epi-14(uni)

333 22 0
                                    

ရိပေါ်တို့လည်းနန်းတော်အမြန်ပြန်လာပြီး
ခမည်းတော်တို့အဆောင်ကိုဝင်ဝင်ချင်း
လင်းကျဲရယ် ကျဲရယ် အကိုတော်ရယ်
ကိုကို့ခမည်းတော် မယ်တော်နဲ့ ဦးရီတော်တို့ကိုပါ
တွေ့လိုက်ရတယ်

"ခမည်းတော် မယ်တော်"
"သားငယ်မယ်တော်တို့ပြောစရာရှိတယ်
ထိုင်အုန်း"

"ဟုတ် သားလည်းမယ်တော်တို့ကို
ပြောစရာရှိတယ်"

အဲ့ဒီ့တော့မှခမည်းတော်ကပြော
ဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်

"ရင်းအားခမည်းတော်တို့ကို
အကြောင်းဆုံပြောပြပေးလိုက်ပါ"

"ဒီလိုပါ ခုနကညဈေးထွက်လည်ရင်း
ဝမ်လေးတို့ကိုကြည့်နေတဲ့ ဝတ်ရုံ
နက်နဲ့လူကိုတွေ့လိုက်ရလို့ လိုက်ကြည့်ရင်း
သူတို့ပြောတာကြားခဲ့ရပါတယ် မင်းကြီး"

"ဘာကြားခဲ့တာလဲရင်းမိန်းကလေး
သေချာပြောပြလို့ရမလား"

"ဟုတ်ကဲ့မိဖုရား ရင်းကြားခဲ့တာက
မနက်ဖြန်နန်းတော်ကလူတွေငါ့ကိုသွေး
ကြွေးဆပ်ရမယ်လို့ပြောပြီး တစ်ယောက်မှ
မလွတ်စေရဘူးလို့ သခင်ကြီးဆိုတဲ့လူကပြောပါတယ်
ပြီးတော့ သခင်ကြီးဆိုတဲ့လူကမိန်းကလေး
တစ်ယောက်ကိုပြောနေသေးတယ်
ယန်ကိုလိုချင်ရင် နင့်အဖေကို
အဆုံးထိသစ္စာရှိလို့ပြောလိုက်တဲ့ ပြီးတော့
အဲ့မိန်းကလေးက ရှောင်းမင်းသားလေးတော့
မပါပါဘူးနော်သခင်ကြီးလို့ပြောတော့အဲ့ဒီလူက
ငါလမ်းဝင်ရှုပ်ရင်တော့မပြောတတ်ဘူး
သူ့မိဘတွေကတော့တစ်ယောက်မှမလွတ်စေရဘူးလို့ပြောပါတယ်"

"ဒါအကုန်ပဲလားမိန်းကလေး"
"ဟုတ်ကဲ့ဒါရင်းကြာခဲ့တာတော့ဒါအကုန်ပါပဲ ရှောင်းမိဖုရားကြီး"

"ယွင် ယွီ"
"ကျွန်တော်တို့မနက်ဖြန်အတွက်ကြိုပြင်ဆင်မှ
ရမယ် ဒီကိစ္စကိုအကုန်လုံးအသိပေးသင့်ပြီ
လို့လည်းထင်တယ်"

"အင်း ယွီပြောတာမှန်တယ်
ဒီကိစ္စအားလုံးသိထားမှ မနက်ဖြန်အဆင်ပြေမှာ"

"ဘာကိစ္စလည်းမယ်တော် အဲ့ဒီ့လူပြော
သလိုမယ်တော်တို့ကသူ့ပေါ်သွေးကြွေး
တင်နေတာလား"

The white dragon  and his crown princeWhere stories live. Discover now