့် ကွဲခဲ့ရပေမဲ့
အခွင့်အရေးရှိလို့ပြန်ဆုံခဲ့မယ်ဆိုရင် ဘာပဲဖြစ်လာပါစေ ဒီတစ်ခါလူကြီးကိုလက်မလွှတ်တော့ဘူး

The white dragon  and his crown princeWhere stories live. Discover now