epi-5(U+Z)

500 39 2
                                    

(Zawgyi)

"အား ဝမ်ရိပေါ်ကငါ့လမ်းမှာဘာ
ဖြစ်လို့အမြဲပိတ်နေတာလဲ  သူ့ကြောင့်ငါ့ခမည်းတော်
နန်းသိမ်းမဲ့အစီအစဉ်လည်းပျက်ခဲ့ရတယ်
အခုရှောင်းမင်းသားလေးကိုပါငါ့နှလုံးသားထဲ
ကဆွဲထုတ်မယ်ပေါ့ မရဘူး ဘယ်တော့မှမရစေရဘူး"

"သမီးတော်ဘာတွေပေါက်ကွဲနေတာလဲ တစ်ခန်းလုံးလည်းရှုပ်ပွနေတာပဲ"

"ခမည်းတော်ဝမ်ရိပေါ်ကိုမြန်မြန်သတ်ပေး
အဲ့ဒါမှခမည်းတော်လည်းနန်းရမယ်
သမီးတော်လည်းရှောင်းမင်းသားလေးကို
ပိုင်ဆိုင်ရမှာ"

"ဘယ်လိုဝမ်မင်းသားကိုသတ်ဖို့လွယ်တယ်
မြန်းထင်နေလား သမီးတော်မရူးစမ်းနဲ့
သူကပတ္တမြားအမြုတေပိုင်ရှင်ဆိုတာလည်း
သတိရအုန်း"

"ခမည်းတော် သူကပတ္တမြားအမြုတေ
ပိုင်ရှင်ဖြစ်တာနဲ့ သမီးတို့ ထီးနန်းသိမ်းမဲ့
အစီအစဉ်လည်းပျက်ရတယ် အခုသမီးနှလုံးသား
ကိုပါသူလက်ထဲထည့်ပေးရတော့မှာလား"

"နှလုံးသား သမီးနှလုံးသားကဘယ်သူလဲ
ဝမ်မင်းသားငယ်နဲ့ဘယ်လိုပတ်သက်နေလို့လဲ"

"သမီး ဝမ်ရိပေါ်လူပြည်သွားတုန်းက
လိုက်ချောင်းဘူးတယ်အဲ့ဒီတုန်းကသမီး
နှလုံးသားကို
တွေ့ခဲ့ရတယ် ခမည်းတော် တစ်ချိန်တည်းမှာပဲ
သမီးနှလုံးသားက ဝမ်ရိပေါ်ကိုချစ်တဲ့
မျက်ဝန်းတွေနဲ့ကြည့်နေတာကိုကြုံခဲ့ရတယ်"

"ဟုတ်ပါပြီ သူကသမီးအပိုင်ဖြစ်စေရမယ်
ဝမ်မင်းသားလေးလက်ထဲကနေသူ့ကိုသမီးလက်
ထဲရအောင်ပို့ပေးမယ် သူကလူ့ပြည်ကဘယ်အိမ်တော်ရဲ့သားလဲ"

"သူကလူပြည်ကမဟုတ်ဘူး ခမည်းတော်"

"အဲ့ဒါဆိုဘယ်သူလဲ ဘယ်အိမ်တော်ကလဲ

" ရှောင်းအိမ်ရှေ့စံ ကောင်းကင်နန်းတော်က
သမီးရဲ့တစ်ဦးတည်းသောရှောင်း"

"ဘယ်လို"

လီအမတ်ခေါင်းကြိမ်းရပါပြီ
သူသမီး သဘောကျနေတဲ့သူကရှောင်းအိမ်ရှေ့စံတဲ့
လား ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ရှောင်းအိမ်ရှေ့စံကဘယ်လောက်တော် ဘယ်လောက်ထက်မြက်ဘယ်လောက်
စွမ်းအားကြီးမားလဲဆိုတာ
သူမှမဟုတ်ဘူး တစ်လောကလုံးကနတ်အစ
မိစ္စာအဆုံးသိတယ် အဲ့ဒီလိုလူမျိုးကိုသူက
ဘယ်လိုလုပ်လှည့်စားပြီးသူ့သမီးနဲ့ပေးစားလို့ရ
မှာလဲ ကောင်းကင်မင်းကြီးနဲ့ စစ်နတ်ဖုရားသိရင်
သူခေါင်းပြတ်မှာ ဒီကြားထဲ သူတို့ရဲ့ဝမ်မင်းကြီး
နဲ့ နှင်းနတ်ဖုရားကြင်ယာတော်သိရင်လည်း
သူ့တို့သမက်ခိုးပါတယ်ဆိုပြီ ခေါင်းဖြတ်ခံရအုန်းမှာ

The white dragon  and his crown princeWhere stories live. Discover now