epi-13(uni)

281 23 1
                                    


အခုရိပေါ်နဲ့ကိုကိုက စားပွဲပြီး
လို့ ညဈေးကိုရောက်နေခြင်းပင်
ဒါတောင်ကျဲကလိုက်မယ်အတင်းလုပ်နေတာ
လင်းကျဲကမလိုက်သွားပါနဲ့
ဆိုလို့နေခဲ့ခြင်း

"ကိုကို"
"ဗျာ"

"ဈေးထဲမှာဒီနေ့လူရှင်းနေသလိုဘဲနော်"

"အင်း ကြည့်ရတာတော့ တစ်ခုခုရှိလို့ထင်တယ်"

"တစ်ခုခု"
"အင်း"
"ဘာတစ်ခုခုလဲဟင်"

"အဲ့ဒါတော့ကိုကိုလည်းသေချာမပြောတတ်
ဘူး"

"မင်းသားလေး မင်းသားလေး
ကယ်ပါအုန်း ရင်းပျောက်သွားလို့"

"ဟမ် ရင်းအာပျောက်သွားတယ် ဘယ်မှာ
ပျောက်သွားတာလဲ "

"ကျွန်တော်နဲ့လျှောက်သွားရင်
ဘယ်မှာကျန်ခဲ့လဲမသိဘူး"

"ဒီမှာ လမ်းတအား
ရှုပ်တာ ပျောက်သွားရင် ရှာဖို့ခက်တယ်
မိုးလည်းချုပ်နေပြီ ဆိုတော့ အခု
အမြန်သွားရှာရမယ် "

"အဲ့ဒါဆိုအခုပဲသွားရှာကြရအောင်
မင်းသားလေး"

"ကိုကို ကျွန်တော်လည်းလိုက်ခဲ့ပေးမယ်"

"မလိုက်ပါနဲ့ မိုးချုပ်နေပြီဆိုတော့
ကလေးတစ်ခုခုဖြစ်သွားမှာကိုကိုစိတ်ပူတယ်
ဒီမှာပဲနေခဲ့ အရမ်းကြာနေရင်
ကိုယ့်ဘာကိုယ်ပြန်လိုက်တော့ ကိုယ့်ကို
စောင့်မနေနဲ့တော့"

"ကိုကို ကိုကို"
ရိပေါ်ပြောလို့တောင်မပြီးသေး
ပြေးထွက်သွားတဲ့ကိုကိုက
ရင်းအာဆိုတဲ့မိန်းကလေးကိုတော်တော်
စိတ်ပူနေတာဖြစ်နိုင်သည် အခုလို
ဈေးလည်ခေါင် ကြီးမှာ တစ်ယောက်တည်း
ထားသွားလို့ စိတ်မကောင်းမိတာတော့အမှန်ပင်

"ရှောင်းမင်းသားလေး ကျွန်တော့်
အိုင်တင်ပီပြင်တယ်မဟုတ်လား"

"ပီပြင်တာပေါ့ ကလေးတစ် ကယ်
ထင်သွားမှာ"

ရောင်ကျန့်ကလေးစိတ်မကောင်းဖြစ်သွား
မှန်းသိတာပေါ့ ဒါပေမဲ့ ကိုယ်ဒီလိုလုပ်ကို
လုပ်ရမယ့်အကြောင်းအရင်းရှိနေလို့လုပ်လိုက်
ခြင်း ဒီညဈေးမထွက်လာခင်ရှောင်ကျန့်
သိချင်တာတစ်ခုဝမ်ကျဲကိုမေးကြည့် လိုက်
တယ် ရတဲ့အဖြေကလည်းရှောင်ကျန့်ကြားခြင်
တဲ့အဖြေမျိုးပဲလေ ကလေးနဲ့
ဝမ်ကတစ်ယောက်တည်းတဲ့ ဘယ်လိုတောင်
ဖူးစားပါတာပါလိမ့် သူရဲ့ကလေးက
အဲ့ဒီ့နေ့ကအပြင်ခိုးထွက်တာကို အကိုတော်
မိသွားမှာဆိုးလို့ မိန်းကလေးဟန်ဆောင်ခဲ့
တာတဲ့ အဲ့ဒါကြောင့်ဝမ်ကိုတွေ့ပြီး
ခုန်ခဲ့တဲ့နှလုံးသားက ကလေးကိုတွေ့တော့အဆက်မပြတ်ပြန်
ခုန်ခဲ့တာပေါ့ဒီနေ့တော့ကလေးကိုအံ့ဩစေတဲ့အရာ
လုပ်ပေးမို့ လနတ်သားကိုအကူအညီတောင်းပြီး
ပထုတ်ခိုင်းခဲ့ခြင်း အခုလောက်ဆိုကလေး
ဝမ်းနည်းနေမှာသိပေမဲ့ နောက်ပြီးရင်ကလေးကို
ပျော်ရွှင်စရာကိစ္စတွေပဲဖန်တီးပေးပါ့မယ်

The white dragon  and his crown princeWhere stories live. Discover now