Episode 8 ✓

664 73 39
                                    

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

“ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ဘူးလား”

လက်ထဲကဖိုင်တွေအား ကြမ်းပြင်ထက်ပြစ်ချလိုက်ပြီး ဆိုလာတဲ့ ဖင်လ်။ ဖင်လ်ရှေ့၌ ရပ်နေသည့် ကောင်မလေးမှာတော့ ကြောက်၍ ဒူးပင်တုန်လေပြီ။ ဖင်လ်က ဝန်ထမ်းတွေအပေါ် အမြဲတမ်း ချိုချိုသာသာနှင့် မိသားစုလို ဆက်ဆံတတ်တဲ့ သူမျိုးဖြစ်တာကြောင့် အခုလိုမျိုး စိတ်ကြမ်းကိုယ်ကြမ်းနှင့် ဒေါသထွက်လွယ်နေသည့် ဖင်လ် ပုံစံအား အားလုံးကြောက်လန့်နေကြလေ၏။

“ဒီလောက်လေးမှ သုံးစားမရရင် မင်းရဲ့အိတ်ကိုယူပြီး ဒီကုမ္မဏီကနေ ထွက်သွားလိုက်တော့”

“ကျွန်မတောင်းပန်ပါတယ် သေချာပြန်ပြင်လိုက်မှာမို့ အလုပ်တော့မထုတ်လိုက်ပါနဲ့ တောင်းပန်ပါတယ်”

“မင်းတောင်းပန်ရုံနဲ့!-”

“ဆရာ စိတ်လျှော့ပါ မင်းလည်းသွားတော့”

ကြားထဲက ဒန်တီဝင်လာတော့မှ ဖင်လ်လည်း ဘာမှဆက်မပြောဖြစ်တော့သလို ကောင်မလေးလည်း အခန်းထဲကနေ ထွက်သွားခွင့်ရလိုက်‌လေရဲ့။

ကောင်မလေး ထွက်သွားတော့ ဒန်တီလည်း ဖင်လ်‌အရှေ့၌ ဝင်ထိုင်ကာ သူ့ဆရာမျက်နှာအား အကဲခတ်‌သလို စိုက်ကြည့်နေလေ၏။ ဒီရက်တွေထဲမှာ သူ့ဆရာက ဘာဖြစ်နေမှန်းမသိ။ အချိန်ပြည့် ဒေါသတွေထွက်နေတတ်ပြီး ဘယ်သူ့နဲ့မှလည်း စကားကောင်းကောင်းမပြောပေ။ အဆိုးဆုံးကတော့ စားချိန် အိပ်ချိန် မမှန်ဘဲ အလုပ်မှာပါ မြင်သမျှ စိတ်တိုင်းမကျ ဖြစ်နေတတ်တာပင်။

“ဆရာ အဆင်ပြေရဲ့လား”

ဒန်တီအမေးကြောင့် ဖင်လ်က ဒန်တီ မျက်နှာအား စိုက်ကြည့်ကာ ။

“ငါမသိဘူး အဆင်ပြေနေတာလား မပြေဘူးလား ဆိုတာ”

ဖင်လ်စကားသည်ရှုပ်သည်။ သို့သော် ဖင်လ်အပေါ် နားလည်ပေးနိုင်ဆုံး ဒန်တီကတော့ ဖင်လ်စိတ်ခံစားချက်တွေအား ကောင်းကောင်းကြီး နားလည်၏။

“ဒီရက်ပိုင်း ဟိုသားအဖကိုလည်း မတွေ့ပါလား အခါတိုင်းဆိုရင် ဆရာဆီ လာလည်နေကြလေ”

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now