Episode 2 ✓

1.9K 234 168
                                    

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

“OMG I'm totally gay for you”

ကိုးလ်နှုတ်ကထွက်ကျလာတဲ့ စကားသံနှင့်အတူ ‌ဆိုင်ထဲထွက်ပေါ်လာသည့် သီချင်းသံကြောင့် ကိုးလ်ပြောလိုက်သည့်စကားအား မည်သူမှသတိမထားမိလိုက်ချေ။

“ဒယ်ဒီ ယူကိုကို မဆူပါနဲ့နော်”

ဂရီဖင်လ်ရင်ခွင်ထဲကနေ အသနားခံသလို မျက်နှာလေးဖြင့် ပြောလာသည့် ယူကိုကြောင့် ကိုးလ်မှာ မျက်မှောင်ကြီးကြုတ်လို့။ ပုံမှန်ဆို ယူကိုဘက်က သူ့ကိုဒီလိုမျက်နှာဘေးမျိုးနဲ့ ပြောဖို့နေနေသာသာ သူ့ကိုတောင် ပြဿနာပြန်ရှာတဲ့ဟာလေး မဟုတ်လား။ အခုမှ အားကိုးရှိလို့ တမင်လုပ်ပြနေတာ။

မသိရင်သူကပဲ ကလေးကို နှိပ်စက်နေတာလိုလိုနဲ့။ ခွေးသား။ မဟုတ်သေးဘူး။ ခွေးသားလို့ဆဲရင် သူပါခွေးကြီးဖြစ်သွားမှာပေါ့။ ကောင်းရောကွာ။

“ဒီမှာထိုင်လို့ရတယ်”

အခုချိန်ထိ မတ်တပ်ရပ်နေဆဲဖြစ်သည့် ကိုးလ်အား ဒန်တီတစ်ယောက် ထိုင်လို့ရကြောင်း အသိပေးဟန် ပြောလိုက်တော့မှ ကိုးလ်တစ်ယောက် ခုံအားဆွဲပြီး ဂရီဖင်လ်တို့ဝိုင်းမှာ ဝင်ထိုင်လေရဲ့။

ဂရီဖင်လ်ကတော့ ကြောက်နေသည့် ပုံစံပြနေသည့် ယူကိုအား ပွေ့ချီကာ ပေါင်ပေါ်တင်ထားလိုက်ပြီး ခုံထက်ဝင်ထိုင်လေရဲ့။

“ယူကို မင်းမပြောမဆိုနဲ့ ဘယ်ရောက်သွားတာလဲ”

“ယူကိုပြောတယ်လေ ‌ဗိုက်ဆာနေပါပြီလို့ ဒယ်ဒီကအဲ့ဂိမ်းပဲဆော့နေတာ ယူကို ကိုမှဂရုမစိုက်ပဲ”

“ခဏလေးပဲ စောင့်ခိုင်းတာလေ ဒီပွဲနိုင်ရင် မင်းလိုချင်တဲ့ ဖိနပ်ဝယ်ပေးမှာလေ”

သူ့ဘက်ကပိတ်ပြောလိုက်တော့လည်း ဟိုဟာလေးက ပါးစပ်ပေါက်ကို ပိတ်နေရော။ သူ့ကိုဘာမှပြန်မပြောတဲ့အပြင် ကြည့်တောင်မလာတော့။ အမယ် လောလောလတ်လတ်မှ သူသဘောကျသွားတဲ့ သူ့လူကြီးကိုများဖက်ထားလိုက်တာ မသိရင် သူ့အဖေကျလို့။

ဒီတစ်ခါတော့ မင်းကိုအားကျတယ်ယူကိုရေ။ မင်းနေရာမှာငါသာဖြစ်လိုက်ချင်တယ်။

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now