Episode 7 ✓

713 96 39
                                    

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

ညကသောက်ထားတဲ့ အရှိန်ကြောင့် ဒီမနက်တော့ သူ့ခေါင်းတွေ အတော်လေး ထိုးကိုက်လို့နေလေပြီ။ အိပ်ယာဘေးဘက်က ဖုန်းကိုယူကြည့်လိုက်တော့လည်း မနက် ၈နာရီသာ ရှိသေးတာမို့ ပြန်အိပ်ဖို့ ကြိုးစားချင်ပေမဲ့လည်း ထိုးကိုက်နေတဲ့ခေါင်းကြောင့် သူဆက်မအိပ်ဖြစ်တော့ပေ။

ဒါကြောင့် ရေမိုးချိုးကာ လန်းဆန်းသွားအောင် ပြင်လိုက်တော့သည်။ ရေချိုးနေရင်း တွေးမိသည်မှာ ညကသူ့အား ဘယ်သူလိုက်ပို့သလဲ ဆိုတာကိုပင်။ မူးလာရင် ပေါက်ကရလုပ်တတ်တဲ့ သူ့အကျင့်ကြောင့် ညကဘာတွေဖြစ်ခဲ့သလဲ ဆိုတာလည်း သူမမှတ်မိသလို ညကသူ့အား ဘယ်သူ အိမ်ပြန်လိုက်ပို့ပေးတာလဲ ဆိုတာလည်း သူမမှတ်မိချေ။

ရေချိုးပြီးချိန်မှာတော့ ပေါ့ပေါ့ပါးပါးဖြစ်မည့် တီရှက်အပွကိုသာ ထုတ်ဝတ်လိုက်ပြီး အောက်ပိုင်းကိုတော့ ဘောင်းဘီအတိုကိုသာ အလွယ်ကောက်ဝတ်ထားလိုက်သည်။ နှုံးချိနေတဲ့ ခန္ဓာနှင့် မကြည်မလင် ဖြစ်နေတဲ့ စိတ်ကြောင့် ဝတ်ကောင်းစားကောင်းတွေ ဝတ်ဖို့လည်း သူစိတ်မပါပေ။

အားလုံးပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာချိန်မှာတော့ မသဲမကွဲ ကြားနေရတဲ့ စကားသံတွေကြောင့် ကြည့်ရတာ ညက သူ့အား နစ်ခ်လိုက်ပို့ပေးသည်ထင်။ ဘာကြောင့်လဲဆိုတော့ သူမူးလာတိုင်း နစ်ခ်ကပဲ သူ့အားပြန်ပို့ပေးနေကြ မဟုတ်လား။

“နစ်ခ် မင်းရောက်နေတာ- အယ် ဖင်လ် ယူကို”

သူထင်ထားသလို နစ်ခ်ရှိနေတာမဟုတ်ဘဲ ဖင်လ်နဲ့ယူကိုလေးသာ ဧည့်ခန်းထဲ စကားပြောနေကြတာကြောင့် ကိုးလ် ကြောင်းသွားလေရဲ့။

“ဒယ်ဒီ! ယူကို လွမ်းနေတာ”

ဖင်လ် ပေါင်ပေါ်ကနေ သူ့ဆီပြေးလာသည့် လုံးလုံးကလေးမှာ သူ့အားလွမ်းနေတာပါတဲ့။ သူကရော ဒီလုံးလုံးလေးကို မလွမ်းဘဲနေပါ့လား။ ခဏလေးခွဲရတာတောင် မနေနိုင်တာ။ အရွယ်ရောက်လာလို့ အိမ်ထောင်ကျပြီး သူ့ဆီက ထွက်သွားရင်တော့ သူဖြင့် ရင်ကွဲသေမှာပဲ။

“ဒယ်ဒီက ယူကို့ကို မလွမ်းဘူးလား”

ကိုယ်ပေါ်ရောက်လာတော့ ဆူပုတ်ပုတ်မျက်နှာလေးနဲ့ မေးလာတဲ့ ယူကိုပါလေ။

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now