Episode 10 ✓

586 74 21
                                    

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

“ကိုယ်မူးနေပြီထင်တယ် ဘာလို့ ဒီနှုတ်ခမ်းလေးတွေ သိပ်လှနေရတာလဲ”

အဒေးစကားကို ကောင်မလေးဟာ ဘယ်လောက်တောင် ကြွေသွားသလဲ မသိ။ မျက်နှာတွေ ပန်းနုယောင်သန်းလာကာ အဒေးမျက်ဝန်းတွေအား ကြည့်တောင်မလာတော့ပေ။

“Hey ကိုယ့်ကိုကြည့်ဦးလေကွာ”

“ဟို...မင်းအဲ့ဒီလို ဆက်ပြောနေမယ်ဆိုရင် တို့မင်းကို အတည်ကြွေမိသွားလိမ့်မယ်”

ဒီစကားကိုကြားတော့ သူတို့အား မျက်ဝန်းနက်နက်နှင့် စိုက်ကြည့်နေတဲ့ ဒန်တီအား တစ်ချက်စိုက်ကြည့်ကာ ။

“ဒီတော့ မင်းကိုယ်နဲ့ ဒိတ်ချင်လား”

အဒေး စကားကြောင့် ဒန်တီ မျက်နှာဟာ သိသိသာသာ ပြောင်းလဲလာပြီး ချက်ချင်းဆိုသလို သူ့ဘေးက ကောင်မလေးအား ခါးကနေ ဆွဲကိုင်ကာ ထိုကောင်မလေး၏ လည်ပင်းအား ခပ်ကြမ်းကြမ်းနမ်းတော့၏။

ကိုကို။ ဒါတော့ ကိုကိုလွန်တယ်။

*ခွမ်း!*

လက်ထဲက ဖန်ခွက်အား ကြမ်းပြင်ထက် ပြစ်ချလိုက်တဲ့ အဒေးကြောင့် အားလုံးရဲ့ အကြည့်တွေမှာ အဒေးဆီသာ။

“‌ကိုယ့်ပေါ်က ဆင်းပေးပါ”

တည်တည်ကြည်ကြည် သူ့ပေါ်က ဆင်းခိုင်းတဲ့ အဒေးကြောင့် အဒေးပေါင်ပေါ်က ကောင်မလေးမှာလည်း ကြောက်ကြောက်နှင့် ဆင်းသွားတော့ အဒေးဟာ ချက်ချင်းဆိုသလို Bar ထဲကနေ ထွက်သွားလေရဲ့။

“Tsk!”

ထွက်သွားတဲ့ အဒေးကိုကြည့်ပြီး ဒန်တီလည်း သူ့ဘေးက ကောင်မလေးတွေအား အကုန် မောင်းထုတ်ပြစ်ကာ တစ်ယောက်တည်း ဆက်သောက်နေပြန်၏။

တစ်ဖက်မှာ လမ်းမ‌ထက်လမ်းလျှောက်နေသည့် ကောင်လေးမှာတော့ မျက်နှာထက် မျက်ရည်တွေအပြည့်ဖြင့် တစ်ယောက်တည်း ကလေးလိုငိုကာ လျှောက်သွားနေရှာလေသည်။

သူ့မှာ အရွဲ့တိုက်ချင်စိတ်သာရှိပြီး အတည်ကြီး တခြားသူကိုတော့ စိတ်နဲ့တောင် မပြစ်မှားဖူးပါပေ။ အထူးသဖြင့် သူ့ကိုကိုရှေ့မှာ အဲ့ဒီလို လုပ်ရက်မျိုး လုပ်ဖို့ စိတ်ကူးတောင် မယဉ်ဖူးပေမဲ့ ကိုကိုကတော့ အလွယ်လေး လုပ်ပြနိုင်လေရဲ့။ ဒါသည်လည်း ထူးဆန်းစရာမှမရှိ။ ကိုကိုကသူ့ဆီက အလိုရှိလို့သာ အနားခေါ်ထားတာ။ သူ့ကိုဆို အစကတည်းက ရွံမုန်းနေတာခဲ့မဟုတ်လား။

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now