Episode 9 ✓

525 60 23
                                    

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

ညကဘယ်အချိန် အိပ်ပျော်သွားသလဲ မသိပေမဲ့ သူနိုးလာတော့ အဒေးအား မတွေ့ရတော့။ ညက သူ့ရင်ခွင်ထဲ ငိုရင်းအိပ်ပျော်သွားတာကြောင့် သူလည်း အဒေးတိုက်ခန်းမှာပဲ အိပ်ဖြစ်ပြီး သူနိုးလာတော့ သူ့ရင်ခွင်ထဲ၌ အဒေးရှိမနေတော့ပေ။

ဒါကြောင့် အိပ်ယာကနေ ထလိုက်ပြီး အခန်းထဲကနေ ထွက်လာတော့ မီးဖိုးဆောင်၌ အလုပ်ရှုပ်နေသည့် အဒေးအား တွေ့လိုက်ရ၏။

ဘယ်လောက်တောင်များ အလုပ်ရှုပ်နေလို့ အင်္ကျီတောင် မဝတ်နိုင်ရတာလဲ။ အောက်ကတော့ ဘောင်းဘီ အပွကြီး ဝတ်ထားပြီး အပေါ်က Apron ကောက်ဝတ်ထားကာ သူ့ကိုနောက်ကျောပေး ချက်နေလိုက်တာများ ဘာတွေ ချက်နေမှန်းတော့မသိ။

အခုမှ သူသေချာကြည့်မိတာ ဒီကောင်လေး Body တော်တော်မိုက်တာပဲ။ နောက်ကျောပြင်ကြီးကလည်း အကျယ်ကြီး။ အရပ်ဆိုတာလည်း သူ့ထက်တော့ ရှည်သလား မရှည်သလား သူသတိမထားမိပေမဲ့ သူ့ထက်တော့ မပုတာသေချာတယ်။ အခုလို အာရုံတစိုက် ဟင်းချက်နေတဲ့ပုံစံကလည်း သူ့နေရာမှာ တခြားသူသာဆိုရင် ကျိန်းသေပေါက် ပြစ်ကြွေမှာ ‌အသေချာပဲ။

“ဟင် ကိုကို နိုးပြီလား Morning”

“အင်း Morning”

နှာခေါင်းထဲ တိုးဝင်နေတဲ့ အနံ့ကြောင့် ဒီကောင်လေး ဘာတွေများ ချက်ထားတာလဲ။

“ကိုကို မနက်စာစားပြီးမှ ပြန်နော်”

“မင်းဘာတွေ လုပ်ထားတာလဲ”

သူ့မေးခွန်းကြောင့် လင်းသွားတဲ့ ဒီကောင်လေး မျက်လုံးတွေ သူအသေချာ မြင်လိုက်ပါသေးတယ်။ သူ့မေးခွန်းမှာ ဘယ်အရာကများ ဒီကောင်လေးကို ပျော်သွားစေတာလဲ။

သူတွေးနေတုန်းမှာ ခုံထက်ရောက်လာတဲ့ မုန့်ပန်းကန်တွေအားကြည့်ပြီး ဒီတစ်ခါ မျက်လုံးအရောင်လင်းရသူမှာ သူသာပင်။

သူတွေးနေတုန်းမှာ ခုံထက်ရောက်လာတဲ့ မုန့်ပန်းကန်တွေအားကြည့်ပြီး ဒီတစ်ခါ မျက်လုံးအရောင်လင်းရသူမှာ သူသာပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now