epi-3(uni)

500 39 2
                                    

"အရှင်လွှတ်အုန်း
ဒီနေ့ကျန့်ကျန့်လေးကိုကြိုရအုန်းမယ်လေ"

"နှင်းပန်းငယ်ရယ် ကျန့်ကျန့်
လာဖို့ကအဝေးကြီးလိုပါသေးတယ်"

"အရှင်ကလည်း ငယ်တို့ဘက်ကကြိုပြင်ထားသင့်
တယ်လေ"

"ကိုယ်ရံတော်ကြီးကိုကြိုဖို့ပြင်ဆင်ခိုင်း
ထားပြီးပြီနှင်းပန်ငယ်စိတ်မပူပါနဲ့
နှင်းပန်းငယ်စိတ်ပူရမှာက ကိုယ့်ကို"

"ဟင် အရှင်ကဘာဖြစ်လို့လဲ
နေမကောင်းလို့လားဟင်"

သူ့ကိုယ်ချွဲနေမှန်းမသိဘဲ ကိုယ့်ကိုစိတ်ပူနေတဲ့
နှင်းပန်းငယ်လေးကိုဝမ်နဂါးမင်းကြီးကချစ်မဝပါ

"နေကောင်းပါတယ်နှင်းပန်ငယ်ရဲ့
ကိုယ်က နှင်းပန်းငယ်ကိုချွဲကြည့်တာ"

"အရှင်ကဒီအရွယ်ရောက်နေပြီကို
အခုထိချွဲနေတုန်းပဲ"

"နှင်းပန်ငယ်နော်ကိုယ့်အသက်ကအခုမှ
ငယ်ငယ်ပဲရှိသေးတာ ခွန်အားတွေလည်းအများ
ကြီးရှိသေးတယ် မယုံရင် ကိုယ့်ခွန်အားတွေကို
ပြတဲ့အနေနဲ့ ကလေးထပ်ယူကြမလား"

"အရှင်နော် မယူဘူး
သုံးယောက်ရှိရင်တော်ပြီပေါ့"

"အင်းပါ နှင်းပန်မလိုချင်မယူတော့ဘူး
ဒါပေမဲ့ ကိုယ့်ခွန်းအားတော့ပြချင်သေးတယ်"

"အရှင်ကဘယ်လိုပြမို့လဲ"
"ဘယ်လိုပြမို့လဲဆိုတော့"

လူယုတ်မာအပြုံးကြီးပြုံးရင်း
သူ့နှင်းပန်းငယ်လေးကိုချီကာ အိပ်ဆောင်တော်ထဲ
ဝင်သွားပါသော နဂါးတို့ရဲ့ဝမ်အရှင်

(ကျန်တာကိုယ့်ဘာသာကိုယ်ဆက်မှောင်ကြ😜)

"သားတော်ဂရုစိုက်နော်
ဝမ်မင်းကြီးတို့ နှင်းနတ်ဖုရားတို့စကားနားထောင်နော်"

"ဟုတ်ကဲ့ပါမယ်တော်ရဲ့ သားတော်ကိုစိတ်ချပါ
မယ်တော်နဲ့ခမည်းတော်လည်းဂရုစိုက်နော်
ပြန်လာရင် ချွေးမလေးခေါ်ခဲ့ပေးမယ်"

"ဘာပြောတယ်ရှောင်းရှောင်ကျန့်
လုပ်ရဲရင်လုပ်ကြည့်လေ"

"မယ်တော်ရဲ့သားတော်ကစတာပါ
အဲ့ဒီကြိမ်လုံးကြီးကိုချလိုက်နော် မယ်တော်မှာ
လည်းကိုယ်ဝန်ကြီးနဲ့လေ ဒေါသထွက်ရင်မကောင်းဘူး"

The white dragon  and his crown princeWhere stories live. Discover now